P_38 (Z)

4.1K 627 0
                                    

အိပ်ယာဝင်၍ အိပ်ရန်ပြင်နေတဲ့ ကောင်းသစ်လွင်ဆီသို့ တစုံတယောက်က ဖုန်းဆက်လာခဲ့ပါသည်။ ကြည့်လိုက်တော့ လင်းရဝေ ဆီကနေ ဖြစ်နေပါ၏။

"အေးပြော ရဝေ ..."

"... ... ... ... ..."

"ဘာ ...ဆန်း ပျောက်သွားလို့ ဟုတ်လား ..."

"... ... ... ... ..."

"မိုင်းက ပြန်လာမလို့လား ..."

"... ... ... ... ..."

"အေး ‌...ငါသိပြီ အခု ငါလာခဲ့မယ် ...နီနီ့ကို ငါရဲစခန်းလွှတ်လိုက်မယ် ..."

ဖုန်းကို အမြန်ချ၍ အဝတ်အစားပင် မလဲလှယ်နိုင်ပါ။ ‌အိမ်နေရင်း အဝတ်အစားနဲ့ပင် ကားသော့ယူ၍ အခန်းထဲကနေ ထွက်လာခဲ့လေသည်။
ပြီးတော့ အစ်မဖြစ်သူ အခန်းရှေ့သွား၍ ...

"ဒေါက်... ဒေါက် ‌..."

"နီနီ ...နီနီ ...အစ်မရေ နီနီ ..."

အခန်းတံခါးကို ဆက်တိုက် ခေါက်ပြီး နာမည်ကို အော်ခေါ်နေမိ၏။ သိပ်မကြာလိုက်ပါ။ နီနီသစ်လွင်က တံခါးလာဖွင့်ပေးလေသည်။ စာကြည့်မျက်မှန်လေးနဲ့ နီနီသစ်လွင်က မအိပ်သေးတဲ့ပုံပင်။

"ဘာလဲ ဘာလို့ ဒီလောက် အော်ခေါ်နေတာလဲဟဲ့ ...ငါ စာလုပ်နေတာ ..."

"အစ်မ ..."

ကောင်းသစ်လွင် အမူအရာက ပျာယာခတ်နေသလိုမျိုး မတည်ငြိမ်ပေ။ လက်ထဲမှာလည်း ဖုန်းနဲ့ ကားသော့နဲ့ အပြင်သွားမယ့် ပုံစံမျိုး။

"ဒီအချိန်ကြီးကျမှ ဒီပုံစံနဲ့ နင်က အပြင်ဘာသွားလုပ်မလို့လဲ ..."

"အခုပဲ ရဝေဆီက ဖုန်းလာတယ် ...မိုင်း သူ့ဆီကို လှမ်းဆက်တာ ...ဆန်း ...သဏ္ဍာန်ဆန်း ပျောက်သွားလို့ ..."

"ဘာ ...ဘာရယ်...ဟဲ့ မထိပ်သာ မလန့်သာဟယ် ...ဘာလို့ ဆန်းက ရုတ်တရက်ကြီး ဘယ်လို ပျောက်သွားတာလဲ ...ဘယ်လိုဖြစ်တာလဲ ..."

"မိုင်းနဲ့ ဖုန်းပြောနေရင်းနဲ့ သူနဲ့ အဆက်အသွယ် မရတော့တာတဲ့ ...အဲ့ဒီ့မတိုင်ခင် လူသုံးယောက်က သူ့ဆီလိုက်လာနေတယ်လို့ ဆန်းက ပြောတယ် ..."

"ဒါဆို အဲ့ဒီ့လူတွေ ခေါ်သွားတာများလား ..."

"မသိသေးဘူး ဖြစ်နိုင်ချေတော့များတယ် ...ဒါမှမဟုတ် သူအဲ့ဒီ့နေရာမှာ ဒဏ်ရာရပြီး ရှိနေနိုင်မလား တခုခုပဲ ...မသေချာဘူး ...အဲ့ဒါ ငါအခု အဲ့ဒီ့နေရာကို လိုက်သွားရမယ် ...ရဝေကတော့ သွားနှင့်နေပြီ ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now