P_28 (U)

37.4K 4.7K 141
                                    

ဘာမဆို ရင်ဆိုင်နိုင်တယ် ...
ဘာမဆို လက်လွှတ်နိုင်တယ် ...
ဒါပေမယ့် မင်းကိုတော့ ဘယ်လိုနည်းနဲ့မှ မထိခိုက်စေချင်ဘူး ...
ဒီလိုမျိုး မင်းဟာ ငါ့ရဲ့အားနည်းချက်လေး တစ်ခုဖြစ်ခဲ့တယ်...။

****  *****  *****  *****  *****

ဒီနေ့က မနက်ပိုင်းအတန်းပဲ တက်ရမှာဖြစ်သည်။ ကျောင်းကနေ စောစောပြန်ရင်း နေ့လည်စာကိုလည်း အိမ်မှာပဲ ပြန်ချက်စားဖို့ အစီအစဉ်က ဆွဲထားကြပြီးသား။ ကျောင်းဝင်းထဲက ကားပါကင်မှာ သူစောင့်နေကြောင်း ဆန်းကို ဖုန်းမက်ဆေ့ လှမ်းပို့နေမိတဲ့ မိုင်း။

"ဆန်း အတန်းပြီးပြီလား ..."

"အင်း ..."

"ငါကားနားမှာ စောင့်နေတယ် မြန်မြန်လာခဲ့ ..."

"ငါတို့အတူတူ တွဲပြီးပြန်လို့ ဖြစ်ပါ့မလား ..."

"ဘာဖြစ်လို့လဲ ..."

"သူများတွေ ဝိုင်းကြည့်နေမှာပေါ့ ..."

"ကြည့်ကြည့်ပေါ့ မင်းက ဘာကို ဂရုစိုက်နေတာလဲ ..."

"အဲ့လိုလည်း မဟုတ်ဘူးလေ ..."

"မဟုတ်ရင်လာခဲ့ မင်းဒီနေ့ ငါ့ကို ထမင်းချက်ကျွေးမယ်လို့ ပြောထားတယ်လေ ...ငါစောင့်နေတယ် မြန်မြန်လာ ..."

ဆန်း ဆီကနေ စာက ပြန်မလာတော့ပေ။ ဒါက သူလာနေပြီလို့ သတ်မှတ်လို့ရပါသည်။
အဲ့ဒီ့အချိန်တွင် ဖုန်းတစ်ခုက ဝင်လာခဲ့ပါ၏။ ကြည့်လိုက်တော့ သူ့အဖေ ဦးဆီဇာမင်းထင် ဆီကဖြစ်နေသည်။

"ဟဲလို ဖေဖေ ..."

"ဆီဇာနေရဇ္ဇ ငါအခုအိမ်မှာ ...မင်းအိမ်ကို ခဏပြန်လာခဲ့ဦး..."

"ဘာဖြစ်လို့လဲ ဖေဖေ ...ကျွန်တော်အခု မအားဘူး ...အိမ်ပြန်လာလို့ မရသေးဘူး ..."

"မင်းကိစ္စက ဘယ်လောက်ပဲ အရေးကြီးကြီး အဲ့ဒါကို ဖျက်လိုက် ...ငါ့ဆီကို မင်းရောက်အောင် လာခဲ့ရမယ် ..."

"ဘာတွေ အဲ့ဒီ့လောက်တောင် အရေးကြီးနေလို့လဲ ဖေဖေ ...ဘာပြောစရာရှိလို့လဲ ...ဘာခိုင်းစရာရှိလို့လဲ ...အခုဖုန်းထဲကနေ ပြောလိုက် ...ကျွန်တော်အခု လာဖို့ တကယ်ကို မအားတာ ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now