Ch-12.1

1.8K 215 1
                                    

အခန်း ၁၂ အပိုင်း ၁

လီသခင်မက အလွန်စိတ်တိုသွားပြီး အပြင်ဝင်းဆီသို့ အပြေးသွားခဲ့သည်။

လီသခင်ကြီးက စိမ်းစိုနေသော ဝါးပင်ကြီးတစ်ပင်အောက်တွင် လက်ကိုပိုက်ကာ ရပ်နေသည်။ သူက း အနက်ရောင်ဝတ်ထားသောအရာရှိကို အလေးအနက်နဲ့ တစ်ခုခုပြောနေခဲ့သည်။ ယခုအချိန်တွင် လီသခင်မက ဒေါသအလွန်ထွက်နေကာ သူမ၏ ဦးနှောက် ဝေဝါးနေခဲ့သည်။ အပြင်လူများကိုပင် လျစ်လျူရှုမိကာ ရှေ့ခြံသို့ အမြန်အပြေးလာခဲ့သည်။

သူမနောက်မှလိုက်လာသော အစေအပါးများနှင့် မော့မော့တို့သည် သူမ၏အရှိန်အဟုန်အတိုင်း အရှိန်လိုက်မြှင့်ကာ သူတို့ သခင်မအား လှမ်းတားနေကြသည်။

လီသခင်ကြီးက သူမ၏ ဖြူဖျော့နေသော အမူအရာနှင့် လျင်မြန်စွာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် လန့်သွားသည်။ စကားပြောတာကို ရပ်လိုက်ပြီး အရာရှိကို အရင်ထွက်သွားခိုင်းလိုက်သည်။

"သခင်ကြီး! ရှင်က  ဘာလို့ ကျွန်မကို ဒီလိုအရှက်ခွဲရတာလဲ!"

လီသခင်မက သူ့ဆီ အမြန်ပြေးသွားခဲ့သည်။ သူမ၏ စူးစူးရှရှ အသံသည် လီသခင်ကြီးကို မျက်မှောင်ကြုတ်သွားစေသည်။ အနက်ရောင်ဝတ်ရုံနဲ့အရာရှိက လှည့်ကြည့်ရင်း ခပ်မြန်မြန် လျှောက်သွားသည်။

တရားဝင်ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် သူသည် မျက်နှာမကောင်းတော့ဘဲ သူ့မျက်လုံးထောင့်များမှ သူမကို စိုက်ကြည့်နေသည်။ "မင်း သွားစရာ မလိုတော့ဘူး။ မင်းက ကိုယ့်ကိုကိုယ် အရှက်ရစေခဲ့တာပဲ"

ဒီရက်တွေမှာ သူတို့စုံတွဲဟာ အမြဲတမ်း ဒေါသဖြစ်နေခဲ့ကြပြီး ရန်ဖြစ်မှုတွေက သူ့ကို တုန်လှုပ်စေခဲ့သည်။ လီသခင်ကြီးသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောလိုတော့ပေ။

သူက ဒေါသတကြီးနဲ့ တုန်လှုပ်နေတဲ့ သူ၏ ပထမဇနီးဘေးမှ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဖြတ်လျှောက်သွားလိုက်သည်။ ရထားလုံးအဆင်သင့် ဖြစ်မဖြစ်ကို ဘဏ္ဍာစိုးကို မေးနေသည်။

ဘဏ္ဍာစိုးက သူသွားချင်တဲ့နေရာကို အကြမ်းဖျင်းသိသော်လည်း လီသခင်မက ထိုနေရာတွင် နီရဲနေသော မျက်လုံးများဖြင့် ရပ်နေဆဲဖြစ်သည်ကို သူမြင်လိုက်သောအခါတွင် သူသည် ခဏမျှ တုံ့ဆိုင်းသွားသည်။ အဆုံးတွင် သူက သူမဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် လျောက်လာပြီး ခေါင်းငုံ့ကာ တိုးတိုးလေးနဲ့ "သခင်မ ၊သခင်မလဲ သွားကြည့်သင့်တယ်။ သခင်ကြီးက ချင်ဖုန်းတာအိုဘုရားကျောင်းကို သွားဖို့ အမိန့်ပေးလိုက်တာပါ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now