Ch- 17.1

1.6K 180 1
                                    

အခန်း ၁၇ အပိုင်း ၁

အခန်းက အလွန်တိတ်ဆိတ်နေပြီး အပ်တစ်ချောင်းပြုတ်ကျလျှင်ပင် အသံကို ကြားနိုင်သည်။ လူငယ်က သူ့နဖူးကို ကြမ်းပြင်နှင့် ထိထားပြီး သူ့ပတ်ဝန်းကျင်တွင် လေတိုးသံများကို ကြားနေရသည်။

"ချင်ကျစ်! မင်းက ဘာလို့ ဒုက္ခ​ရောက်အောင်လုပ်နေတာလဲ!?" လီသခင်မက အသက်ရှုကြပ်လာပြီး သေမင်းတမန်လို ဖြူဖျော့နေသော မျက်နှာဖြင့် မတ်တပ်ထရပ်ကာ သူမသားကို ဆွဲထူရန် လက်လှမ်းလိုက်သည်။

ဆယ်ကျော်သက်လူငယ်က ခေါင်းမာသော အကျင့်စရိုက်ရှိပြီး သူမ ဆွဲထူနေပေမယ့် မလှုပ်မယှက် နေနေခဲ့သည်။ သူက အမြစ်စွဲသောအပင်အိုကြီးလိုဖြစ်နေပြီး သူ့ဒူးများက အသွေးအသားမရှိသကဲသို့ ကျောက်အုတ်များနှင့် တသားထဲကပ်နေသည်။

လီသခင်ကြီးက သူ့ဇနီးကဲ့သို့ စိတ်ရှုပ်မခံနိုင်ပေ။ သူက ခေါင်းကို နောက်လှည့်ကာ ခဏလောက် စိုက်ကြည့်ပြီး "မင်း ဒါကို သေချာစဉ်းစားပြီးပြီလား"ဟု အသံနက်ကြီးဖြင့် မေးလိုက်သည်။

"ကျွန်တော် သေချာပါတယ်!" လီချင်ကျစ်က ခဏမျှ မစဉ်းစားဘဲ အမြန်ပြန်ပြောလိုက်သည်။

အဲဒီနေ့က သူ့အမေက သူ့ရှေ့မှာ ငိုပြီး ဒူးထောက်ထိုင်နေခဲ့သည်။ ရှောင်းယိုနဥ်က လီမိသားစုကို ထိခိုက်စေနိုင်ပြီး လီမိသားစုက အပြစ်သားတွေဖြစ်မလာသင့်ဘူးလို့ သူ့အမေကပြောခဲ့သည်။

အဲ့အချိန်တုန်းက သူက အမှန်တကယ် ပျော့ညံ့ပြီး ကြောက်လန့်နေခဲ့သည်။ မှုန်ကုပ်ကုပ်နဲ့ သူ့အမေကို တားပြီး ပြန်ထစေခဲ့သည်။

သူက မိသားစုမှာ အငယ်ဆုံးသားဖြစ်ပြီး သူရဲ့အကြီးဆုံးအစ်ကိုက အင်ပါယာစာမေးပွဲမှာ အောင်မြင်မှုရခဲ့တာကြောင့် ကျော်ကြားသည်။ အကြီးဆုံးအစ်ကိုက တော်ဝင်ကျောင်းတော်မှာ အကြီးတန်းအရာရှိတစ်ဦးအဖြစ် အမှုထမ်းနေပြီး သူ့အဖေနဲ့ အစ်ကိုကြီးက ပိုရင်းနှီးပြီး အမြဲစကားပြောလေ့ရှိပေမယ့် သူ့အမေက သူ့ကိုသာ မျက်နှာသာပေးခဲ့သည်။ သူ့အရည်အချင်းတွေက အလယ်အလတ်လောက်ပဲရှိတာတောင် သူ့အမေက သူ့လက်ဖဝါးကိုသာ ဆုပ်ကိုင်ထားခဲ့သည်။ သူ့အမေက သူ့ကို တောင်းပန်တာနဲ့ သူ ပထမဆုံး တွေးရမိတာက သူ သူ့အမေကို အပြစ်တင်လို့ မရဘူး။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now