Ch-7

2.3K 238 1
                                    

အခန်း ၇

မြို့တံခါးဖွင့်ပြီးနောက် ကျန့်ယင်က မြို့အစောင့်တပ်သားများအား ခရီးသွားလက်မှတ်ကို ပြပြီး မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။

ရှောင်းယိုနဥ်နှင့် ယွမ်ကော်လဲ အော်သံများကြောင့် နိုးလာသည်။ သူတို့၏ ကုန်ပစ္စည်းများကို ကြော်ငြာရန် ကြိုးစားနေသော ဈေးရောင်းသမားများ၏ ဆူညံသံများ သူမနားထဲတွင် ပဲ့တင်ထပ်နေသည်။ သူမသည် မနေ့ညက အဖြစ်အပျက်များကို သတိရပြီး ထိုကဲ့သို့သော စိတ်လှုပ်ရှားမှုကို ကျင့်သားရနေခြင်းမရှိပေ။

"ယွမ်ကော် ငါတို့ ဘယ်ရောက်နေတာလဲ..."

"သခင်မလေး၊ သခင်မလေးရဲ့အသံ!"

သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ထွက်လာသော အသံသည် ပြာအက်အက်ဖြစ်နေပြီး စိတ်မသက်မသာ ဖြစ်နေကာ သူမ၏ လည်ချောင်းသည် အတွင်းဘက်တွင် ခြောက်သွေ့နေကာ ငါးရိုးတစ်ချောင်းဆူးနေကဲ့သို့ နာကျင်နေသည်။ သူမ ပါးစပ်ကိုဖွင့်ပြီး 'အာ' လို့ ထပ်ပြောချင်ပေမယ့် ချောင်းဆိုးသွားသည်။

ယွမ်ကော်က လက်ကိုဆန့်ပြီး သူမနဖူးကို လာထိကပ်ထားရင်း အံ့အားသင့်သွားကာ "သခင်မလေး၊ သခင်မလေးမှာ အဖျားရှိနေတယ်! သခင်မလေးရဲ့ ခြေထောက်ကရော ဒဏ်ရာရနေတာ မဟုတ်ဘူးလား"

ရှောင်းယိုနဥ်သည် ယွမ်ကော်၏ကူညီဖြင့် ရထားပေါ်မှ ဆင်းလိုက်သောအခါတွင် သူမတွင် ခွန်အားလုံးဝမရှိတော့ဘဲ လေပေါ်တက်နေသလို ခံစားရသည်။ သူမ၏ ခြေချင်းဝတ်မှာ ဒဏ်ရာရရှိနေဆဲဖြစ်ပြီး မြေပြင်ပေါ်နင်းမိလိုက်လျှင် နာကျင်မှုသည် အလွန်ပြင်းထန်သဖြင့် သူမ၏ခွန်အားကို အသုံးမချနိုင်ဘဲ ရှေ့ကို လဲကျသွားခဲ့ရသည်။

ယပ်တောင်၏လက်ကိုင်သည် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ရှေ့ကို ဖြတ်သွားကာ သူမကို တွန်းအားတစ်ခုဖြင့် ပြန်ထိန်းပေးလိုက်သည်။

ရှောင်းယိုနဥ် မော့ကြည့်လိုက်တော့ ယဲ့ရှန်းက အနားမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

သူက အလင်းရောင်ကို မျက်နှာမူထားပြီး သူ့တစ်ကိုယ်လုံးကို ရွှေအိုရောင်ဖျော့ဖျော့အလွှာဖြင့် ဖုံးလွှမ်းထားသည်။ ပင့်တင်ထားသောမျက်ခုံးသည် ဓားနှင့်ဆင်တူပြီး မျက်ခုံးမွှေးများကြားမှ မက်မွန်ပွင့်သဏ္ဍန် ချစ်စရာကောင်းသော မျက်လုံးတစ်စုံက စူးရှစွာ ထွက်‌ပေါ်နေသည်။ အနူးညံ့ဆုံးအလင်းရောင်တောင်မှ သူ့အအေးဓာတ်ကို မခွဲခွာချ နိုင်ဘူး။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now