Ch -8.2

2K 212 1
                                    

အခန်း ၈ အပိုင်း ၂

အိပ်ပျော်နေသော ရှောင်းယိုနဥ်က သူမ ဆုပ်ကိုင်ထားသော လက်ကို ရုတ်တရက် ဆုံးရှုံးသွားပြီး နောက်တစ်ကြိမ် ထပ်ဖမ်းရန် ကြိုးစားသော်လည်း လေကိုသာ ဆုပ်ကိုင်ထားမိလိုက်သည်။ ယွမ်ကော်က သူမ၏ကုတင်ဘေးသို့ လျှောက်သွားခဲ့ပြီး သူမကိုင်ဆောင်လာသော အင်တုံကို အမြန်ချကာ သူမသခင်မလေး၏လက်ကို လှမ်းဆွဲလိုက်သည်။

"သခင်မလေး!"

ယွမ်ကော်သည် သူမလက်ကို ကိုင်လိုက်သောအခါ ရှောင်းယိုနဥ်သည် လုံခြုံမှုကို တွေ့ရှိသွားပုံရပြီး ထိုလက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လွှတ်မပေးဘဲ သူမ၏စိတ်မငြိမ်မသက်ဖြစ်ကာ ညည်းညူခြင်းအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

ယဲ့ရှန်းက ယွမ်ကော်ကို ကြည့်လိုက်ပြီး ခန်းဆီးကိုဖြတ်ပြီး အခန်းအနောက်ဘက်သို့ ထွက်သွားခဲ့သည် ။

နာရီဝက်လောက်ကြာတော့ ကျန့်ယင်က ဆေးဆရာသုံးယောက်ကို ခေါ်လာသည်။ ခရိုင်မြို့တွင်းရှိ ဆေးဆရာအားလုံးကို သူ ပင့်ခဲ့သည်။

ထိုဆေးဆရာ သုံးယောက်ထဲတွင် ပထမအကြိမ် ဆေးပေးသူလည်း ပြန်ပါလာသည်။ သုံးယောက်သား ကုတင်ဘေးနားတွင် စုရုံးနေကြသည်။ အသက်အရွယ် အားလုံးကို ပေါင်းထည့်ရင် သူတို့အသက် အနှစ်တစ်ရာကျော် ရှည်သွားပေမယ့် စောင့်ကြည့်တော့လဲ တစ်ယောက်မှ အဖြေရှာလို့ မရဘူး။

"တကယ်တောင်းပန်ပါတယ်။ ငါ့မှာ အဲဒီဆေးစာပဲရှိတယ်၊ အဲဒါက အမှန်ကန်ဆုံး ရောဂါရှာဖွေမှုပဲ"

ပထမဆုံး ရောက်ရှိခဲ့သော ဆေးဆရာက လက်ခုပ်အုပ်ကာ အလေးပြုပြီး လက်လျော့သွားခဲ့သည်။

တခြားလူနှစ်ယောက်က သူတို့မှာ ဘာနည်းလမ်းမှ မရှိဘူးဆိုပြီး အပြိုင်ပြောပြီး တပြိုင်တည်း ထွက်သွားကြသည်။

ကျန့်ယင်က သူတို့လမ်းကို ပိတ်ဆို့တားချင်ပေမယ့် မတက်နိုင်တာမို့ သူ့မျက်နှာက တော်တော်ဆိုးသွားတယ်။ သူက ယဲ့ရှန်းကို ကူကယ်ရာမဲ့ပြောခဲ့သည်၊ "ဒါက ခရိုင်လေးတစ်ခုဖြစ်ပြီး ဒီလူလေးယောက်ကသာ ကုသခြင်းအတက်ပညာမှာ အကောင်းဆုံးပါ။ သူတို့အားလုံး ဒီရောဂါကို ကုသဖို့ ဆန္ဒမရှိကြသလို တခြားဘယ်သူမှ မလာဝံ့တော့မှာကို ကျွန်တော် ကြောက်တယ်။"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now