P_27 (U)

38.9K 4.7K 184
                                    

စကားအရသာ Date တယ်လို့ ပြောတာပါ။ တကယ်က ကြည်ကြည်နူးနူး ချစ်ရည်လူးနေတဲ့ စုံတွဲနဲ့တူတဲ့ အပြုအမူဆိုတာ တစ်ခုမှကို မရှိ။ ရုပ်ရှင်ရုံမှာ ကြည့်ဖို့ ဇာတ်ကား ရွေးကြပြန်တော့လည်း သူက ဒါကြိုက်တယ်၊ ငါက ဒါကြိုက်တယ်နဲ့ စကားများရသေးသည်။

မိုင်းက အက်ရှင်ပါတဲ့ ဇာတ်ကားတွေ ကြည့်ချင်ပြီး ဆန်းကတော့ ခပ်အေးအေးနဲ့ ငြိမ့်ငြိမ့်လေး ဆွဲခေါ်သွားတဲ့ ဇာတ်ကားမျိုးတွေကို ကြည့်ချင်သူ။ နောက်ဆုံး မိုင်းကပဲ အကုန်လိုက်လျော ပေးလိုက်ပါသည်။ ဆန်းကြည့်ချင်တဲ့ ဇာတ်ကားကိုသာ ရွေးချယ်လိုက်ပါ၏။
မုန့်ဝယ်တော့လည်း အကြိုက်မတူလို့ တစ်ယောက်တစ်မျိုး လျောက်ဝယ်ရင်း အမယ်ကများသွားသည်။ ရုပ်ရှင်ကြည့်ဖို့ လာတာလား မုန့်စားဖို့လာသလား ဆိုတာတောင် မသဲကွဲတော့။

ရုပ်ရှင်ပြဖို့ အချိန်လိုနေသေးတာမို့ အပြင်က ထိုင်ခုံတွေမှာ ခဏထိုင်စောင့်နေကြတဲ့ နှစ်ယောက်။ bubble tea တစ်ယောက်တစ်ဘူးနဲ့ အရသာခံနေရင်း ဖြတ်သွားဖြတ်လာ လူတွေကို လိုက်ငေး ကြည့်နေမိကြလေသည်။
တချို့လူတွေကလည်း သူတို့ကို ပြန်ငေးသွားကြသည်သာ။ အထူးသဖြင့် မိန်းခလေးတွေပါပဲ။ သူတို့‌အာရုံဟာ ဆီဇာနေရဇ္ဇရဲ့ ဆီမှာ အပြည့်အဝ။
တခြားနေရာမှာ ထိုင်နေကြတဲ့ သူတွေရော ဖြတ်သွားတဲ့သူတွေပါ မကျန်။

ဆီဇာနေရဇ္ဇတို့ကတော့ ခြေချိတ်ထိုင်နေပြီး ထိုင်ခုံနောက်မှီကိုလည်း သက်သောင့်သက်သာ မှီနေလျက်။ လက်တစ်ဖက်က ထိုင်ခုံလက်တန်းပေါ်မှာ တင်ထား၍ လက်ချောင်းတွေကို တတောက်တောက်ခေါက်နေ၏။ နောက်လက်တစ်ဖက်ကတော့ bubble tea ဘူးလေးကို ကိုင်ထားပြီး စုပ်သောက်နေသည်။

သူ့ပုံစံက လုံးဝအေးဆေး။ ဒါပေမယ့် သူနေတတ်သလို နေနေတဲ့ ဒီဇိုင်းကိုက သူများငေးချင်စရာကောင်းလောက်အောင် မိမိုက်နေတာမျိုး။
သူ့လိုလူနဲ့ အတွဲလိုက်ကြီး ထိုင်နေမိတော့ ကိုယ်ပါ အာရုံစိုက်ခံနေရသည်။ လူတွေရဲ့အကြည့်ကို တော်ရုံ ဂရုမစိုက်တတ်သော ဆန်းလိုလူတောင်မှ ခဏခဏ အကြည့်ခံနေရတော့ မနေတတ်တော့ပေ။

ရိုးရိုး အကြည့်ခံရရုံနဲ့ ကိစ္စမရှိ။ အခုဟာက သူတို့ကို အတွဲတွေလို မြင်ပြီး တီးတိုးပြောနေတာတွေပါ ရှိနေတာမျိုး။ ထင်ရင်လည်း ထင်ချင်စရာ။
ဒီမနက် ဆန်းက ရိုးရိုးရှပ်အင်္ကျီ အဖြူလက်ရှည်နဲ့ ဂျင်းဘောင်းဘီရှည်ကို ဝတ်ခဲ့သည်။ ဒါကိုမြင်ပြီး မိုင်းကပါ စတိုင်အတူတူ အရောင်အတူတူ လိုက်ဝတ်လာပြန်သည်။

သဏ္ဍာန်ဆန်းحيث تعيش القصص. اكتشف الآن