Ch -28.6

1.2K 150 7
                                    

အခန်း ၂၈ အပိုင်း ၆

ရှောင်းသခင်မကြီးက သူ့လက်မောင်းကို သူပြန်ရိုက်ကာ ကျိန်ဆဲနေသည်။

​သူမ ဘယ်​သူ့​ကို ဆူပူကြိမ်းမောင်းချင်နေတယ်ဆိုတာကို အစေခံတွေအားလုံးက သိပေမယ့် ဘယ်​သူ​မှ အသံ​မထွက်ရဲ့​ဘူး။

"အခုကစပြီး သူ(မ)ကို အပြင်မထွက်ဖို့ ပြောပါ" ဆူပူကျိန်ဆဲပြီးနောက် အဘွားကြီးက မျက်လုံးမှိတ်ကာ အေးစက်စက်ဖြင့် အမိန့်ပေးခဲ့သည်။

သူတို့က သူမကို အထဲကို ခေါ်သွင်းခဲ့တာမို့ ပြန်မောင်းမထုတ်နိုင်ပါဘူး။ ဒီအခြေအနေမျိုးတွင် ဖြောင့်မှန်စွာ ပြုမူခြင်း မပြုလျှင် သူတို့သည် လူ မဟုတ်နိုင်တော့ပေ။

သူမကို ခွဲထုတ်ဖို့ နည်းလမ်းတွေ အများကြီး ရှိပြီး လူတွေရဲ့ ထင်မြင်ချက်နဲ့ ပြောစကားတွေ လျော့သွားသောအခါ သူမကို ဘုန်းကြီးကျောင်း သို့မဟုတ် တာအိုဘုရားကျောင်းသို့ ပို့လိုက်မည်။

မိဘမဲ့မိန်းကလေးတစ်ယောက်မှာ ခန်းဝင်ပစ္စည်းတွေရှိနေရင်တောင် ကောင်းကင်ကို မှောက်ချင်သလိုမှောက် လှန်ချင်သလိုလှန် လုပ်နိုင်မှာ မဟုတ်ဘူးလေ။

နောက်တစ်နေ့တွင် မြို့တော်က ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး ရှောင်းယိုနဥ်သည် နောက်တကြိမ် မုန်တိုင်းထဲသို့ တွန်းပို့ခံရပြန်သည်။ လီချင်ကျစ်ရဲ့ ကံကြမ္မာကို စာနာရမလား၊ ညည်းတွားရမလားဆိုတာ လူတွေ မသိကြတော့ဘူး။

လီမိသားစုအိမ်နှင့် အကြီးဆုံးမင်းသမီးစံအိမ်တို့ လက်ထပ်တော့မည်ဟူသော သတင်းက ချင်ဖုန်းတာအို ဘုရားကျောင်းသို့ လျင်မြန်စွာရောက်ရှိလာသည်။ ထိုအချိန်တွင် ယဲ့ရှန်းက သူ့အမေနှင့် နေ့လည်စာစားနေသည်။ ဒီသတင်းကိုကြားတော့ ယဲ့သခင်မကြီးရဲ့မျက်နှာက မကျေနပ်မှုတွေ လုံးဝ အပြည့်ဖြစ်သွားသည်။

"မျှော်လင့်ထားသလိုပဲ၊ သူ(မ)က ဘာကိုမှ ဂရုမစိုက်ဘူးပဲ။ တကယ်ကို အရှက်မရှိတဲ့သူပဲ!" သခင်မကြီးယဲ့က ဒေါသကို မထိန်းနိုင်တော့ဘဲ လက်ဖက်ရည်ခွက်ကို ပေါက်ခွဲလိုက်သည်။ "ငါ သူမကို တကယ် မထိန်းနိုင်တော့ဘူး!"

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now