အခန်း ၄၂

3.7K 398 21
                                    

" အဆင်ပြေရဲ့လား ကလေး ။ "

ဝရံတာ၌ မတ်တပ်ရပ်ကာဖြင့် လမင်းကြီးအား ငေးမောနေရှာသည့် ညိုလေး၏ ခါးအား အနောက်မှ ပွေ့ဖက်လိုက်သည့် မြိုင် ။ ကလေးရှိသော ဗိုက်လုံးလေးကိုပါ အသာပွတ်ပေးမိတော့သည် ။

" ဒီကလေးလေး ရလာတာကို မင်း မပျော်လို့လား ဟင် ။ "

" ဟုတ်တယ် မမမြိုင် ။ ကျွန်မ မပျော်ဘူး ။ ဖြစ်နိုင်ရင် ဒီကလေးကို ဖျက်ချချင်တယ် ။ "

" ဒီလိုတော့ မရူးမိုက်စမ်းပါနဲ့ အချစ်ရယ် ။ "

" မမမြိုင် နဲ့ ကျွန်မ ရဲ့ ကလေးမှမဟုတ်တာ ။ ကျွန်မနဲ့ ကိုကိုမြင့် ရဲ့ ကလေး ။ ကျွန်မ မလိုချင်ဘူး ရှင် ။ "

ထိန်းမရတဲ့ မျက်ရည်ကြည်များကြောင့် ရှိုက်သံများ ပါလာကာ မောဟိုက်မိသည် ။ ကိုမြင့်မောင် နဲ့ ရလာတဲ့ ကလေးဖြစ်လို့ စိတ်မကောင်းဖြစ်နေသည်ဟု ထင်မှတ်နေသည့် မြိုင် ။ တယုတယ ပွေ့ဖက်စွာဖြင့် နှစ်သိမ့်မှု ပြုမိတော့ပြီ ။

" ဒီည ကြယ်တွေစုံနေတယ်နော် ။ မင်းနဲ့တို့ နေ့တိုင်း နေ့တိုင်း ဒီကြယ်တွေကို ရေတွက်ကြမယ်နော် ။ "

" မမမြိုင် ယုံလား ။ ကြယ်ကြွေရင် ဆုတောင်းပြုတယ် ဆိုတာကိုလေ ။ "

" တို့အတွက် ဘာဆုမှ မပြည့်ခဲ့ပါဘူး ။ ကြယ်ဆိုတာကလည်း ကျောက်ခဲတစ်လုံးပဲလေ ။ ဒီကျောက်တုံး ကျောက်ခဲတွေကို ငေးကြည့်နေရတာက လှတယ် ။ ဆုတောင်းပြည့်ရအောင် ဖန်ဆင်းရှင်မှ မဟုတ်တာကွယ် ။ "

" မမမြိုင် ဆုတောင်းဖူးလားဟင် ။ "

" အင်း အလေးအနက်ကို ဆုတောင်းဖူးတယ် ။ ကိုမြင့်မောင် ပြန်ချစ်လာဖို့အတွက် ။ အရင်လို ကိုမြင့်မောင် ပြန်ဖြစ်လာဖို့အတွက် ။ မပြည့်ခဲ့ဘူးလေ ။

ဒါတွေကို မပြည့်ချင်တော့ပါဘူး ။ အခုအချိန်မှာ တို့အချစ်က မင်းပဲ ။ မင်းပဲ ရှိတော့တယ် အချစ်ကလေးရဲ့ ။

ဒါပေမယ့်လည်း မင်းကို တို့အပိုင်ဖြစ်လာဖို့ ဆုတောင်းမယ် ။ "

" ကျွန်မက မမမြိုင်အပိုင် ဖြစ်လာဖို့ ဆုတောင်းမယ် ဟုတ်လား ။ "

" ဟုတ်တယ် ။ တို့တစ်ယောက်တည်းပိုင်တဲ့ ပန်းတစ်ပွင့် ဖြစ်စေချင်တယ် ။ တို့ လောဘကြီးနေပြီ မဟုတ်လား ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now