P_20 (U)

45.6K 5.2K 317
                                    

မျက်ရည်တွေကိုလည်း မသိချင်နဲ့ ...
နာကျင်မှုတွေကိုလည်း နားမလည်ချင်နဲ့ ...
ရင်ထဲကိုလည်း ဝင်မလာချင်နဲ့ ...
ငါဟာ ဒီလိုမျိုး မင်းကို နှင်ထုတ်လိုက်တယ် ...
မင်းကတော့ အပြုံးမပျက် ချစ်မြဲချစ်လျက် ...။

****  *****  *****  *****  *****

တောင်တန်းတွေ ပေါများလွန်းလှတဲ့ တောင်ပေါ်မြို့လေးဆီသို့အ‌ရောက် သဏ္ဍာန်ဆန်းနဲ့ မိုင်းတို့အုပ်စုက မြို့ထဲဈေးဘက်ကို သွားကြလေသည်။ ကျန်တဲ့ ကျောင်းသား အဖွဲ့တွေကတော့ မြို့ထဲက ဟိုတယ်ရှိရာကို အရင်သွားနှင့်ကြ၏။ အဲ့ဒီ့ဟိုတယ်ကလည်း KS groupအပိုင် ဟိုတယ်လုပ်ငန်းစုတွေထဲက တစ်ခု။ သူတို့ရောက်မလာခင်ထဲက ဟိုတယ်တစ်ခုလုံးကို မိုင်းက ကြိုတင် booking လုပ်ထားပြီးသားပါ။

ကျောင်းသားတွေရဲ့ tripမို့ နာမည်ကြီးဟိုတယ် တစ်ခုလုံးကို အထူး(အထူး)လျော့ဈေးနဲ့ မိုင်းက စီစဉ်ပေးထားပါသေးသည်။ စီနီယာတွေနဲ့ ကျောင်းသားတွေကတော့ ခရီးကို မိုင်းလိုက်ပါလာ၍ အတော်လေး ပျော်ရွှင်နေကြပါသည်။ ကျောင်းအဖွဲ့ရဲ့ ဘတ်ဂျက်က အတော်လေး သက်သာသွားသည် မဟုတ်ပါလား။

ညမိုးချုပ်စ ပြုချိန်လောက် ရောက်တော့မှ ဈေးသွားကြတဲ့ မိုင်းတို့တွေ ပြန်ရောက်လာကြ၏။ စီနီယာတွေက လူစုံအောင် စောင့်နေကြပြီးနောက် ညပိုင်းမှာ ခရီးစဉ်လမ်းကြောင်းနဲ့ စည်းကမ်းချက်တွေကို မီတင်လုပ်၍ ပြောလေသည်။ မီတင်ပြီးနောက် ကျောင်းသားတွေ ကိုယ့်အခန်းကိုယ် ပြန်၍ စောစောအနားယူကြရသည်။ Trekking ခရီးဟာ မနက်အစောကြီးမှာ စတင်မှာ ဖြစ်တာကြောင့်။

"ဘာတွေ ဝယ်လာခဲ့လဲ ..."

ကြည်သာက ဆန်းရဲ့ အထုတ်အပိုးတွေကို ကြည့်ပြီးမေးလိုက်၏။ ဆန်းနဲ့ ကြည်သာက တစ်ခန်း နေရတာပါ။

"ကြည့်ကြည့်လေ ...ဝယ်လာတာကတော့ အစုံပဲ ..."

မိုင်းက လိုအပ်တယ်လို့ ပြောသမျှ ပါးစပ်ကပြောပြီး လက်ကပါကောက်ဝယ် ပစ်လိုက်တာပါ။ ပိုက်ဆံရှင်းတော့လည်း သူပါပဲ။ ဆန်းက အတင်းငြင်းနေလည်း သူ့သဘောအတိုင်းသာ။ ဘေးကနေ ပါလာတဲ့ ဟိုသုံးယောက်ကလည်း ...

သဏ္ဍာန်ဆန်းWhere stories live. Discover now