Ch- 47.1

1.3K 179 1
                                    

အခန်း ၄၇ အပိုင်း ၁

ယဲ့ရှန်းက အမှန်တကယ် တာအိုဘုန်းကြီးမဟုတ်သည့်အတွက် ကံမကောင်းကြောင်း ရှောင်းယိုနဥ်က တွေးနေခဲ့သည်။ သူတို့ တောင်ဓားပြများ၏ပိုင်နက်ထဲသို့ ဖောက်ဝင်ရနိုင်သည်ဟု သူပြောခဲ့သော်လည်း " တောင်ဓားပြများ၏ပိုင်နက်ထဲသို့" ဖောက်ဝင်သော သူ၏အစီအစဥ်များက သူမ အဖေ ချောချောမွေ့မွေ့ တိုက်ခိုက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့သည်။

ညလေညင်းများထဲတွင် သူမ ခေါင်းကို လှည့်ပတ်ကြည့်နေမိသည်။ သူမတို့ တောင်ပေါ်သို့ လမ်းတစ်ဝက်လောက် တက်သွားခဲ့ရသည်။ မီးရှူးတိုင်က တောက်လောင်နေပြီး အမှောင်ထဲတွင် အံ့သြဖွယ် တုန်လှုပ်မှုတစ်ခု ရှိနေသည်ကို တွေ့ရသည်။ ဤနေရာတွင် အမှန်တကယ် တပ်စွဲထားသော စစ်သား ၃၀,၀၀၀ ရှိသည်ကို သူမ တွေ့လိုက်ရသောကြောင့် ဖြစ်နိုင်သည်။

"​အပြင်လေက ​အေး​နေတာ လျောက်ကြည့်မနေ​နဲ့တော့" ယဲ့ရှန်းက သူမဘေးတွင် ရှိနေသည်။ သူက သူမ၏ အောက်ကျောကို လက်ဖဝါးနဲ့ ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူမကို ရှေ့သို့ ခြေတစ်လှမ်းတိုးစေလိုက်သည်။

သူ့ဘေးမှာ သူမအဖေရှိနေသည်။ ရှောင်းယိုနဥ်က သူ့အပြုအမှုကြောင့် ရှက်သွားပြီး လူတိုင်း၏ခြေလှမ်းအတိုင်း မှီအောင်လိုက်လျောက်နေသည်။ ယဲ့ရှန်းက ပျော်ရွှင်သော မျက်လုံးတစ်စုံဖြင့် သူမနောက်တွင် ရှိနေသည်ကို သူမ မသိတော့ပါ။

သူတို့သည် စခန်းချသည့်နေရာသို့ ရောက်ရန် လမ်းတစ်ဝက်သာရှိသေးသည်။ နဥ်ယွမ်မှူးမတ်က သူ့သမီးလေး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်နေတဲ့ အသံကိုကြားပြီး သူမကို ချီခေါ်သွားစေချင်လားလို့ မေးချင်နေသည်။ ဒါပေမယ့် အဲ့အချိန်မှာ သူ့တို့ဆီကို ပြေးလာတဲ့ ခြေသံတွေကို ကြားလိုက်ရပြီး ၎င်းမှာ နဥ်ယွမ်မှူးမတ်၏သား ရှောင်းချီယဲ့ ဖြစ်သည်။ သူက သူတို့ကို တွေ့ဆုံရန် တောက်လျှောက်ပြေးလာနေပြီး မီးရှူးတိုင်အောက်မှ သူတို့ကိုတွေ့သောအခါ "နဥ်နဥ်း!" ဟု အော်လိုက်သည်။

ရှောင်းယိုနဥ်က အဲ့ဒိအသံကိုကြားလိုက်ရတော့ လန့်သွားသည်။ သူမရှေ့မှာ ပြုံးနေတဲ့ လူငယ်တစ်ယောက် ပေါ်လာသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now