Ch-5.1

2.6K 247 1
                                    

အခန်း ၅ အပိုင်း ၁

ရှောင်းယိုနဥ်နှင့် သူမ၏အဖွဲ့သည် ဒုက္ခသည်များ၏ အာရုံစူးစိုက်မှုမှ လွတ်လာပြီး မကြာမီပင် ကောင်းကင်က မှောင်မိုက်သွားသည်။ နေဝင်ချိန်၏ ရောင်စုံအလင်းတန်းများက မိုးကုပ်စက်ဝိုင်းတစ်ခုလုံးကို လွှမ်းခြုံထားပြီး လုံးဝ နီရဲနေသည်။ ပျော့ပျောင်းသော အလင်းရောင်သည် ရေထဲမှ လှိုင်းလုံးများကဲ့သို့ ရထားလုံးထဲသို့ ဝင်ရောက်လာကာ တလျှပ်လျှပ်ဖြစ်နေသည်။

ယွမ်ကော်က အပြင်ဘက်သို့ကြည့်ရန် ကန့်လန့်ကာကို မြှောက်လိုက်သည်။ ခပ်လှမ်းလှမ်းတွင် မီးဖိုချောင်ခေါင်းတိုင်မှ မီးခိုးငွေ့များ ထွက်လာသည်ကို သူမ မြင်လိုက်ရသည်။ သူမမြင်လိုက်ရတဲ့ အာရုံစူးစိုက်မှုအဆင့်အရ ရွာတစ်ရွာဖြစ်ရမည်ပင်။ သို့ပေမယ့်၊ အသိုက်သို့ပြန်ရန် ကောင်းကင်ပေါ်တွင် ပျံသန်းနေသော ပင်ပန်းနွမ်းနယ်နေသောငှက်တစ်ကောင်မှလွဲ၍ လူသားများ နေထိုင်သော အရိပ်အယောင်များကို သူမ မမြင်ရပေ။

ကန့်လန့်ကာကို ပြန်ချလိုက်ပြီးတော့ ယွမ်ကော်က ရှောင်းယိုနဥ်ဆီသို့ ဦးညွှတ်ပြီး စကားပြောလိုက်သည်။ "သခင်မလေး ၊ ဒီနားမှာ နားနေစခန်း မရှိဘူး"

ရှောင်းယိုနဥ်သည် တလျှောက်လုံး အတွေးများထဲတွင် နှစ်ဝင်နေခဲ့ပြီး သူမ၏ အစေခံပြောသည်ကို ကြားသောအခါ ဖြည်းညှင်းစွာ တုံ့ပြန်ရန် ပါးစပ်ကိုဖွင့်ကာ "အား" ဟုသာ ဖြေလိုက်သည်။ ကန့်လန့်ကာကို အဆောတလျင် ရုတ်သိမ်းပြီး လှမ်းကြည့်လိုက်တော့ သူမ နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

လမ်းခရီးတွင် ဒုက္ခသည်များ ဖြတ်သန်းလာခြင်းသည် ပုံမှန်ဖြစ်ပြီး သူမသည် ထိုအတွက် ရင်ဆိုင်နိုင်ရန် သူမကိုယ်သူမ ပြင်ဆင်ထားခဲ့သည်။ ဒါပေမယ့် အခုမှပဲ ရှဲ့ လို့အမည်ရတဲ့ သက်တော်စောင့်ကြောင့် သူမကို တွေးတောစေခဲ့သည်။

မြို့ထဲမှာ သူတောင်းစားတစ်ယောက်ကို မြင်ရင် ချမ်းသာတဲ့သူတွေက သူတို့ကို ကူညီဖို့ ကြေးပြားတစ်ပြားလောက်ပေးလေ့ရှိကြသည်။ ဒါပေမယ့် ဒီဒုက္ခသည်တွေက သူတောင်းစားတွေ မဟုတ်သလို လူတစ်ဦး၊ နှစ်ဦး မဟုတ်ဘဲ တစ်ဖွဲ့အနေနဲ့ သွားလာနေကြခြင်းဖြစ်သည်။၊ ဒီလူတွေကို ယာယီ ကယ်ဆယ်ရေး လုပ်နိုင်ရင်တောင် အရင်က သူတို့ ဖြတ်သွားခဲ့တဲ့ နေရာတွေလို ရွာတွေ တည်းခိုခန်းတွေ မရှိဘူး၊ ဒါကြောင့် ပိုက်ဆံ ပေးရင်လည်း သူတို့ သုံးစရာ နေရာ မရှိပါဘူး။ ထို့အပြင် ထိုလူများသည် ၎င်းတို့၏ စိတ်ခံစားမှုကြောင့် တုန်လှုပ်နေကြသည်။ ရထားလုံးကို မြင်လိုက်ရင် သူတို့ ချက်ချင်း ပြေးတက်လာနိုင်ပြီး ပရမ်းပတာ အလယ်မှာ အန္တရာယ် တစ်ခုခု ဖြစ်သွားနိုင်ခြေ ရှိသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now