P_22 (U)

41.1K 5.2K 271
                                    

တစုံတယောက်ကို ယုံကြည်သက်ဝင်မိခြင်းက ...
ကျွန်တော်တို့ နှလုံးသားထဲကို ချစ်ခြင်းမေတ္တာ ‌စတင် ရောက်ရှိလာဖို့ အစပျိုးလိုက်ခြင်းပါပဲ ...။

**** ***** ***** ***** *****

ညက တစ်ညလုံး မိုင်း သိပ်မအိပ်လိုက်ရဘဲ မှေးခနဲ အိပ်ပျော်သွားမိတာက သန်းခေါင်ကျော်မှ။ နိုးလာတော့ မနက်ဝေလီဝေလင်း မြူတွေလည်း ဆိုင်းလို့ပေါ့။

မိုင်း အိပ်ယာက နိုးလာတော့ ဘေးမှာ သဏ္ဍာန်ဆန်းက မရှိတော့။ ဘယ်အချိန်ထဲက ထထွက်သွားသလဲမသိ‌ပေ။ သူ့ပစ္စည်းတွေလည်း ကျောပိုးအိတ်ထဲမှာ အဆင်သင့် သိမ်းဆည်းထားပြီးလေပြီ။ မိုင်းလည်း မျက်နှာထသစ် သန့်ရှင်းရေး လုပ်ပြီးနောက် ကိုယ့်ပစ္စည်းတွေနဲ့အတူ Tent ကိုပါ သိမ်းဆည်းလိုက်သည်။

ကျန်တဲ့သူတွေလည်း နေထွက်ချိန်ကို စောင့်ရင်းနဲ့ အထုတ်အပိုးတွေ အဆင်သင့်သိမ်းဆည်း နေကြပြီး စခန်းချခဲ့တဲ့ တောင်ပေါ်တဝိုက်ကို အမှိုက်ကောက် သန့်ရှင်းရေး လုပ်ပေးနေကြပါသည်။ သဘာဝတရားကို မြတ်နိုး၍ ခရီးထွက်လာကြသူတွေက သဘာဝတရားရဲ့ အလှကို ပျက်ဆီးစေမယ့် အမှိုက်တွေကိုတော့ မထားခဲ့သင့်ဘူး မဟုတ်လား။

တစ်ခါသုံး လက်အိတ်‌တွေနဲ့ အမှိုက်ကောက်နေကြသော သူ့သူငယ်ချင်း သုံးယောက်အနားကို မိုင်းက လျောက်သွားလိုက်သည်။ သုံးယောက်ကလည်း သူ့ကို မြင်တော့ ...

"နိုးလာပြီလား မိုင်း ..."

"အေး ..."

"မင်းမျက်နှာကလည်း မလန်းလိုက်တာ ...ဘယ်လိုဖြစ်တာလဲ ညက အိပ်ရေးမဝဘူးလား ..."

သူ့မျက်နှာ အခြေအနေက ဒီလောက်ထိတောင် သိသာနေသလားပဲ။

"အင်း ညက တော်တော်နဲ့ အိပ်မပျော်ဘူး ...သန်းခေါင်ကျော်မှ အိပ်ပျော်သွားတာ ..."

ပြောရင်းနဲ့ တစ်ချက်လောက် သန်းဝေနေတဲ့ မိုင်း။

"ဘယ်အိပ်ပျော်မလဲ ...ညက ရင်တခုန်ခုန်နဲ့ ဖြစ်နေလို့ နေမှာပေါ့ ..."

"ဘေးမှာက ကိုယ်ကြိုက်နေတဲ့ တစ်ယောက်က ရှိနေတာကိုး ..."

"မဟုတ်တာလုပ်ချင်တဲ့ စိတ်တွေက ကြီးစိုးနေတော့ အိပ်ပျော်ဖို့ ခက်ခဲနေမှာပေါ့ ...ဟုတ်တယ်မို့လား မိုင်း ...အဟား ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now