Ch -36.1

1.3K 155 2
                                    

အခန်း ၃၆ အပိုင်း ၁

"စတုတ္ထအဆင့်မင်းသမီးရဲ့မင်္ဂလာပွဲအတွက် စတုတ္ထအဆင့်မင်းသမီးကို ဂုဏ်ပြုပါတယ်"

အကြီးဆုံးမင်းသမီးအိမ်တော်တွင်၊ ဘဏ္ဍာစိုးများက မင်းသမီးဟွေ့ကျင့်ကို ဂုဏ်ပြုနေကြသည်။

လီသခင်မက နောက်နေ့က ကောင်းသောနေ့ဖြစ်မည်ဟု ဖြေကြားခဲ့ပြီးနောက် မနက်ဖြန်မှာ မင်္ဂလာဆောင်မယ့်ရက်ကို သတ်မှတ်ဖို့ မင်္ဂလာလက်ဆောင်တွေ သွားပေးဖို့ စီစဉ်နေကြသည်။

ဟွေ့ကျင့်က သူမအမေဘေးတွင် မတ်မတ်ထိုင်နေကာ ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောနေသည်။ သူမ ခေါင်းငုံ့လိုက်သောအခါတွင် သူမ လည်ပင်းတွင် နာကျင်ကိုက်ခဲနေသေးသော်လည်း ထိုက်တန်သည်ဟု သူမက ထင်နေခဲ့သည်!

သူမသည် အမှန်တကယ်ပင် ကြိုးဆွဲချလုနီးပါးဖြစ်နေသော်လည်း နောက်ဆုံးတွင် သူမက မိမိလိုချင်သောခင်ပွန်းကို ရွေးချယ်နိုင်သောကြောင့် အရေးမကြီးတော့ပါ။

"ကောင်းပြီ၊ အိမ်ထောင့်တိုင်းကို သန့်ရှင်းရေးလုပ်ပါ။ မနက်ဖြန် ဧည့်သည်တွေကို ဧည့်ဝတ်ကျေပွန်ဖို့ လိုတယ်။ မပြောသင့်တာကို မကြားရစေနဲ့ ဒါမှမဟုတ်ရင် မင်းတို့တွေ မင်းတို့ရဲ့အရေပြားကိုပဲ မြင်ရမယ်!" အကြီးဆုံးမင်းသမီးက သူမ၏မျက်နှာပေါ်တွင် ရွှင်လန်းမှု တစ်စွန်းတစတောင် မရှိခဲ့ဘဲ သူမ၏တင်းကြပ်သောအကြည့်များက အခန်းတစ်ဝိုက်ရှိ ဘဏ္ဍာစိုးများကို ဝေ့ဝိုက်ကြည့်ရှူနေသည်။

ဘဏ္ဍာစိုးများက သူမ၏အကြည့်စူးစူးများကြောင့် ထိတ်လန့်သွားကြသည်။ အားလုံးက လေးလေးစားစားနဲ့ ကတိသစ္စာပြုပြီး ပြန်ဖြေကြသည်။ သူတို့က ခြံဝင်းကြီးမှ ထွက်လာပြီးနောက် ကျေးကျွန်များကို စုရုံးကာ ဂရုစိုက်ရန် သတိပေးနေသည်။

မိန်းကလေးအစေခံအချို့သည် ခြေထောက်များတုန်ယင်ကာ အားနည်းသွားသည်အထိ အလွန်ကြောက်နေကြသည်။ အကြီးဆုံးမင်းသမီးက သူတို့ရဲ့ အသားအရေများကို မြင်ရမည်ဟု ပြောခဲ့သည်၊ ဒါက တကယ်ကို အသားအရည်ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရင်က အမှားလုပ်ဖူးသူတွေက သွေးတွေ ယိုစီးကျလာသည်အထိ အရေပြားကို အခွာခံကြရသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now