Ch -64.1

1.5K 166 8
                                    

အခန်း ၆၄ အပိုင်း ၁

ချမ်ချင်း နန်းတော်ထဲက ပြန်ထွက်လာတဲ့အထိ ရှောင်းယိုနဥ်ရဲ့ စိတ်က အပြည့်အဝ ပြန် မကောင်းမွန်နိုင်ခဲ့ဘူး။ နန်းတော်မှ ထွက်ခွာလာစဉ် သူမကို ယဲ့ရှန်းက ကူတွဲပေးထားရသည်။ သူမကိုယ်သူမ ပြန်မေးမိနေတာက "ဘာလို့ ဒီလောက်ကြောက်နေတာလဲ"

ယဲ့ရှန်းက သူမ အရမ်း ထိတ်လန့်သွားမှာကို စိုးရိမ်နေသည်။ သူမ၏ ချစ်စဖွယ်စကားသံလေးကို ကြားလိုက်ရသောအခါ သူ ကြည်နူးမိသွားသည်။ သူက သူမလက်ကိုဆွဲထားရင်းမှ သူမရဲ့မျက်ခုံးအလယ်နေရာလေးကို ညင်သာစွာ ပုတ်လိုက်သည်။ "ပြန်ကြစို့"

သူမ ရုတ်​တရက် အသိဝင်ပြီး စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားသည်​။ သူမက သူမရဲ့မျက်ခုံးကို ဖုံးအုပ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ "ရှင် ဘာလုပ်​တာလဲ...ဘာလို့ ကျွန်မကို ထပ်ရိုက်နေပြန်တာလဲ"

ယဲ့ရှန်းက စိတ်မဆိုးပဲ ပြုံးနေပြီး သူမလက်ကို ပိုတင်းတင်းဆုပ်ကိုင်လိုက်သည်။ "နဥ်အာ၊ အဲဒါက ကောင်းတာလား ဆိုးတာလား"

"ကောင်းတာ" ရှောင်းယိုနဥ်က လုံးဝမစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ ထိုစကားပြောပြီးနောက်တွင် သူမ စိတ်ရှုပ်နေပြန်သည်။ "ဒါပေမယ့်လည်း မကောင်းဘူး၊ အမေ့ဘက်မှာ... အမေကိုပြောမယ့် သူများတွေနဲ့ ပါးစပ်တွေကို ကြောက်တယ်၊ အမေက အသက်ကြီးမှ သူများတွေပြောတာကို ခံရတော့မယ်"

သူမရဲ့ မျက်ခုံးမွှေးတွေက တကယ်ကို ကွေးကျနေသည်။ ယဲ့ရှန်းက အံ့သြသွားပြီး "ဒါပဲလား?"

"နောက်ထပ် ဘာရှိသေးလဲ" သူမ ထူးထူးဆန်းဆန်း ခံစားရသော်လည်း သူ ပြောချင်တာကို နားလည်သွားသည်။ "အမေ့အပေါ် ကျွန်မရဲ့ထင်မြင်ယူဆချက် ပြောင်းလဲသွားမယ်လို့ ရှင်ထင်နေတာလား"

ယဲ့ရှန်းက သူမခေါင်းကို နောက်တစ်ကြိမ် ပုတ်လိုက်ပြန်သည်။ "မဟုတ်ပါဘူး၊ မင်းက ဘယ်လိုလူလဲဆိုတာ ကိုယ်သိပါတယ်၊ ကိုယ့်အမေအကြောင်း မင်းတွေးမယ်လို့ ကိုယ်ဘယ်ထင်ပါ့မလဲ၊ ဒါပေမယ့် ကိုယ်ဆိုလိုတာက မင်း ကိုယ့်ကိုမေးစရာရှိသေးလား"

ရှောင်းယိုနဥ်က ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများတွင် အလင်းရောင် ဖျော့ဖျော့လေး လင်းလက်လာသည်။ "မေးစရာ လိုသေးလို့လား၊ ရှင်က ကျွန်မရဲ့ခင်ပွန်းဖြစ်ပြီး အခု ရှင်က မင်းသားတစ်ပါး ဖြစ်သွားတာလေ၊ မြို့တော်မှာရှိတဲ့သူတွေဆီကနေ ဝေဖန်ခံရနိုင်တာ မှန်ပေမယ့် ကျွန်မ ဝမ်းသာပါတယ်၊ ဘာထပ်မေးရမှာလဲ၊ အစတုန်းက နည်းနည်းတော့ အံ့သြသွားတယ်၊ နည်းနည်းတော့ မယဉ်ကျေးရာရောက်နေတယ်လေ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now