Ch- 13

1.9K 226 1
                                    

အခန်း ၁၃

လီသခင်မကို သူမ၏ခင်ပွန်းဖြစ်သူက နှစ်ကြိမ်တိုင်တိုင် တိုက်တွန်းခဲ့သည်။ သို့သော် သူမက အလွန်စိတ်တိုနေသဖြင့် ထိုနေရာတွင်ပင် သွေးအန်လုနီးပါးဖြစ်ကာ တကိုယ်လုံးမှာ ဆန်ပြာနေသော ဆန်ကောကဲ့သို့ ယိမ်းထိုးတုန်လှုပ်နေသည်။

ရှောင်းယိုနဥ်က တံခါးဘောင်ကို မှီနေတုန်းပင်။ သူမကို အမြဲတမ်း ပစ်မှတ်ထားနေတဲ့ မကောင်းဆိုးဝါးမကြီးကို သူမ ဂရုဏာ မသက်မိပါ။ သူမက မျက်ခုံးကို ပင့်ထားတယ်၊ အခု ဒီပွဲကိုကြည့်ဖို့ အချိန်ရောက်ပြီ။

သို့သော် လီမိသားစု၏ ရောက်ရှိလာမှုက သူမ မျှော်လင့်ထားသည်ထက် စောလွန်းနေခဲ့သည်။ သူမက ချင်ဖုန်းတာအိုဘုရားကျောင်းတွင် သူမ ရှိနေသည် ဟူသော သတင်းကို ဖြန့်စေခဲ့ပြီး ရှောင်းဒုတိယသခင်ကြီးက သူမထံရောက်လာကာ သူမကို ရှောင်းမိသားစု၏ဒုတိယအိမ်တော်ခွဲသို့ ပြန်ခေါ်စေရန် အစီအစဥ်ချခဲ့သည်။

ရှောင်းမိသားစု၏ ဒုတိယအိမ်တော်ခွဲသို့ သူမ ရောက်ရှိမှသာ သူမ၏ ဒုတိယဦးလေး သို့မဟုတ် အခြားသူတစ်ဦးက သူမကို ဆန့်ကျင်ရန် ကြံစည်နေခြင်းရှိမရှိ သိရှိနိုင်မည်။ နောက်ဆုံးတော့ သူမဖြေရှင်းဖို့ လိုအပ်နေတဲ့ အာဃာတတွေနဲ့ မကျေနပ်မှုတွေ ရှိနေသေးသည်။

ယနေ့တွင် လီမိသားစု ရောက်ရှိလာခြင်းကို မတော်တဆမှုတစ်ခုဟု ယူဆနိုင်သော်လည်း လီသခင်မ၏ အကြည့်သည် သူမအား ကျေနပ်မှု မရအောင် တားဆီးနိုင်ခဲ့သည်။

"လီသခင်ကြီး... သခင်ကြီးရဲ့ ဇနီးကို တတ်နိုင်သမျှ အမြန်ဆုံး အိမ်ပြန်ခေါ်သွားတာက ပိုကောင်းပါတယ်... မဟုတ်ရင် ဒီမှာ သွေးအန်ပြီး ထွက်မသွားနိုင်တော့လောက်ဘူး၊ မဟုတ်ရင်လဲ ကျွန်မက မာနကြီးပြီး မောက်မာတယ်ဆိုတဲ့ စကားတွေ ပျံ့နှံ့သွားလိမ့်မယ်။ ကျွန်မက ကူကယ်ရာမဲ့ မိန်းကလေးတစ်ယောက်ပါ အဲဒါမျိုးတွေကို ရှင်းလင်းအောင် မဖြေရှင်းနိုင်ပါဘူး"

ရှောင်းယိုနဥ်က လီသခင်မ ပြိုလဲလုနီးဖြစ်နေသည့်ပုံစံကို လုံလောက်စွာမြင်တွေ့ခဲ့ရသောကြောင့် အခြားသူ၏ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့ရန် ဦးစွာပြောခဲ့သည်။ ဤအရာက သူမ၏ ကန့်သတ်ချက် နီးပါးဖြစ်လာသဖြင့် လီသခင်မက သူမ မေ့လဲကျသင့်သလား မလဲကျသည်လားကိုပင် မသိခဲ့တော့ပေ။ သူမက ဒေါသကြောင့် သေရတော့မည်ပင်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now