Ch- 54.1

1.3K 163 5
                                    

အခန်း ၅၄ အပိုင်း ၁

လီမိသားစု ထွက်သွားပြီး ရှောင်းယိုနဥ်က ပျင်းရိစွာ သမ်းဝေနေစဥ် တစ်စုံတစ်ဦးက ပဉ္စမသခင်လေးဟု ခေါ်သော အသံကို ကြားလိုက်ရသည်။

သူမ အလျင်အမြန် မတ်တပ်ထရပ်လိုက်ပြီး သူမ၏ ၀တ်စုံကို သေသပ်အောင်လုပ်လိုက်ပြီး အလွန်ဂုဏ်သိက္ခာရှိသောပုံ ပေါ်လွင်လာအောင် ပြန်ပြင်ဆင်လိုက်သည်။ ခုနက အိမ်ရှေ့မှာ ကြိုးဆွဲချပြီး သွေးအန်ခါနီးဖြစ်နေတဲ့ သူမရဲ့ ပုံပန်းသဏ္ဍာန်ကို မတွေ့ရတော့ဘူး။

ယဲ့ရှန်းက နဂိုထဲက ဘာပဲဖြစ်ဖြစ် လာဖို့ စီစဉ်နေတာကြောင့် အမြန်ရောက်လာခဲ့သည်။ သူ့အစ်မက ထပ်ပြီး ဒုက္ခရှာနေတာကြောင့် သူရောက်လာတာကို မကြေညာချင်တော့ဘူး။

ကလေးမလေးက ပိုးဖြူကြိုးကို ပစ်တင်လိုက်တဲ့အချိန်မှာထဲက သူ ရောက်လာခဲ့သည်။ သူမ ဟန်ဆောင်နေမှန်း သူ သိသော်လည်း သူ့နှလုံးသားက သည်းမခံနိုင်ပေ။

ထို့အပြင် သူမ၏ ပါးစပ်မှ အနီရောင်တောက်တောက် အရည်များ စိမ့်ထွက်နေသည်။

"မင်း ဘာတွေ မျိုချလိုက်တာလဲ" သူမဆီကို အမြန်လျှောက်သွားတာကြောင့် သူ့အဝတ်အစားတွေက သူ့ခြေဖဝါးနားမှာ လွင့်နေသည်။ သူ့လက်ကို မြှောက်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်စွန်းကို သုတ်ပေးလိုက်သည်။

သူမ နှုတ်ခမ်းမှာ အနီရောင်ပြဒါးရိုင်း အနည်းငယ် ရှိနေသေးမှန်း သူ မသိခဲ့ဘူး။ သူမ သူ့မျက်လုံးများအောက်တွင် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူမ နောက်ပြန်ဆုတ်ကာ သူ့လက်ချောင်းများကို ရှောင်လိုက်သည်။ "ရပါတယ်၊ အဲဒါက အနီရောင်ပြဒါးရိုင်းပါ"

သူမရှေ့မှ မျက်နှာက အေးစက်သွားသည်။ သူက အခြားသူများကို လျစ်လျူရှုပြီး သူမကို အလိုလိုက်လေ့ရှိသော်လည်း ယခုအချိန်တွင် သူ့၏ချောမောသောမျက်နှာကို ကြည့်ရသည်မှာ ကြောက်စရာကောင်းနေသည်။

"ကျွန်မ အဆင်ပြေပါတယ်" ရှောင်းယိုနဥ်က သူ ဒေါသထွက်နေပုံရတာကို မြင်ပြီး သူမ အပြစ်ရှိသလို ခံစားရတာကြောင့် အမြန် ရှင်းပြလိုက်သည်။ "အဲဒါကို သေချာ ထွေးထုတ်ပြီးပြီ၊ ကိုက်ထားတုန်းကလည်း တံတွေးတောင် မျိုမချခဲ့ဘူး၊ ပါးစပ်လဲ ဆေး​ပြီး​ပြီ."

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now