P_42 (Z)

5.1K 685 5
                                    

အချစ်ဆိုတာ ဘာလဲလို့ မေးတဲ့အခါ...
ကိုယ်ဖြေမှာက မင်းကိုပါ။

****  *****  *****  *****  *****

နှစ်ရက် သုံးရက်ခန့် ဆေးရုံမှာ နေခဲ့ရပြီးတော့မှ ဆင်းခွင့်ရခဲ့တဲ့ သဏ္ဍာန်ဆန်း။ သူဆေးရုံတက်နေချိန် အတွင်းမှာ သတင်းကြားပြီး ရောက်လာသူတွေက လူစုံတက်စုံပင်။
မြို့တော်ကို မပြန်ကြရသေးတဲ့ လင်းရဝေတို့ သုံးယောက်နဲ့ ကြည်သာကလည်း နေ့တိုင်းရောက်လာကြ၏။ နန်းသွေးနဲ့အတူ ဂေဟာက လူတွေလည်း ရောက်လာခဲ့သည်။ စီနီယာ ကိုစိုင်းတို့ အုပ်စုနဲ့ သုတဟန်သည်လည်း သတင်းမေး ရောက်လာကြပါသည်။
သဏ္ဍာန်ဆန်းရဲ့ interviewတွေကြောင့် သူ့ရဲ့ fanဖြစ်လာတဲ့ ကျောင်းကလူအချို့ရယ်၊ hello interview အဖွဲ့မှ လူတွေရယ်အထိ။ ဆေးရုံမှာလာတွေ့ကြတဲ့ ဧည့်သည်တွေက မပြတ်ခဲ့ပေ။
ရောက်လာကြ သူတိုင်းကလည်း ...

"မင်းတို့ တွဲနေတယ်ဆိုတာ ကောလဟလ သတင်းတွေကြားထဲက တကယ်ဖြစ်‌လောက်တယ်လို့ ထင်ခဲ့သားပဲ ..."

"အရမ်းလိုက်ဖက်တဲ့ အတွဲပါပဲ ...အားပေးနေတယ်နော် ...မင်္ဂလာဆောင်ရင်လည်း ဖိတ်ဦး ..."

"ငါ့ကိုကိုက တကယ်စွံတာပဲ ...ဆီဇာနေရဇ္ဇလိုလူနဲ့တောင် ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတော့ ခစ် ခစ် ..."

"Hello interviewမှာ မင်းတို့ အကြောင်းကို မေးခွန်းလုပ်ပြီး ထည့်သွင်းရမယ် ...ဒီတစ်ခါလည်း နာမည်ကြီးဦးမှာ ..."

"နောက်ဆုံးတော့ ကျွန်တော် ကူညီခဲ့ရကျိုးတော့ နပ်သားပဲနော် စီနီယာသဏ္ဍာန်ဆန်း ...အဟင်း..."

ပြောကြတာတွေက အများကြီးပင်။ တအုပ်စုလာ တခါပြောနဲ့။ သူတို့မှာ မနေတတ်သလိုပင် ဖြစ်နေခဲ့ရ၏။ အကုန်လုံးက ချီးကျူးအားပေးနေကြတာမို့။ ဒါက အမှုအခင်း ဖြစ်ခဲ့တုန်းက မီဒီယာတွေရဲ့ ရိုက်ခတ်မှုတွေကြောင့်ပါပဲ။ သူတို့အကြောင်း အခုဆိုရင် လူအများ သိကုန်ကြလေပြီ။

"ရော့ အဝတ်အစား အသစ်တွေ ငါပြင်ပေးထားတယ် ...မင်းသွားလဲလိုက် ...ငါပစ္စည်းတွေ သိမ်းထားလိုက်မယ် အပြင်မှာ ..."

"အင်း ..."

ဆေးရုံဆင်းဖို့အတွက် မိုင်းနဲ့ ဆန်းတို့ ပြင်ဆင်နေကြတာပါ။ မိုင်းကမ်းပေးတဲ့ အဝတ်အစားတွေကို လှမ်းယူလိုက်ပြီး ဆန်းက Toiletထဲ ဝင်ရန် ပြင်လိုက်လေသည်။

သဏ္ဍာန်ဆန်းWhere stories live. Discover now