Ch- 27.1

1.3K 145 0
                                    

အခန်း ၂၇ အပိုင်း ၁

"ပဉ္စမသခင်၊ ချန်လီက ဒီနေ့ ပျဲ့ယန်လမ်းကိုလာပြီး ရှောင်းမိသားစုရဲ့သခင်မလေး ဆီက သတင်းကို လာ​ပို့​ပေးခဲ့တယ်​လို့ အစေခံတွေဆီက အကြောင်းကြားလာတယ်​။ သခင်လေး ဘယ်အ​ချိန်အားမလဲလို့ သူ(မ)က သိချင်နေတယ်"

ယဲ့ရှန်းက ဖုန့်ချင်းနန်းတော်သို့ ပြန်ရောက်ပြီး ချက်ချင်းရေချိုးခဲ့သည်။ သူရေချိုးရာမှ ထွက်လာသောအခါ ကျန့်ယင်က ဒီကိစ္စကို သတင်းပို့ရင်း သူ့ခါးပတ်ကြိုးကို ချည်ဖို့ ကူညီပေးနေသာည်။

သူတို့က ထောင်ထဲတွင် တစ်နေ့တာကုန်ဆုံးခဲ့ပြီး အခြားကိစ္စများအားလုံးက ဤနေရာတွင် စုပုံနေခဲ့သည်။

မျက်လွှာချထားသော ယဲ့ရှန်း၏ မျက်တောင်များက စိုစွတ်နေသေးပြီး သူ့၏ အေးစက်သော အငွေ့အသက်များ အငွေ့ပျံသွားကာ ဆန့်ကျင်ဘက်အနေဖြင့် သူ့၏မျက်နှာကို ပိုမိုနူးညံ့စေသည်။

"ဘယ်လို ပြန်ဖြေလိုက်လဲ" သူက ကျန့်ယင်ကို ဘေးသို့တွန်းဖယ်ကာ ခါးပတ်ကို သူ့ဘာသူ ချည်လိုက်သည်။ သူက တင်းကျပ်အောင် အေးအေးဆေးဆေး ချည်နေသည်။

"သခင့်အမိန့်မရပဲ ဘယ်သူမှ ပြန်မဖြေရဲပါဘူး"

ကျန့်ယင်က သူ့ကို တွန်းဖယ်ခံလိုက်ရတာနဲ့ ဘေးမှာ ရပ်နေလိုက်သည်။ ကျန့်ယင် သူ့သခင်က စားပွဲရှည်ကြီးတလျှောက် လမ်းလျှောက်သွားပြီး ထိပ်ဘက်ရှိကုလားထိုင်တွင် ထိုင်လိုက်သည်ကို ကျန့်ယင် တွေ့လိုက်ရသည်။ သူ နောက်မှ ခြေလှမ်းအနည်းငယ် လှမ်းကာလိုက်သွားခဲ့သည် ။

(taishi chair လို့တော့ E-Tranမှာ ‌တွေ့တယ် ဘယ်လိုခေါ်ရမှန်းမသိလို့ Media မှာ နမူနာပုံလေးထည့်ပေးထားတယ်နော်)

"ဒါဆို တုံ့ပြန်စရာ မလိုတော့ဘူး။ အချိန်ရရင်တော့ မနက်​ဖြန်​ နန်း​တော်​က​နေ ထွက်​ခွာ​မယ်"

ယဲ့ရှန်းက ဒီဆုံးဖြတ်ချက်ကို ချလိုက်တဲ့အခါ သူ ဘာကြောင့် ဒီတွေ့ဆုံမှု့ကို ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့တာလဲဆိုတာ တစ်ခါမှ ပြန်မတွေးခဲ့မိဘူး။ သူ့ပါးစပ်က ဒီစကားလုံးတွေ ထွက်လာတဲ့ နောက်မှာ သူ့ကိုယ်သူ ထူးထူးခြားခြား ပြန်တွေးတောမိပြီး လျှာဖျားနဲ့ တိုးတိုးလေးရေရွက်နေမိသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now