Ch-52.2

1.3K 164 2
                                    

အခန်း ၅၂ အပိုင်း ၂

အကြီးဆုံးသခင်လေးယဲ့က ထိုနေရာတွင် ရပ်နေပြီး သူပြန်မလှည့်နိုင်မီ အချိန်အတိုင်းအတာတစ်ခုအထိ ရပ်နေမိသည်။ သူ ပြန်လည့်ကာ လမ်းလျှောက်ဝင်ရင်း သူ့မျက်နှာက ခရမ်းရောင်ရင့်ရင့် ဖြစ်လာသည်။ အိမ်ပြန်လာတဲ့ သူ့ညီလေးက ကြီးပြင်းလာပြီလို့ သူ ခံစားမိပြီး သူ့မိန်းမနဲ့ မရင်းနှီးတော့ဘူးလို့ နားလည်လိုက်တာမို့ မကျေမနပ်ဖြစ်သွားသည်။

အကြီးဆုံးသခင်မယဲ့ကတော့ ယဲ့မိသားစု၏ ညီအစ်ကိုများ အဘယ်ကြောင့် တဖြည်းဖြည်း ဝေးကွာလာရသည်ကို ရှင်းရှင်းလင်းလင်း သိနေသည်။ သူမက လက်ထဲမှ ဖရဲစေ့များကို ဖြန့်ချလိုက်ပြီး "သခင်လေး၊ သခင်ကြီးက အသက်ကြီးပြီမို့ တခါတရံ စိတ်ရှုပ်နေတတ်တယ်။ ပဉ္စမမောင်အငယ်ဆုံးကလည်း လမစေ့ဘဲ မွေးဖွားခဲ့ပြီး သေဆုံးလုနီးပါးဖြစ်ခဲ့တယ်လေ၊ ဒါပေမယ့် အခု သူက လုံခြုံပြီး ကျန်းမာနေပြီ၊ သူက မိသားစုရဲ့စည်းစိမ်ကို ကာကွယ်ပေးနေပေမယ့် တာအို ဘုရားကျောင်းမှာ ပဉ္စမမောင်အငယ်ဆုံးအတွက် ဆုတောင်းပေးနေတဲ့ သူ့အမေကို မှားနေတယ်လို့ သခင်ကြီးက ထင်မြင်နေသေးတယ်၊ သူ ဘာကြောင့် ပဉ္စမမောင်အငယ်ဆုံးကို စိတ်ပျက်စရာကောင်လို့ ခေါ်နေသေးတာလဲ"

"မင်း.... ဒီမိန်းမ.... မင်း ဘာတွေပြောနေတာလဲ၊ လူတွေက မင်းပြောတာကို ကြားသွားနိုင်တယ်" သခင်လေးယဲ့က သူမကို ပါးစပ်ပိတ်ဖို့ ချက်ခြင်းပြောခဲ့ပေမယ့် သူ့မိန်းမ ဘာကိုဆိုလိုတယ်ဆိုတာ သူသိပြီးသားပါ။

ဟုတ်တယ်၊ သူတို့အဖေက အသက်ကြီးပြီ။

သူအသက်ကြီးနေပြီမို့ သူ့မှာ စိတ်ရှုပ်ထွေးစရာတွေ ရှိဖို့ မလိုတော့ဘူး။ ဒါပေမယ့် သူ့သားတွေက သူ့ကို လွန်ခဲ့တဲ့ဆယ်စုနှစ်တွေထဲက ပြစ်ထားခဲ့တယ်။

အကြီးဆုံးသခင်လေးယဲ့တွင်လည်း သူ့ကိုယ်ပိုင် အတွေးနှင့် ဆုံးဖြတ်ချက်များရှိသည်။ ထို့နောက် သူ့ညီအငယ်ဆုံးအတွက် ပွဲကျင်းပရန် မီးဖိုချောင်ကို အမိန့်ပေးခဲ့သည်။

ယဲ့ရှန်းက သူ့အမေထံ အလည်လာခဲ့သည်။ သခင်မကြီးရဲ့ မျက်နှာပေါ်က အပြုံးက လုံးဝကို မပျက်တော့ဘူး။ သူမကို မုန်တိုင်း၏အစွန်းသို့ တွန်းပို့သည့်အရာတစ်ခုကို သူပြောခဲ့တာတောင်မှ သူမက သူ၏တစ်ကယ့်ကို ရိုင်းစိုင်းမှုရှိသော လုပ်ရပ်များကို ပျော်ရွှင်စွာ ရယ်မောနေသေးသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now