P_6 (Z)

5.8K 862 4
                                    

Rich kids တို့ရဲ့ ထုံးစံအတိုင်း လုပ်ချင်ရာ လုပ်၍ စိတ်ကြိုက် ပျော်ပါးနိုင်တဲ့ နေရာတစ်ခု ကေတာ့ ရှိကြသည်သာ။ ဒီနေရာက KS group ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက အပန်းဖြေ အိမ်ရာတစ်ခုဖြစ်သည်။ မိုင်းတို့ သူငယ်ချင်းတွေရဲ့ စုရပ်အဖြစ် အသုံးပြုတဲ့ အရပ်အဝန်းတစ်ခု။

ဒီနေရာမှာ သူတို့အတွက် ဘာကိုမွ ဟန်ဆောင် ဖုံးကွယ်နေစရာ မလို။ ပြီးပြည့်စုံတဲ့ image တွေကိုလည်း ခဏမေ့ထားနိုင်၏။ သူတို့ လေးယောက်ကလွဲရင် တျခား ဘယ်သူ့ကိုမှ ခေါ်လာလေ့ မရှိတဲ့ လျှို့ဝှက် ကမ်ဘာငယ်လေးနဲ့ ဆင်တူသည်။

တခါတေလ ဒီမွာ သူတို့ ပါတီပွဲငယ်လေးတွေ လုပ်တတ်သည်။ ပတ်ဝန်းကျင်တွေ လူတွေ နဲ့ အဆင်မပြေမှုတွေ အကြောင်း ပေါက်ကွဲကြသည်။ အိမ်နဲ့ အဆင်မပြေ ဖြစ်လာတိုင်း ဒီမွာ လာနေ တတ်ကြသည်။ ဒီနေရာမှာ သူတို့ရဲ့ အမှောင်ဘက် အခြမ်းကို မှော်ဆရာရဲ့ လှည့်ကွက်တွေ မပါဘဲ မြင်နိုင်၏။

ဒီညကေတာ့ ဝိုင်ပါတီလို့ ပြောရမည်။ နှစ်ချို့ဝိုင်ပုလင်းတွေနဲ့ စားပွဲအပြည့် စားသောက် ဖွယ်ရာများက အလယ်မှာ။ သူငယ်ချင်း လေးယောက်ကတော့ တစ်နေရာစီ ထိုင်နေကြလျက်။

"သူ့နာမည်က သဏ်ဏ်ဏ္ဍာနျဆနျး တဲ့ ..."

ကောင်းသစ်လွင်က စုံစမ်းလို့ ရလာတဲ့ အချက်အလက်တွေအား ပြောပြဖို့ စကား စေန၏။ သူက ဧည့်ခန်းစားပွဲ အနားမွ ဆိုဖာပေါ်တွင် ထိုင်နေတာ ဖြစ်သည်။

"နာမည် အကြောင်းကို ကျော်လိုက် ငါသိပြီးပြီ ..."

မိုင်းက လက်ထဲက ဝိုင်ခွက်ကို တချက် လှုပ်ပြီး မော့သောက်ရင်း ပြောလိုက်၏။ သူကေတာ့ ဧည့်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ တန်ဖိုးကြီး ပန်းချီကား တစ်ချပ် အရှေ့မှာ ရပ်နေလျက်။

"မင်းက ဘယ္လိုသိလဲ ..."

"ဟိုနေ့က ကျောင်းခေါင်မိုး အပေါ်မှာလေ သူ့နာမည်ကို စီနီယာတစ်ယောက် လှမ်းခေါ်လိုက်တာ နင် မကြားဘူးလား ..."

Piano ခုံမှာ ထိုင်နေတဲ့ နီနီသစ်လွင်က လှမ်းပြောလိုက်တာ ဖြစ်သည်။ နီနီက piano တီးနေတာတော့ မဟုတ်။ ဒီနေ့ စိတ်မပါ၍ မတီးပြဘူးလို့ ပြောထားပေမယ့် အဲ့ဒီ့နေရာမှာ ဝိုင်တခွက်နဲ့ သွားတော့ ထိုင်နေပါ၏။

သဏ္ဍာန်ဆန်းWhere stories live. Discover now