Ch-8.1

2.1K 223 1
                                    

အခန်း ၈ အပိုင်း ၁

ရှောင်းယိုနဥ်၏ဖျားနာမှုက အပြင်းအထန် ဖြစ်လာသည်။ ဆေးဆရာက အပ်စိုက်ကာ ကုသမှုပေးပြီးနောက်တွင် သူမ ဖျက်ခနဲ နိုးလာသည်။ အလွန်အမင်းဖျားနာမှုကြောင့် မူးဝေနေပြီး မျက်လုံးထောင့်များ နီရဲနေခဲ့သည်။

ပထမဆေးဆရာညွှန်ကြားသည့်ဆေးသည် ကောင်းစွာကျိုချက်ထားပြီးဖြစ်သည်။ ယွမ်ကော်က သူမကို ထိုင်နိုင်ရန် ကူညီပေးရင်း ဆေးကို သေချာဝင်အောင် တိုက်ကျွေးခဲ့သည်။

"သခင်မလေး၊ သခင်မလေး မြန်မြန်ပြန်ကောင်းလာရမယ်။ သခင်ကြီးနဲ့ အမွေဆက်ခံသူအကြောင်း သတင်းတွေ စုံစမ်းဖို့ လိုနေသေးတယ်လေ"

ပုံမှန်အားဖြင့် ကြမ်းတမ်းသော အစေခံသည် သူမစကားပြောတိုင်း ငိုနေကာ သူမ၏ပါးပေါ်တွင် မျက်ရည်များ စီးကျနေသည်။

ရှောင်းယိုနဥ်က သူမကြောက်သည်ကို သိသည်။

သူမတို့ကြုံတွေ့ရတဲ့ ဒုက္ခတွေက ရက်အတော်ကြာတာတောင်မှ ခရီးတစ်လျှောက်လုံး အဆက်မပြတ် လိုက်ပါ နေခဲ့သည်။ အရင်တုန်းက သူမလုပ်ခဲ့တဲ့ အခက်ခဲဆုံးအရာက မြင်းစီးတာဖြစ်ပေမယ့် အခုအချိန်မှာတော့ သူမဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေပြီး အသက်ရှူတိုင်း နာကျင်နေခဲ့သည်။

မနေ့က ဒုတိယအိမ်တော်ခွဲရဲ့ သက်တော်စောင့်တွေက သူမကို အပြင်းထန်ဆုံး ထိုးနှက်ခဲ့ပြီး သူမရဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ အမူအရာလည်း ကြေမွသွားတဲ့အတွက် ပုံမှန်အတိုင်း သူမ ဖျားတော့သည်။

"မကြာခင် ငါ နေကောင်းလာမှာပါ" သူမက ပျော့ညံ့စွာ ပြုံးနေသော်လည်း သူမ၏ မျက်လုံးများက ရှုံးနိမ့်မှုကို လုံးဝ ဝန်မခံချင်ပေ။

ဒါက မကြာမီ ပြန်ကောင်းနိုင်တဲ့ ရောဂါသေးသေးလေးတစ်ခုမျှသာ ဖြစ်ပါတယ်။

သို့သော် ရှောင်းယိုနဥ်က သူမ၏ ခေါင်းမာမှုကြောင့် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မသိခဲ့ဘဲ သူမသည် ဆေးသောက်ပြီးနောက် ယခင်ကထက် အဖျားပိုများလာပြီး အိပ်ပျော်သွားပြန်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now