P_34 (U)

37.3K 4.8K 227
                                    

အချိန်တွေဟာ ညင်သာစွာ ကုန်လွန်လာခဲ့ပေမယ့် ဝေးရတော့မှာမို့ ပို၍မြန်ဆန်လာတယ်လို့ ထင်မိလာသလိုပါပဲ။ ကျောင်းလည်း ပြီးခဲ့ပြီမို့ မိုင်းနဲ့ တွေ့ဆုံချိန်တွေဟာ ပို၍နည်းလာခဲ့ပါသည်။
သူတို့နှစ်ယောက်ရဲ့ မကြာခဏ တိတ်တိတ်လေး တွေ့ဆုံမှုတွေဟာ အဆင်ပြေဆဲပဲလို့ ထင်ကောင်းထင်မိခဲ့ကြ၏။
တစ်ခုသော နေ့တစ်နေ့မှာ ဆန်းဆီကို ထင်မှတ်မထားတဲ့ ဧည့်သည်ရဲ့ ဖိတ်ကြားမှုက ရောက်လာခဲ့လေရဲ့။ အပန်းဖြေအိမ်ရဲ့ တံခါးဝ အရှေ့ကို တစုံတယောက်ရောက်လာခဲ့ပြီး ...

"KS group ရဲ့ ဥက္ကဌကြီး ဦးဆီဇာမင်းထင်က ခင်ဗျားကို သူနဲ့လာ‌တွေ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ် ကိုသဏ္ဍာန်ဆန်း ..."

ဦးဆီဇာမင်းထင်ရဲ့ လက်အောက်က ဝန်ထမ်းတစ်ယောက်ဟာ စေလွှတ်ခံရမှု တစ်ခုအတွက် ဆန်းဆီကို ရောက်လာခဲ့လေသည်။ ဆန်းက တွေဝေခြင်း မရှိ၊ တုံ့ဆိုင်းခြင်း မရှိ၊ ထိပ်လန့်ခြင်း မရှိဘဲ ဆင့်ခေါ်ခံရမှုကို လက်ခံလိုက်ပါသည်။
တစ်နေ့ ဒီလိုအဖြစ်မျိုး ရောက်လာလိမ့်မယ်လို့ ကြိုတွေးထားခဲ့ဖူးပေမယ့် ဒီလိုမျိုး ရုတ်တရက်ကြီး ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားမိပေ။
KS group ကို ဆန်းလိုက်သွားခဲ့ပါ၏။ ခေတ်မှီထည်ဝါလွန်းလှတဲ့ အဆောက်အဦး အမြင့်ကြီးက သူ့ကိုမော့ကြည့်စေခဲ့သည်။ ဒါဟာ မိုင်းရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခု။ ပြီးတော့ သူက ဒီလိုမျိုး မော့ကြည့်နေရလောက်အောင် ပိုင်ဆိုင်မှုတွေ မြင့်မားနေတဲ့ အဆင့်အတန်းတစ်ခု။

KS group ထဲကို ခြေချလိုက်မိတာနဲ့ လူက အလိုလို ပူပန်လာရသည်။ သိမ်ငယ်စိတ်တွေ မဟုတ်ခဲ့ပါ။ မိုင်းဟာ သူနဲ့ မတန်တဲ့လူတစ်ယောက်လို့ ဘယ်သောအခါမှ ဆန်းမတွေးမိပေ။
သူတို့ရဲ့အချစ်မှာ မတူညီမှုတွေ များနေရင်တောင် ဘာတွေပဲဖြစ်ဖြစ် ဒါကိုရင်ဆိုင်မှာပင်။ ဘာလို့လဲဆိုတော့ သူမိုင်းကို ချစ်သည်။
မိုင်းကလည်း သူ့ကို ချစ်သည်မို့။

ဥက္ကဌကြီးရုံးခန်းထဲမှာ သူ့ကို စောင့်ဆိုင်းနေတဲ့ မိုင်းရဲ့ဖခင် ဦးဆီဇာမင်းထင်ကို သူတွေ့လိုက်ရသည်။ ရုံးခန်းကြီးတစ်ခုလုံးရဲ့ ထည်ဝါခန့်ညားမှုက လူကိုရှိန်သွားစေသည်။ ပြီးတော့ အလုပ်စားပွဲမှာ ထိုင်နေတဲ့ မိုင်းရဲ့ဖခင် ဦးဆီဇာမင်းထင်ကလည်း ထိုကဲ့သို့ပါပဲ။
မိုင်းရဲ့ ရုပ်ရည်ချောမောမှုတွေဟာ ဒီအဖေဆီကနေ လာတာမှန်း သံသယဖြစ်စရာ မရှိပေ။ ခန့်ညားသော ရုပ်ရည်နဲ့အတူ ဩဇာအာဏာရှိသော လက္ခဏာ‌ သွင်ပြင်တွေလည်း ရှိနေပါသည်။ သူက ဆန်းကို မပြုံးမရယ် မျက်နှာနဲ့ စိုက်ကြည့်နေပြီး ...

သဏ္ဍာန်ဆန်းWhere stories live. Discover now