Ch -28.5

1.3K 131 2
                                    

အခန်း ၂၈ အပိုင်း ၅

ကျန့်ယင်က နန်းတော်သို့ပြန်မောင်းရန် လှည်းပေါ်တွင် ပြန်ထိုင်နေပြီဖြစ်သည်။ တိုက်ခိုက်သူများက သူတို့နောက်ကွယ်တွင် မည်သူရှိသည်ကို သိရှိလာသောအခါတွင် အဆိုပါ တိုက်ခိုက်သူများသည် နောက်တစ်ကြိမ် ပေါ်လာရန် မဝံ့ရဲကြပေ။ ဒါပေမယ့် အခြေအနေအရ နန်းတော်ကို လွတ်အောင် အရင်ပြန်သွားတာ ပိုကောင်းသည်။

ထို့ကြောင့် သူတို့ အမြန်ပြန်သွားကြသည်။ ယဲ့ရှန်းက ခြံမြေပိုင်ဆိုင်မှု စာရွက်စာတမ်းကို သိမ်းလိုက်ပြီး ထုံးစံအတိုင်း ဧကရာဇ်မင်းမြတ်အား တွေ့ရန် အရင်သွားခဲ့သည်။

ဧကရာဇ်က သူလိုချင်တာကို မရဘူး။ သေချာတာကတော့ သူ ဒေါသထွက်နေပြန်သည်။ ချမ်ချင်းနန်းတော်ရှိ လူတိုင်းသည် ဆောင်းဦးပေါက်ပုဇဥ်းရင်ကွဲများကဲ့သို့ တုန်လှုပ်နေကြသည်။ ယဲ့ရှန်းကသာ သူ့အမူအရာ ပြောင်းလဲခြင်းမရှိဘဲ ဂရုတစိုက် ပြန်ထွက်သွားသည်။

ကျန့်ယင်က ကျောက်စိမ်းဖြူ လှေကားအောက်တွင် စောင့်ဆိုင်းနေခဲ့ပြီး သူ ထွက်လာသည်ကို မြင်သောအခါ သူ့နောက်မှ အမြန်လိုက်သွားခဲ့သည်။

ယဲ့ရှန်းက "ချင်ဖုန်းတာအိုဘုရားကျောင်းကို သွားမယ်"

ကျန့်ယင်က "အိုးးးးး" လို့ပြောပြီး စိုးရိမ်တကြီးနဲ့ "ပဉ္စမသခင်လေး ဘာလို့ နန်းတော်ထဲကနေ ထွက်ချင်ရတာလဲ။ အဲဒီတိုက်ခိုက်သူတွေ..."

"အရေးမကြီးပါဘူး၊ ကြွက်တွေက ကြွက်တွေပဲ၊ သူတို့က ငါ့ကို တွင်းထဲကနေ လှမ်းသတ်နိုင်မှာလား ငါ့နောက်ကွယ်ကနေ လိုက်နိုင်တဲ့ စွမ်းရည် သူတို့မှာ မရှိဘူး"

"ဒါပေမယ့် ချင်ဖုန်း တာအို ဘုရားကျောင်းမှာ သခင်လေး ဘာလုပ်မှာလဲ"

ကျန့်ယင်က သူ့ကို ထပ်ပြီး ဆွဲဆောင်ချင်ပေမယ့် ယဲ့ရှန်းက မတုံ့ပြန်ခဲ့ဘူး။ သူက သူ၏ လျစ်လျူရှုသော ကျောပြင်ကို မြင်စေခဲ့သည်။ အစေခံနှင့် အစောင့်တစ်ဦးအနေဖြင့် ကျန့်ယင်က အခြား ဘာများ လုပ်ဆောင်နိုင်မလဲ။ ဒီနားမလည်နိုင်တဲ့ အေးစက်တဲ့သခင်ကို လိုက်လျောဖို့ သူ့အသက်ကို စွန့်စားရုံပဲ တက်နိုင်ခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now