Ch-1.3

4.4K 455 2
                                    

အခန်း ၁.၃

ရှောင်းယိုနဥ်က အခန်းကန့်ထားသော တံခါးကို မီးရှို့လိုက်သည်။ သူ့မက လက်ကို ထပ်ပြီး မြှောက်လိုက်ကာ ထွက်သွားပြီး အခြားအခန်းကို မီးရှို့လိုက်သည်။ သူမ ပြန်လှည့်လိုက်ပြီး အခန်းအတွင်းဘက်သို့ လှမ်းကြည့်ကာ ဝရုန်းသုန်းကား အိမ်ပြင်ထွက်ပြေးလာသော လူအုပ်ကို ပြုံးပြီးကြည့်နေသည်။

ကြက်သွေးရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး မီးတောက်များကြားတွင် မတ်တပ်ရပ်နေသော သူမသည် အနှိုင်းမဲ့ လှပနေပေသည်။ သူမ၏ မျက်လုံးထောင့်အောက်တွင် တွဲလောင်းကျနေသော မျက်ရည်စက်ကဲ့သို့ ပုံသဏ္ဍာန်ရှိသော သစ်ကြံပိုးခေါက်မှဲ့သည် ငိုရှိုက်နေသကဲ့သို့ ဝမ်းနည်းနေပုံရသည်။ သို့တိုင်၊ ထိုတောက်ပပြီး လှပသောအသွင်အပြင်နှင့် ဆန့်ကျင်ဘက်မှဲ့၏ ခြားနားမှုသည် ပို၍ပင် လှပပြီး အာရုံခံစားမှုကို ပေးစွမ်းသည်။

လီချင်ကျစ်သည် အဝေးမှ သူမကို ငေးကြည့်ရင်း ရုတ်တရက် သူမကို ပထမဆုံးအကြိမ် တွေ့လိုက်ရသလိုပင် သူ့ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။ ရိုင်းစိုင်းသော်လည်း နူးညံ့ပြီး ချစ်စရာကောင်းသော မိန်းမပျိုလေးသည် သူ့ပတ်ဝန်းကျင်ကို လုံးဝ သတိမထားမိဘဲ စိတ်မပျက်စေရပါ။

"သူ(မ) ရူးနေတာပဲ! သူ(မ) သေချင်နေတာ‌တောင် ငါတို့ကို သူ(မ)နဲ့အတူ ဆွဲခေါ်ချင်နေသေးတယ်။ ဒီငရုပ်လေး!" လီသခင်မသည် ထွက်ပြေးရန် ကြိုးပမ်းရင်း တလှုပ်လှုပ်ဖြင့် တစ်စုံတစ်ယောက်၏ ပံ့ပိုးမှုကို ခံယူနေရသည်။ လှည့်ကြည့်လိုက်တော့ သူ့သားက အဲဒီနေရာကို ကြောင်ပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမက သူ့သားကို လက်ဆွဲပြီး ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။

ဟိုးအရင်တုန်းက လက်ထပ်ဖို့စီစဥ်ထားခဲ့တဲ့ ရှောင်းမိသားစုရဲ့သမီးက လူဆိုးတစ်ယောက်လိုပါပဲလို့ သူမပြောခဲ့ဖူးသည်။

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ သူမသည် အသက်ကြီးသော မျိုးဆက်များ၏ ချစ်ခင်အလိုလိုက်မှုကို အမြဲခံရသည်။ သူမ၏ ဘိုးဘေးများ အားလုံးသည် စစ်မှုထမ်းများဖြစ်ပြီး၊ အမူအကျင့် သင်ကြားရန် မိခင်မရှိဘဲ ကြီးပြင်းလာကာ မြေခွေးကဲ့သို့ ချစ်စရာကောင်းသော မျက်နှာဖြင့်ပင် ကြီးပြင်းလာရသည်... သူမတွင် မည်သို့သော သီလမျိုး မွေးမြူနိုင်မလဲ။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now