"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"

5.6K 288 47
                                    

ကြိုပြီး ပြောပြချင်တာလေး တစ်ခု ရှိလို့ပါနော်။
ဆန်းလေးတို့ကို sec ပြန်လုပ်ပေးမယ်လို့ ပြောထားတာ ကြာပြီ ဆိုတာ သိတဲ့သူတွေလဲ သိကြမှာပါ။

ပြောချင်တာလေးက “သဏ္ဍာန်” နဲ့ “သဏ္ဌာန်” ကိစ္စပါ။

ဒီ ficလေးကို စရေးခဲ့တုန်းက စာ‌လုံးပေါင်း သတ်ပုံတွေအတွက် appတစ်ခုကို ကျနော် သုံးခဲ့ပါတယ်။
အောက်မှာ ပုံလေး ပြပေးထားပါတယ်နော်။

အဲ့ဒီ appနဲ့ စာလုံးပေါင်း စစ်တဲ့အခါမှာ “သဏ္ဍာန်” လို့ပဲပြပါတယ်။

နောက်ပိုင်း စာအုပ်တွေ ဘာတွေ ထွက်ပြီးတော့မှ ကျနော့်အသိဆရာတွေ ဘာတွေနဲ့ စကားပြောဖြစ်တော့ “သဏ္ဌာန်”က အမှန်လို့ ပြောပါတယ်။

အရင်တုန်းက ထွက်ထားတဲ့ appမှာ “သဏ္ဍာန်”လို့ ပါပြီး နောက်ပိုင်း version တွေမှာ “သဏ္ဌာန်”လို့ပဲ ပါပါတော့တယ်။

အဲ့ဒီ စာလုံးပေါင်းကို ကျနော် ပြင်ရမှာ သိပေမဲ့ အချိန် မရသေးတာကြောင့် ခုထိတိုင် မပြင်ဆင်ဖြစ်ခဲ့သေးပါဘူး။

မိန်းကာရိုက်တာရဲ့ နာမည် ဖြစ်နေတာမို့လို့ ပြင်မယ်ဆိုရင် အစအဆုံး အကုန်ပြန်ပြင်ရမှာပါ။
အချိန်အများကြီး လိုပါတယ်။
ပြီးတော့ Uni Zawgyi နှစ်မျိုးလုံး ‌ပြင်ပေးရမှာဆိုတော့ အစအဆုံး နှစ်ခေါက်လောက် ပြင်ရမှာပါ။

sec ထွက်လာရင်တော့ စာစီသမားကို အကူအညီတောင်းပြီး “သဏ္ဍာန်”နဲ့ “သဏ္ဌာန်”ကို ပြင်ခိုင်းထားပါတယ်။

Wpမှာတော့ ကျနော် ဘယ်လို လုပ်ရမလဲ မသိသေးဘူး။
အစအဆုံးကို ဖြေးဖြေးချင်း ပြင်သွားရင် ကောင်းမလား။
စာပြင်နေတုန်း Ficကို Unထားပြန်ရင်လဲ ဖတ်လက်စ လူတွေက ခုထိ ရှိနေတုန်း ဆိုတော့ အဆင်မပြေ ဖြစ်ကုန်မယ် စိုးတယ်။

တခြား သာသာတွေ လုပ်သလိုမျိုး ပြင်ဆင်ပြီးသားကို သပ်သပ် fic တစ်ခုထပ်ခွဲပြီး Wpမှာ တင်ပေးထားရင် ကောင်းမလား။

ကျနော် စဉ်းစားနေတုန်းပါ။
ကျနော့်ဆီကို အကြံလေးတွေ လာပေးလဲ ရပါတယ်နော်။

‌အဓိက ပြောချင်တာက “သဏ္ဍာန်”နဲ့ “သဏ္ဌာန်” ပြင်မဲ့အကြောင်းရယ်၊
ပြောထားတာ ကြာပြီဖြစ်တဲ့ secလေးက ထွက်လာဖို့ နီးကပ်လာပြီ ဆိုတဲ့အကြောင်းရယ်၊
ပြီးတော့ cv color လေးကို အသစ်အဆန်းလေး လုပ်ထားကြတယ် ဆိုတဲ့ အကြောင်းရယ် ပြောပြချင်တာပါ။
ဪ ပြီးတော့ မိုင်းဆန်းတို့ secမှာ ချစ်စရာကောင်းတာလေးတွေလဲ ပါဝင်ပါလိမ့်မယ်။

သဏ္ဍာန်ဆန်းWhere stories live. Discover now