Ch- 65.2

1.5K 159 5
                                    

အခန်း ၆၅ အပိုင်း ၂

ယဲ့ရှန်းက လှေကားထစ်ကို လှမ်းတက်လိုက်ပြီး အဝေးက ခြေသံကို ကြားလိုက်သည်။ သူ နောက်ပြန်ကြည့်လိုက်တော့ အစေခံနှစ်ယောက်ကြားက နေ့စဉ် ရန်ဖြစ်လေ့ရှိသောစကားသံ အနည်းငယ်ကို ကြားလိုက်ရသည်။

သူ မျက်ခုံးပင့်တင်လိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ ရှောင်းယိုနဥ်က ပြုံးပြုံးရွှင်ရွှင်နဲ့ တံခါးဝမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

"ရှင် ပြန်လာပြီ" သူမလက်ကို ဆန့်ထုတ်ပြီး သူ့ကို ကြိုလိုက်သည်။ ယဲ့ရှန်းက ပြုံးပြီး သူမလက်ကို လှမ်းဆွဲဖို့ အလျင်အမြန် လျှောက်လာခဲ့သည်။ "ကိုယ် ပြန်ရောက်ပြီ၊ တံခါးဝမှာ လေထန်နေတယ်"

သူက သူမကို အတွင်းခန်းထဲသို့ ခေါ်သွားခဲ့သည်။ အစေခံအားလုံး ဆုတ်ခွာသွားကြသည်။ သူမက သူ့အဝတ်အစားများကို ကူလဲပေးပြီး မျက်နှာကို သန့်စင်ရန် မျက်နှာသုတ်ပဝါ ပေးလိုက်သည်။ သူမ တစ်ယောက်တည်း အရမ်းအလုပ်များနေခဲ့သည်။

ယဲ့ရှန်းက သူမ အရမ်းအလုပ်များနေတာကို တွေ့လိုက်ရသောအခါ သူ့နှလုံးသားက သူမ၏ တွေးခေါ်မှုနှင့် ဂရုစိုက်မှုတို့ဖြင့် ပြည့်နှက်နေသည်။ "ဒီနေ့ ပင်ပန်းနေပြီလား? အိမ်မှာ သခင်မကြီးတွေ ဘယ်နှစ်ယောက်လောက် ရောက်နေကြတာလဲ"

"အဝေးကနေလာတဲ့ သခင်မကြီးရှုနဲ့ သခင်မကြီးလျှိပဲ ရှိတော့တယ်၊ ကျန်တဲ့သူတွေက အိမ်ပြန်သွားကြပြီ" နောက်ဆုံးအဆင့်ကတော့ သူ့ခါးပတ်ကို ဆန့်ပြီး တင်းကျပ်ဖို့ ကူညီပေးတာပါ။ သို့သော် သူက သူမကို ဖက်ထားခဲ့သည်။

သူက အောက်ကိုငုံ့ကြည့်လိုက်ပြီး သူမဆံပင်ကို နမ်းလိုက်သည်။ "မင်း ရေချိုးပြီးပြီလား"

သူမဆီမှ မွှေးပျံ့သော မွှေးရနံ့များကို ရှုရှိုက်မိလိုက်ပြီး သူ့အကြိုက် အနံ့တစ်ခု ထွက်လာသည်။

သူမ ရှက်ရွံ့ပြီး သူ့ရင်ဘတ်ကို တွန်းလိုက်သည်။ "ချိုးပြီးပြီ၊ ဒါပေမယ့် ရှင် အခု ဘာမှ မလုပ်ရဘူး"

ယဲ့ရှန်းက သဘောတကျရယ်နေပြီး သူမကို စိုက်ကြည့်နေသည်။ "အဲဒါကို ဘယ်သူက လိုချင်နေတာလဲ"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now