P_30 (U)

38.7K 4.8K 242
                                    

လွမ်းတယ်ဆိုတာ ချစ်နေမိပြီ ဖြစ်ကြောင်း သွယ်ဝိုက်ခြင်းတမျိုးပဲလေ ...။
ဒါကို မင်းသိသင့်တယ် ...။
ငါက သိပ်လွမ်းနေကြောင်း ပြောပြတဲ့အခါ ...
မင်းကို ချစ်နေပြီလို့ ဝန်ခံခြင်းပဲပေါ့...။

****  *****  *****  *****  *****

"သုတဟန် မင်းငါနဲ့ ခဏလိုက်ခဲ့ ..."

တကူးတက သူ့အခန်းရှေ့ထိ ရောက်လာပြီး ခေါ်နေတဲ့ စီနီယာလင်းရဝေကို ထူးဆန်းစွာ ကြည့်နေမိပါသည်။

"ဘာကိစ္စ ရှိလို့လဲဟင် စီနီယာ ..."

"စကားပြောစရာ ရှိတယ် ...တစ်နေရာမှာ သွားပြောရအောင် ဒီမှာတော့ မဖြစ်ဘူး..."

ဒီစီနီယာနဲ့ သူ့ကြားမှာ ပြောစရာ စကားက ဘာရှိနေနိုင်လို့လဲ။ ခင်မင်ရင်းနှီးခြင်းလည်း မရှိ။ ဆုံဖူးတဲ့ အကြိမ်ရေကလည်း လက်ချိုးရေလို့ပင် ရပါသည်။ နှစ်ယောက်ထဲ သီးသန့်စကားပြောဖို့က  ဘယ်လို အကြောင်းအရာမျိုး ဖြစ်နေနိုင်မှာလဲ။
လိုက်ခဲ့ဆိုလို့ လိုက်လာခဲ့ရသည်။ စီနီယာ လင်းရဝေ ခေါ်သွားတဲ့နေရာက ကျောင်းဝင်းထဲက လူရှင်းတဲ့ တစ်နေရာဆီသို့။

"မိုင်းနဲ့ သဏ္ဍာန်ဆန်းရဲ့ ကောလဟလကို ဖြန့်တဲ့သူက မင်းမဟုတ်လား ..."

ရောက်ရောက်ချင်း ပြောလိုက်တဲ့ စကားက လိုရင်းကိုပဲ တိတိကျကျ။ သူ့စကားကိုကြားတော့ သုတဟန်မှာ မျက်စိမျက်နှာ ပျက်နေလျက်။ အမူအရာကို ကြည့်ရုံနဲ့ ဒီစကားတွေဟာ မှန်နေပြီမှန်း ရိပ်မိနိုင်ပါသည်။

"ကျွန် ကျွန်တော်လို့ ဘာလို့ထင်တာလဲ ..."

"မိုင်းနဲ့ ဆန်း ရုပ်ရှင်သွားကြည့်တဲ့နေ့က မင်းသူတို့အနောက်ကို လိုက်သွားတာ ကျောင်းပေါက်ဝနားမှာ ငါလှမ်းမြင်လိုက်တယ် ...အဲ့ဒီ့နေ့ နောက်ပိုင်းကစပြီး ကောလဟလတွေက ပြန့်လာတာပဲလေ ...ဒီသတင်းတွေကို ငါကြားမိတော့ ငါ့ရဲ့သံသယက မင်းကိုပဲ ဦးတည်သွားတယ် ..."

အဲ့ဒီ့နေ့က ကျောင်းကော်ရစ်တာမှာ လင်းရဝေနဲ့ ဆီဇာနေရဇ္ဇတို့ ပြောနေတဲ့စကားတွေကို သူကြားခဲ့ရသည်။ နှစ်ယောက်ထဲ ရုပ်ရှင်သွားကြည့်မလို့တဲ့လေ။ ပြီးတော့ စီနီယာ ဆီဇာနေရဇ္ဇကလည်း သူ့ကို စကားပြောပုံက စီနီယာသဏ္ဍာန်ဆန်းနဲ့ ပတ်သက်တာကို သဘောမကျသလိုမျိုး။
သံသယဝင်စရာ ကောင်းနေတဲ့ အခြေအနေတွေမို့ အဲ့ဒီ့နှစ်ယောက်နောက်ကို သူ ခိုးချောင်ခိုးဝှက် လိုက်သွားခဲ့မိတာပါ။ ဒါကို လင်းရဝေက မြင်သွားတဲ့ပုံပါပဲ။

သဏ္ဍာန်ဆန်းWhere stories live. Discover now