Ch-42.1

1.3K 157 4
                                    

အခန်း ၄၂ အပိုင်း ၁

လှေပေါ်ရှိ ညမြင်ကွင်းက ထူးခြားလှပသည်။ လှေက မြစ်ကမ်းတွင် ဆိုက်ကပ်ပြီး ဆီမီးထွန်းထားသည်။ မျက်စိဖြင့်မြင်ရသလောက် ပိုးစုန်းကြူးအုပ်စုငယ်များ ဝိုင်းဖွဲ့ကစားနေသည့် ကြည်နူးဖွယ်မြင်ကွင်းတစ်ခုရှိနေသည်။

ရှောင်းယိုနဥ်က ညစာစားပြီးနောက် ကျယ်ပြန့်သော ပြတင်းပေါက်ရှေ့တွင် မှီပြီး ထိုင်နေခဲ့သည်။ ညလေက သူမ၏ ပြေကျနေသော ဆံပင်အချို့ကို တိုက်ခတ်ပြီး နဖူးပေါ်သို့ ပြုတ်ကျသွားစေသည်။ ယွမ်ကော်က သူမ အအေးမိမည်ကို စိုးရိမ်သဖြင့် ကြိမ်ဖန်များစွာ သတိပေးနေခဲ့သည်။

ယွမ်ကော်၏ ငြီးတွားသံက မအောင်မြင်ခဲ့ပေ။ မျက်နှာဝိုင်းလေးနဲ့ အစေခံက နှုတ်ခမ်းစူကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။

ယဲ့ရှန်းက နောက်ဆုံးတွင် သူ၏အလုပ်များကို ပြီးမြောက်ခဲ့သည်။ သူက သူ့လက်ကောက်ဝတ်ကို စက်ဝိုင်းပုံလှည့်ရင်း မတ်တပ်ရပ်လိုက်သည်။ သူက ဘေးနားရှိ ၀တ်ရုံကို ကောက်ကိုင်လိုက်ပြီး သူမ၏ ပုခုံးထက်တွင် ခြုံပေးလိုက်သည်။

"လှလား?"

သူလည်း ပြတင်းပေါက်နားမှာ ရပ်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ မြစ်ကမ်းစပ်တွင် လရောင်က လင်းလက်တောက်ပနေပြီး ကြည်လင်ဖြူစင်သော အလင်းရောင်များ ထွက်ပေါ်လာသည်။

"အဲဒါက လှတယ်" ရှောင်းယိုနဥ်၏ မျက်လုံးများက မြစ်ပေါ်သို့ စိုက်ကြည့်နေဆဲဖြစ်ပြီး ထိုမျက်လုံးလေးများထဲတွင် အလင်းရောင်က တောက်ပနေသည်။

ယဲ့ရှန်းက ခေါင်းကို လှည့်ကြည့်လိုက်တော့ သူမရဲ့ လှပတဲ့ အသွင်အပြင်ကို မြင်လိုက်ရပြီး သူမက ဒီရှုခင်းထက် အများကြီး ပိုလှတယ်လို့ တွေးနေမိသည်။

လူနှစ်ယောက်......တစ်ယောက်က ထိုင်နေပြီး တစ်ယောက်က မတ်တပ်ရပ်နေကာ တစ်ယောက်က ရှုခင်းကြည့်နေပြီး ၊ တယောက်က အလှအပကို ခံစားနေသည်။

ဒုတိယရှီးချန်အချိန်တွင် (ည ၉နာရီနှင့် ၁၁နာရီကြား)၊ ရှောင်းယိုနဥ်က နောက်ဆုံးတွင် အကန့်ကန့်ထားသော နေရာလေးမှ ထွက်သွားကာ ရေချိုးရန် သွားခဲ့သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now