P_19 (U)

43.4K 4.9K 436
                                    

"ဆန်း ...အိပ်ရာနိုးပြီလား ...အနာသက်သာလားဟင် ...ဘယ်လိုနေသေးလဲ ..."

မနက်ပိုင်း သဏ္ဍာန်ဆန်း အိပ်ရာထနေကျ အချိန်မှာ အတိအကျ အခန်းတံခါး လာခေါက်သော မိုင်း။ နိုးပြီဖြစ်ကြောင်း အသံပြု၍ တံခါးလေး ဟပေးမိရုံ ရှိသေးသည်။ သူက အခန်းထဲထိကို ဝင်လာပါရော။ လူကိုတကိုယ်လုံး သိမ်းကြုံးကြည့်ပြီး သက်သာလား သက်သာလား မေးနေတာက အခါတစ်ရာမက။

"ဆန်း ...မင်းမျက်နှာ သစ်တော့မှာမို့လား ...မင်းအတွက် သွားတိုက်ဆေး ငါညှစ်ပေးမယ် ..."

ရေချိုးခန်းထဲထိ လိုက်လာပြီး ဝင်ပါသေးသည်။

"မလိုဘူး‌ ငါ့ဘာသာ လုပ်နိုင်တယ် ...မင်းထွက် ..."

ဆန်း သူ့ကို အတင်းတွန်းထုတ်နေလည်း မရမက သွားတိုက်ဆေးနဲ့ သွားပွတ်တံကို ပြင်သွားပေးသေးသည်။ လက်ကောက်ဝတ် အဆစ်လွဲတာလေးကို လက်ကျိုးသွားလို့ ကျောက်ပတ်တီးကိုင်ထားတယ်များ ထင်မှတ်နေသလားမသိ။ အသေးအဖွဲကအစ လိုက်လုပ်ပေးနေပြန်သည်။

"ဆန်း ...မင်း toilet ဝင်‌နေတာလား ...မင်းလက်နဲ့အဆင်‌ပြေပါ့မလား ...ဘောင်းဘီဇစ်ဖြုတ်ဖို့ ငါကူပေးရဦးမလား ..."

ရေချိုးခန်းနဲ့ toiletကို တွဲထားတဲ့ အခန်းရှေ့မှာ တကြော်ကြော် ခေါ်နေတဲ့ မိုင်းကြောင့် အပေါ့သွားခြင်း ကိစ္စကိုတောင် ဖြောင့်အောင် မလုပ်နိုင်သော သဏ္ဍာန်ဆန်း။

"မင်းဘာဖြစ်နေတာလဲ ဟေ့ကောင်...ငါဒီမှာ ငါ့ကိစ္စကို ဖြောင့်အောင် လုပ်ပါရစေကွာ ...သွားပါတော့ဟ ..."

အသံကုန်အော်ဟစ်ပြီး မောင်းထုတ်နေလည်းပဲ ထွက်မသွားသေးဘဲ ထပ်၍ပြောနေသေးသည်။

"ဆန်း ...ငါမင်းအိပ်ယာတွေ သိမ်းပေးထားတယ်နော် ..."

ဒီလိုမျိုး တစ်ခုပြီး တစ်ခုလုပ်နေပြီး တဆန်းထဲ ဆန်းနေကာ အခန်းထဲမှာ ယောက်ယက်တွေ လာခတ်နေလေရဲ့။

"မင်းအခန်းထဲက ထွက်တော့ ငါအဝတ်အစားလဲမလို့ ..."

အင်္ကျီကို ချွတ်ဖို့ ခါးအနားစကို ကိုင်ထားရင်းနဲ့ ဆန်းပြောလိုက်သည်။ မိုင်းကတော့ နောက်ပြန်လှည့်မသွားတဲ့ အပြင် ရှေ့တိုးလာခဲ့ကာ ...

သဏ္ဍာန်ဆန်းWhere stories live. Discover now