thank you all my lovely reader

25.6K 2.8K 177
                                    

(U & Z)

သဏ္ဍာန်ဆန်းလေး ပြီးသွားလေပြီ။
ဇာတ်လမ်းတစ်ခု ရေးပြီးသွားတိုင်း အမြဲ ခံစားရတဲ့ ဖီလင်ကြီးကတော့ ဇာတ်ကောင်တွေကို မခွဲနိုင်တာပါ။
ရင်ထဲဟာတာတာကြီးနဲ့ ကျန်ခဲ့ပါရောလား။

ရေးသမျှထဲမှာ စိတ်အစွဲဆုံး ဖြစ်ခဲ့တဲ့ ဇာတ်ကောင်လေးတွေကို လွမ်းနေရတော့မှာပဲ။

မိုင်း ဆန်းရေ။ ငါ့ရဲ့ ပထမဆုံး Boy love ဇာတ်လမ်းလေးရဲ့ ဇာတ်ကောင်လေးတွေ။
မင်းတို့ကို သိပ်ချစ်မြတ်နိုးရပါတယ်ကွာ။

သဏ္ဍာန်ဆန်း ficလေးကို 2020 July အစပိုင်းမှာ တင်ခဲ့တာပါ။ ကာရိုက်တာ အကြမ်းထည်လေးကို စဉ်းစားမိခဲ့တာတော့ တော်တော်လေး ကြာနေပါပြီ။ အဲ့ဒီ့ထက် လေးငါးခြောက်လ စောပါတယ်။ အစက normal အတွက် စဉ်းစားခဲ့ပေမယ့် နောက်မှ ပြောင်းလဲလိုက်တာပါ။

စပြီး ideaရခဲ့တာက စိတ်ညစ်ညူးနေတဲ့ အချိန်မျိုးမှာ မိုးရွာနေတာကို ထိုင်ငေးကြည့်ခဲ့ဖူးတယ်။
ကောင်းကင်လှလှနဲ့ နေရောင်ဖျော့ဖျော့ ရှိတဲ့ ရာသီဥတုမျိုးကိုလည်း ထိုင်ငေးကြည့်ခဲ့ဖူးတယ်။

အဲ့ဒီ့မှာ တွေးမိတာက ငါတို့သာ ဘာကိုမှ ဂရုမစိုက်ဘဲနဲ့ စိတ်ထဲ ရှိတဲ့အတိုင်း မိုးရွာထဲ လမ်းလျောက်မယ်၊ နေရောင်ခြည်ခံယူမယ်၊ အဲ့ဒီ့လို လုပ်လိုက်ကြမယ်ဆိုရင် အရမ်းကို စိတ်ပေါ့ပါးသွားမလားဆိုတဲ့ အတွေးမျိုးပေါ့။

Fic ရေးတော့မယ်ဆိုမှ ဇာတ်ကောင်ကို သေချာ အသေးစိတ် ပြန်မွေးယူလိုက်တာပါ။ ပြီးတော့မှ ဆီဇာသူရဇ္ဇလို့ ခေါ်တဲ့ မိုင်းရဲ့ ဇာတ်ကောင်က လိုက်လာတာပါ။ ဆန့်ကျင်ဘက် ဇာတ်ကောင်ကို တဖန်မွေးယူလိုက်ခြင်းပါ။
ပြီးမှ ဇာတ်အိမ်ကို ဖန်တီးဖြစ်ပါတယ်။

ပြောချင်တာက ficတစ်ခုလုံးရဲ့ အသက်က သဏ္ဍာန်ဆန်း ကာရိုက်တာက အဓိက မိန်းဖြစ်သွားပါတယ်။ သူ့ကိုတော်တော်များများက ချစ်ကြပါတယ်။ မိုင်းကျတော့ ဆန်းကို သိပ်ချစ်လွန်းတဲ့ ကောင်းလေးအဖြစ် ချစ်ကြတာမျိုးလို့ ထင်မိပါတယ်။

စင်းလုံးချော perfectဖြစ်တဲ့ ဇာတ်လမ်း မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိပါတယ်။ လိုအပ်ချက်လေးတွေ ရှိခဲ့ပါတယ်။
တစ်ခုရေးတိုင်း တစ်ခု သင်ခန်းစာတွေ ရခဲ့တာမို့ တဖြေးဖြေး ဖန်တီးမှုတွေက ပိုပြီးအဆင်ပြေလာမယ်လို့ မျှော်လင့်မိပါတယ်။

သဏ္ဍာန်ဆန်းWhere stories live. Discover now