ရိုက်ကူးရေး

1.9K 313 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၁၈ ။ ရိုက်ကူးရေး

နောက်နေ့မနက်မှာတော့ ထောင်မုသည်
"တိမ်စိုင်ခရမ်းပြာ"ဇာတ်ကားကို ရိုက်ကူးပြီးသည်နှင့်အနီးနားမှ "သူရဲကောင်းတို့၏ဒဏ္ဍာရီ" ရိုက်ကူးရေးသို့ ချက်ချင်းပြောင်းသွားရသည်။
ကျောက်ရှင်းသည် "တိမ်စိုင်ခရမ်းပြာ" တွင် ထောင်မု ရိုက်ကူးမည့်အချိန်ဇယားအတွက် ဇာတ်ဝင်ခန်းပစ္စည်းစီစဉ်ရေးဝန်ထမ်းများအား အချိန်ဇယားသေချာစွာပြုလုပ်စေပြီး ရိုက်ကူးရေးနှစ်ဖက်မှ ၀န်ထမ်းများ ပဋိပက္ခမဖြစ်စေရန်အတွက် တောင်းဆိုခဲ့သည်။
"သူရဲကောင်းတို့၏ဒဏ္ဍာရီ" အဖွဲ့သားများ၏ ထိပ်တန်းသရုပ်ဆောင်များ၊ မင်းသမီးများနှင့် အရေးပါသော ဇာတ်ပို့သရုပ်ဆောင်များအတွက် ထိုစီစဉ်‌ပေးမှုသည် အထူးအဆန်းမဟုတ်ပေမယ့်လည်း သရုပ်ဆောင်လေးတွေထဲမှာ ပထမဆုံးဖြစ်နေဆဲပါ။ ရလဒ်အနေဖြင့် ဇာတ်ပို့သရုပ်ဆောင်အများအပြားသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ သီးသန့်တီးတိုးတီးတိုးပြောရင်း မကျေမနပ် အနည်းငယ်ခံစားခဲ့ရသည်။ ဒါပေမဲ့ ထောင်မု၏ ရှေ့တွင် သူတို့အားလုံးသည် ကွဲပြားခြားနားစွာနှင့် သူငယ်ချင်းလို သဘောထားမျိုး ပြုမှုကြသည်။
ထောင်မုသည် သူ့ယခင်ဘဝတွင် ထိုသို့သောလူများစွာကို တွေ့ဖူးသောကြောင့် သူစိတ်မ၀င်စားပေ။
သူစိတ်ထဲရှိသည်မှာ ရုပ်ရှင်ရိုက်သည့်အခါမိတ်ကပ်ပညာရှင်သည် သူ့အသားအရည်ကို အနက်ရောင်မှုန့်နဲ့ အထူးအသားပေးထားတာပါပဲ။ ကင်မရာဆရာသည် မှန်ဘီလူးကိုနှိမ့်ချသော ရှုထောင့်ဖြင့် တမင်တကာ လှည့်ပတ်နေပါသည်။ ထောင်မုသည် ၎င်း၏ယခင်ဘဝတွင်ဓာတ်ပုံရိုက်ခြင်းအား အချိန်အတော်ကြာ စွဲလမ်းခဲ့ပြီး SLR ကင်မရာများဖြင့် ရိုက်ကူးခဲ့သည်။ ဘယ်ထောင့်တွေမှ ရိုက်လျှင် ကောင်းကောင်းရုပ်ထွက်မယ်ဆိုသည်ကို သူကောင်းကောင်းသိသည်။ ထိုကင်မရာသမား၏ ရိုက်ကူးမှုနည်းလမ်းအရဓာတ်ပုံထွက်လာသည့်အခါတွင် ဝူမင်၏ ဇာတ်ရုပ်သည် တကယ့်လက်တွေ့ထက် အများကြီးပိုတိုနေသေးပြီး သူ့မျက်နှာမှာလည်း ပိုကြီးလာမှာ အသေအချာပါပဲ။
ဓာတ်ပုံဆရာနဲ့ မိတ်ကပ်ပညာရှင်သည် အကြောင်းပြချက်မရှိဘဲ ထိုကဲ့သို့ ပြုလုပ်မှာ မဟုတ်ပေ။ အခြားရှုထောင့်မှကြည့်လျှင် ဓာတ်ပုံဆရာနှင့် မိတ်ကပ်ပညာရှင်ကို သီးသန့်ပြုလုပ်ရန် ညွှန်ကြားနိုင်သူများသည် အဖွဲ့သားများတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သည်။ ပြဿနာကို သုံးသပ်ပြီးနောက် ထောင်မုအထင်အရ သူ့တွင် လှုံ့ဆော်မှုနှင့်ပစ်မှတ်ထားနိုင်စွမ်းရှိသူတစ်ဦး ရှိလာနိုင်သည်။
ထောင်မုသည် သူ့စိတ်ထဲတွင် လှောင်ရယ်လိုက်ပြီးအစိမ်းရောင်ရှိသော မြွေဓားကို လက်ထဲတွင်ပျော့ပျောင်းစွာ ကိုင်ဆောင်ကာ ကင်မရာကိုစူးစူးစိုက်စိုက်စိုက်ကြည့်ရင်း ဘေးဘက်သို့ အနည်းငယ်လှည့်ကြည့်လိုက်သည်။ ကင်မရာမှ နှိပ်လိုက်သည်နှင့် ကင်မရာသမားနှင့် ထုတ်လုပ်ကြီးကြပ်ရေးမှူးသည် ကွန်ပြူတာစခရင်ကို တစ်ချိန်တည်း ကြည့်လိုက်သည်။
မှောင်မိုက်သော နောက်ခံတစ်ခုရှေ့တွင် ထောင်မုသည် ဘေးတိုက်ရပ်နေပြီး သူ့ခန္ဓာကိုယ်အများစုသည် အမှောင်ထုထဲသို့ အရည်ပျော်သွားကာ ရုပ်ပျက်ဆင်းပျက်မိတ်ကပ်လိမ်းထားသော သူ့မျက်နှာတစ်ဖက်ကသာ ကင်မရာကို မျက်နှာမူထားသည်။ သူ့မျက်လုံးများသည် နက်နဲပြီး မျက်နှာမှာ မည်သည့်ခံစားချက်မျှထုတ်ဖော်မပြပဲလက်တစ်ဖက်တွင်ရှိ‌သည့် အစိမ်းရောင်ရှိသော မြွေဓားကို ကျန်လက်တဖက်ဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။ အလင်းနှင့် မှန်ဘီလူး၏ မြင်ကွင်းကြောင့် ဓာတ်ပုံထဲတွင်ထောင်မုသည် အနည်းငယ် ပုနေပုံရပြီး သူ၏ အပြင်ဘက်မှာလည်း အနည်းငယ် မှုန်ဝါးနေပုံပေါ်သည်။
သို့ပေမယ့် ထိုအရာတွေသည် စွဲမက်စရာအကောင်းဆုံးအသေးစိတ်များ မဟုတ်ပါ‌ပေ။ စွဲဆောင်မှုအရှိဆုံးအရာမှာ ကင်မရာဖက်ကို စိုက်ကြည့်နေသော ထောင်မု၏မျက်လုံးများဖြစ်ပြီး နှစ်တစ်ထောင်ကြာအောင် အေးခဲနေသည့် ရေခဲရေကန်များကဲ့သို့ အနက်ရောင်အမဲစက်များ ထွက်ပေါ်လာသည်။ ထို့အပြင် ဘေးတိုက်ရပ်နေသော အနေအထားကြောင့် သူ့ခန္ဓာကိုယ်သည်ကွေးညွတ်သွားခဲ့သည်။ ဓာတ်ပုံရိုက်သည့်အခါ အစပိုင်းမှာတော့ ကင်မရာသမားသည် ဘာကိုမှ သတိမထားမိခဲ့ပေမယ့် အခုအခါတွင် ဓာတ်ပုံကို ကြည့်လိုက်သည့်အခါ အမှောင်ထဲမှာ ပုန်းနေပြီး အဆိပ်ပြင်းမြွေတစ်ကောင်ကို လုပ်ကြံဖို့ အခွင့်အရေးကိုစောင့်ဆိုင်းနေသည့် ပုံစံကိုတွေ့လိုက်ရပါသည်။ ပုခုံးမှ တံတောင်ဆစ်အထိနှင့် ခါးအထိ၊ မျဉ်းကွေးတိုင်းသည် အမဲလိုက်စဉ်အတွင်း သားကောင်ကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားသည့် စပါးအုံးမြွေတစ်ကောင်၏ အနေအထားကို တုပထားသည်။ အေးခဲသောအအေးဓာတ်သည် ပျော့ပြောင်းသော်လည်းတစ်ချိန်တည်းတွင် ခွန်အားအပြည့်ဖြင့် အသက်ရှူကျပ် စေသည်။ ခေါင်းမှ ခြေဖျားအထိ တစ်ကိုယ်လုံး ပြင်းထန်သော အမူရာကို တစ်ချက်တည်းဖြင့် ထုတ်ဖော်သရုပ်ဆောင်နိုင်သည်။
ကွန်ပျူတာရှေ့ရှိ ကင်မရာသမားနှင့် ထုတ်လုပ်ရေးကြီးကြပ်ရေးမှူးတို့အပြင် စတူဒီယိုတွင် ဖရဲသီးစားသူများနှင့် ရှိုးကောင်းကောင်းတစ်ခုကို ကြည့်ရှုရန် မူလစီစဉ်နေသူများ အားလုံးတပြိုင်နက် တုန်လှုပ်ခြောက်ခြားသွားကြသည်။ မူလအစမှာ အနည်းဆုံး ဆူညံမှုအချို့ရှိခဲ့သည့် စတူဒီယိုတွင် မည်သည့်အသံမှ မကြားရဘဲ ထောင်မုမှ ထွက်ပေါ်လာသော သွေးအေးပြီး ကြောက်ရွံ့ထိတ်လန့်သော အမူအရာကြောင့် လူတိုင်း အံ့ဩသွားကြသည်။
အထူးသဖြင့် ထောင်မု၏ မျက်လုံးများနှင့်ဆုံဖူးသူများဖြစ်သည်။ ၎င်းတို့သည် တကယ့်စပါးအုံးမြွေကြီးအား စိုက်ကြည့်နေသည်ဟု ထင်ယောင်ထင်မှား ခံစားမိကာ ၎င်းတို့သည် တကယ်မျိုချခံရတော့မည့်အတိုင်း အသက်အန္တရာယ်ရှိသည့်ပုံနှယ် ဖြစ်နေကြသည်။
တစ်ချိန်တည်းမှာပင် လူတစ်စုသည် လက်မောင်းပေါ်ရှိ ကြက်သီးမွေးညှင်းများကို ပွတ်တိုက်ကြသည်။ သူတို့အားလုံးသည် သူတို့၏‌ခြေဖျားမှ အေးစက်သောရေစီးကြောင်းကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသလိုပင် အရေပြားပေါ်ရှိ အမွှေးအမျှင်များမှာလည်း ထထောင်လာခဲ့ကြသည်။
အချို့သော နာမည်ကြီးများနှင့် အိုင်ဒေါများသည်မိတ်ကပ်၊ အလင်းရောင်နှင့် ကင်မရာထောင့်များကြောင့် ကြည့်ကောင်းတာဟူ၍ အသိမှတ်ပြုကြသည်။ သို့သော် ရုပ်ရှင်ဧကရာဇ်အဆင့်ကို ရောက်သွားသည့် ပရော်ဖက်ရှင်နယ်မင်းသားတစ်ယောက်အတွက် ထိုပုံတွေသည် လက် ဒါမှမဟုတ် ခြေဖဝါးပုံလေးပဲ ဖြစ်ရင်တောင်မှ မင်းအကြည့်ကို စွမ်းဆောင်နိုင်ဆဲရှိသည်ကို မြင်သူတိုင်းသိနိုင်သည့် မြင်ကွင်းတစ်ခုပါပင်။
ထောင်မုသည် စကားအား ဘာမျှမပြောပဲ ခပ်တန်းတန်းနေသော်လည်း တချို့လုပ်‌ဖော်ကိုင်ဖက်များသည် သူတို့၏ပြိုင်ဖက်သဖွယ် ပြုမူကြသည်မှာ အရမ်းစိတ်ပျက်စရာကောင်းပါသည်။ ထို့ကြောင့် သူသည် အထိရောက်ဆုံးနှင့်ငြင်းဆို၍မရသော နည်းဖြင့် တိုက်ရိုက်ပြန်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ပြုလုပ်နိုင်သည်မှာ သူ၏ဆုရအဆင့် သရုပ်ဆောင်စွမ်းရည်အပေါ် သူ့ရဲ့ယုံကြည်မှုပါပဲ။
မူလတွင် ရှိုးကောင်းကောင်းကို ကြည့်ချင်သောအဖွဲ့သားများ အားလုံးသည် တိတ်ဆိတ်သွားကြတော့သည်။ တစ်ယောက်ချင်းစီသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး အမူအရာတွေ ပြောင်းသွားကြသည်။ အကျိုးခံစားခွင့်များကိုလက်ခံပြီး ၎င်းတို့၏သဘောတူညီချက်ကိုအဆုံးသတ်ပေးမည်ဟုကတိပြုထားသည့် ကင်မရာသမားနှင့် အလင်းရောင်နည်းပညာရှင်တို့သည် ယခုအခါတွင် ခက်ခဲသောအကျပ်အတည်းတွင် ရှိနေကြသည်။ ထောင်မု၏ဓာတ်ပုံကို သီးသန့်ချီးမွမ်းနေချိန်တွင် သူတို့လည်း စိတ်ပူသွားကြသည်။ မိတ်ကပ်ပညာရှင်၊ ကင်မရာမန်းနှင့် အလင်းအမှောင်နည်းပညာရှင်များသည် ခက်ခဲသောအရာများကို တမင်တကာ ဖန်တီးနေသော်လည်း ထောင်မုသည် ၎င်း၏ရုပ်ရှင်ကို စွဲမက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာနိုင် လုပ်နိုင်ဆဲပင် ဖြစ်သည်။
သာမာန်အခြေအနေအရ ချောမောသောမျက်နှာနှင့်စွဲမက်ဖွယ်ကောင်းသော သရုပ်ဆောင်စွမ်းရည်ရှိသောမင်းသားတစ်ဦးမှာ လူသစ်လေးတစ်ဦးဖြစ်သော်ငြားလည်း ပုံမှန်တွင်၎င်းတို့သည် စော်ကားလိုစိတ်မရှိကြပေ။ ဖျော်ဖြေရေးနယ်ပယ်သည် အမြဲတမ်း ပြောင်းလဲနေသည်။ အသစ်ဝင်ရောက်လာသည့် မင်းသားလေးသည်နေ့ချင်းညချင်း နာမည်ကြီးလာမလားဆိုသည်ကို ပြောဖို့ခက်ပါတယ်။ ထိုအချိန်တွင် အရင်းအနှီးရှိ၍ ကောင်းမွန်သည့်ကံဇာတာများရရှိသည့်လူများသည် သဘာဝနည်းအတိုင်း ပြုလုပ်နိုင်သော်လည်း အရေးမပါသည့် အမြှောက်စာက်ငယ်များအတွက် အခြားသူတစ်ဦးသည်လက်စားချေရန် အမှန်တကယ်ကြံဆပါက ထိုအကျိုးဆက်သည် အလွန်စိတ်ပျက်ဖွယ်ကောင်းမည်ဖြစ်သည်။
အတိအကျပြောရသော် ကင်မရာမန်း၊ အလင်းအမှောင်နည်းပညာရှင်နှင့် ထုတ်လုပ်ရေးကြီးကြပ်ရေးမှူးတို့သည် ထောင်မုကိုလုံးဝ စော်ကားလိုစိတ်မရှိပေ။
မည်သို့ပင်ဆိုစေကာမူ ကတိပေးထားသည့်အတိုင်းလုပ်ပြီးသွားပြီဖြစ်သည်။ သို့သော်ထောင်မုသည် ဒီအခက်အခဲကို ရုန်းထွက်နိုင်စွမ်းရှိသူဖြစ်သည်။ ထိုနည်းကို တွေးကြည့်သည့်အခါ ဓါတ်ပုံရိုက်နေရာကို တာဝန်ခံသည့် ကင်မရာသမားသည် ချက်ချင်း ရယ်မောပြီး “ကောင်းပြီ! ဒီရိုက်ချက် တကယ်ကို မှန်ကန်တဲ့ ခံစားချက်တွေ ရှိနေဆဲပါပဲ။ ထောင်မု မင်းအရင်က မော်ဒယ်လုပ်ဖူးလား။ မင်းက အကောင်းဆုံးအလင်းရောင်နဲ့ ထောင့်တွေကို ရှာတာ အရမ်းကောင်းတယ်။"
ထောင်မုသည် သူ့ပါးစပ်ထောင့်လေးကို ကွေးလိုက်ပြီး "ကျွန်တော် မုန့်ဖိုးရှာဖို့အနေနဲ့ လူတွေကို ပရိုမိုးရှင်းဓာတ်ပုံတွေ ရိုက်ပေးဖူးတယ်။ နာမည်ကြီး ဓာတ်ပုံဆရာတချို့က ကျွန်တော်တို့လို လူသစ်တွေကို သင်ပေးရမှာ စိတ်မ၀င်စားဖူးလေ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ အစာရှာဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး"
ထောင်မု သုံးသော "အစာရှာ" ဟူသော စကားလုံးသည်စက်မှုလုပ်ငန်းရှိသူများအတွက် ဗန်းစကားဖြစ်ပြီး ကင်မရာသမားမှ ရိုက်ကူးသည့်အခါတွင် ဂရုမစိုက်သည့်အခါ မိမိအတွက် အဆင်ပြေသောကိုယ်ဟန်အနေအထား သို့မဟုတ် ထောင့်တစ်ခုကို ရှာဖွေရမည်ဟု ဆိုလိုသည်။ ဒါကိုပြောခြင်းအားဖြင့် ထောင်မုသည် ငြိမ်ခံနေချိန်တွင် ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် ခြယ်လှယ်မှုများကို အပြည့်အဝသိရှိထားကြောင်းလည်း ညွှန်ပြနေပြီး ထိုသို့ပြုလုပ်သည်ကိုလည်း အနှောက်အယှက်မပေးချင်ပေ။
ကင်မရာသမားသည် ထောင်မုမှာငယ်ရွယ်သော်လည်း အလွန်ပင် အရည်အချင်းရှိသူဖြစ်မည်ဟုမမျှော်လင့်ထားပေ။ ရုတ်တရက် သူ အနည်းငယ် ရှက်သွားသည်။ သူသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး “ဒီရိုက်ချက်က အရမ်းကောင်းတယ်လို့ ထင်တယ်။ ငါတို့ဒီလိုပဲဆက်ထိန်းသွားနိုင်မယ်လို့ ထင်လား? မင်းနောက်ထပ် ရိုက်ကူးရေးရှိသေးတယ် မဟုတ်ဖူးလား? ဒါဆို ငါတို့ အချိန်မဖြုန်းသင့်တော့ဘူး။"
သူ့စကားအပေါ် အဓိပ္ပာယ်ကောက်ရမည်ဆိုလျှင် ငါကတခြားသူတွေရဲ့ အမိန့်ကို လိုက်နာနေတာ။ မင်းရဲ့ကိုယ်ပိုင်ခွန်အားနဲ့အခြေအနေက ဒီအခက်ခဲကနေ ရုန်းထွက်နိုင်ပြီမို့ မင်းအတွက် ငါကဆက်ပြီးအခက်ခဲဖြစ်နေမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ဖက်ကို ရှင်းပြလို့ မရတာကြောင့် ငါဓာတ်ပုံတွေတော့ ထပ်မရိုက်နိုင်တော့ဘူး။
ဤအမှတ်အသားတွင် ချစ်ကြည်ရေး အရိပ်အမြွက်ပါရှိခဲ့သည်။ ထောင်မုသည် မျက်နှာသစ် သရုပ်ဆောင်သာဖြစ်သေးသောကြောင့် ထိုလူများကို မကြိုက်သော်လည်း ထိုအသေးအဖွဲကိစ္စနှင့်ပတ်သက်၍လည်း ပဋိပက္ခမဖြစ်ချင်ပေ။ အမှန်တကယ် သွေးထိုးလှုံ့ဆော်သူနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တဲ့အခါ အမြှောက်စာကောင်လေးနဲ့ အမဲလိုက်သမားတွေအပေါ် ဒေါသတွေ ဖယ်ထုတ်လိုက်ခြင်းသည် ထောင်မု၏ပုံစံနဲ့ မလိုက်ဖက်ပါပေ။ အမှန်တော့ သူသည် အခြားသူများ၏ စေတနာကို စိတ်ထက်သန်စွာလက်ခံမည့် အားနည်းသူမဟုတ်ပေ။ ထို့ကြောင့်ချိုသာသောလေသံဖြင့် "ခင်ဗျားကပရော်ဖက်ရှင်နယ်တစ်‌ယောက်ပဲ၊ ဒါ ခင်ဗျားကို နောက်ဆုံးပြောခြင်းပဲဖြစ်မယ်ထင်တယ်"
ကင်မရာသမားသည် ထောင်မု၏လှောင်ပြောင်မှုကို မကြားချင်ယောင်ဆောင်ကာ ခေါင်းကို လှည့်ပြီးပြောခဲ့သည်။ “ကောင်းပြီ တစ်နေ့စာပြီးပြီဟေ့” ဟု ပြောလိုက်သည်။
လုပ်ငန်းကို ပိုပြီးလိုက်လျောညီထွေရှိစေရန်အတွက် အထွေထွေအဖွဲ့သားများကို A နှင့် B ဟူ၍ အုပ်စုနှစ်စုခွဲကာ ရိုက်ကူးခဲ့သည်။ ထောင်မု ဇာတ်လမ်းကို Group B တွင်သာ ဆက်လက်ရိုက်ကူးခဲ့ရပြီး ကျောက်ရှင်းနှင့် ထိပ်တန်းသရုပ်ဆောင်၊မင်းသားမင်းသမီးများသည် အဖွဲ့ A တွင် ၎င်းတို့၏ အဓိကဇာတ်ကွက်များကို ရိုက်ကူးခဲ့သည်။
ထောင်မုသည် အငြိမ်မနေဘဲ အုပ်စု A သို့ပြေးသွားသောအခါ ဇာတ်လိုက်မင်းသား နဉ်ယွမ်နှင့် ဒုတိယမြောက် အမျိုးသားဇာတ်ဆောင် ယွီကျီကို တွေ့ရန် အချိန်မီလိုက်လေသည်။ မော်နီတာရှေ့မှာထိုင်နေတဲ့ကျောက်ရှင်းသည် ထောင်မုကို တစ်ချက်ပြန်ကြည့်လိုက်သည် "မင်းရဲ့သရုပ်‌ဆောင်မှုက တကယ်ကောင်းတုန်းပဲလို့ ငါကြားတယ်"
ထောင်မု အနည်းငယ် ပြုံးလိုက်ပြီး "ကင်မရာသမားကလည်း အာ့ဒါ အဆင်ပြေတယ်လို့ပြောတယ်" ရိုက်ကူးမှုအတွင်း သဘောထားကွဲလွဲမှု အသေးအမွှားကို ဖော်ပြထားခြင်း မရှိပေ။
ကျောက်ရှင်းမှ "ကြိုးစားပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းမှာ အရည်အချင်းရှိဖို့က အရေးကြီးဆုံးပါပဲ။" မင်းမှာ အရည်အချင်းနဲ့ ရပ်တည်နိုင်မှုရှိလာပြီဆိုရင် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နာမည်ကောင်းရလာတဲ့အခါ အရင်လိုမျိုး ထပ်ဖြစ်မလာတော့မှာ သေချာပါတယ်။
အခြားတစ်ဖက်တွင် တစ်စုံတစ်ဦးသည် လုံလောက်သောစွမ်းရည်မရှိခြင်းကြောင့် ၎င်းသည် အမြဲကြောက်ရွံ့နေပြီးလူအများ၏ နောက်ကွယ်တွင် သေးငယ်သော လှုပ်ရှားမှုများကိုသာ အဆက်မပြတ်ပြုလုပ်နေရခြင်းဖြစ်သည်။သို့သော်လည်း ဤအသေးအမွှားအကြံအစည်မျိုးသည် အရည်အချင်းမရှိသော လူမသိသူမသိသေးသေးလေးများသည်သာ လုပ်ဆောင်နိုင်သည်။ အမှန်တကယ်ထက်မြက်ပြီး ထောင်မုကဲ့သို့သော အရည်အချင်းရှိသူများသည် လူစုလူဝေးထဲတွင် အမြဲထင်ရှားနေမည်ဖြစ်သည်။
ထောင်မုသည်လည်း ထိုမှတ်ချက်ကို လေးလေးနက်နက်ယုံကြည်ပါသည်။ ချက်ခြင်းပင် သူသည် ခေါင်းညိတ်သဘောတူပြီး "ကျွန်တော် ကြိုးစားပါ့မယ်"
ရိုက်ကူးနေသည့် နဉ်ယွမ်သည် ထောင်မု၏ ဓာတ်ပုံရိုက်ခြင်းအကြောင်းကို ၎င်း၏လက်ထောက်ထံမှ ကြားသိခဲ့ရသည်။ ဤအခိုက်အတန့်တွင် ထောင်မုကိုတွေ့လိုက်ရသည်နှင့် အနည်းငယ်သောရေစက်ကို မခံစားနိုင်တော့ဘဲ ရလဒ်အနေဖြင့် NG ဖြစ်သွားသည်။
"ရပ်!" ကျောက်ရှင်းသည် နဉ်ယွမ်နှင့် ယွီကျီကို ကြည့်လိုက်ပြီး “ဆယ်မိနစ်လောက် အနားယူပါ။ နောက်ဇာတ်ဝင်ခန်းကတော့ ထောင်မုနဲ့ နဉ်ယွမ်တို့အတူ ပါဝင်ရမယ်။”
ရိုက်ကူးရေးကုန်ကျစရိတ်နှင့် ရိုက်ကူးရမည့်နေရာ အခြေနေကြောင့် ရိုက်ကူးရေး အဖွဲ့သားများသည် ဇာတ်ကွက်အစီအစဉ်အတိုင်း ရိုက်ကူးရန် ဘယ်သောအခါမှ စိတ်ကူးမယဉ်နိုင်ပေ။ ရိုက်ကွင်းအချိန်ဇယားအားလုံးသည် နေရာနှင့်ရုပ်ရှင်ရိုက်ကူးမှုအပေါ် အကျုံး၀င်သည်။ ထို့ကြောင့် ထောင်မု၏ပထမဆုံးပြကွက်သည် ဒရာမာတွင်သူ၏ပထမဆုံးပါဝင်ခြင်းမဟုတ်ပေ။ ယင်းအစား ၎င်းသည် ဝူမင်နှင့် ဟီးရိုးတို့ တိုက်ခိုက်ပြီးနောက် ဟီးရိုးသည် တခြားသူ ကိုလေးနက်သည့်အကြောင်းအရာ ပြောသည့် စကားပြောခန်းကို ရိုက်ကူးခဲ့သည်။
တည်နေရာ- ကျင်းလင်မြို့အပြင်ဘက်
သူရဲကောင်းတစ်ယောက်အဖြစ် နဉ်ယွမ်သည် အရပ်မြင့်မြင့်နှင့်အံဝင်ခွင်ကျ မတ်တပ်ရပ်နေစဉ် လက်တစ်ဖက်တည်းတွင်ခေါက်ပန်ကာကို ကိုင်ထားသည် - "မင်းရဲ့ ကိုယ်ခံပညာက အမြင့်ကြီးရောက်နေပြီ၊ မင်းက အမည်မဖော်တဲ့ လူမဖြစ်သင့်ဘူး။ ဘာလို့ ကျန်းဟူမှာ မင်းရဲ့ဂုဏ်သတင်းကို ငါ တစ်ခါမှ မကြားဖူးဘူး?"
ထောင်မုသည် သူ့မျက်နှာတွင် ဘာအမူအရာမှမရှိဘဲ "ငါက လူသတ်သမားပဲ"
"အိုး?" နဉ်ယွမ်သည် စိတ်ဝင်တစားနှင့်မျက်ခုံးပင့်လိုက်ပြီး "ဘာကိုဆိုလိုတာလဲ"
ထောင်မုသည် ဆက်လက်၍ “လူသတ်ဝူမင်--”
"ရပ်!" ကျောက်ရှင်းသည် ယပ်တောင်ကို မြေပြင်ပေါ်သို့ ချလိုက်သော နဉ်ယွမ်ကို ကြည့်လိုက်သည်။
နဉ်ယွမ်သည် လူတိုင်းကို တောင်းပန်သည့်အကြည့်နဲ့ "တောင်းပန်ပါတယ် ငါ့လက်ကမတော်တဆချော်သွားတာ"
ကျောက်ရှင်းသည် ဘာမှပြန်မပြောဘဲ လက်ခုပ်တီး၍ ဖြင့် ကလပ်ဘုတ်ဖြင့် ကင်မရာဆီသို့လျှောက်သွားကာ ဘုတ်ကို ထပ်မံခေါက်လိုက်သည်..။
နဉ်ယွမ်သည် ဆက်လက်ပြီး သပ်ရပ်စွာ ရပ်တည်၍ ယပ်တောင်နှင့်အတူ အံဝင်ခွင်ကျ လှုပ်ရှားခဲ့သည်။ သူသည် ယုံကြည်မှုအပြည့်နှင့် ပြုံးပြီး "မင်းရဲ့ကိုယ်ခံပညာက ကြီးမြတ်တဲ့အဆင့်ကို ရောက်နေပြီ၊ မင်းက အမည်မဖော်တဲ့လူ မဖြစ်သင့်ဘူး။ ဘာလို့ကျန်းဟူမှာ မင်းရဲ့နာမည်ကျော်ကြားမှုကို ငါတစ်ခါမှ မကြားဖူးရတာလဲ?"
ထောင်မုသည် သူ့မျက်နှာတွင် ဘာအမူအရာမှမရှိဘဲ "ငါက လူသတ်သမားပဲ"
"အိုး?" နဉ်ယွမ် သည် ရုတ်တရက် ရှေ့သို့ ရွေ့ပြီး ထောင်မု၏ နောက်သို့ လျှောက်သွား၍ထောင်မု၏ နားရွက်နားဆီသို့ ခင်မင်ရင်နှီးသည့် ပုံစံဖြင့်မှီလိုက်သည့်အခါ ထောင်မုသည် ရှောင်ထွက်သွားရန်သာ ဖြစ်သည်။
"ရပ်!" ကျောက်ရှင်းသည် ထောင်မုကို အော်လိုက်ပြီး "ဘာအတွက် ရှောင်လိုက်ရတာလဲ?"
ထောင်မုသည် မျက်မှောင်ကြုတ်ကာ "သူက ကျွန်တော်နဲ့ အရမ်းရင်းနှီးလွန်းနေတယ်။ ဝူမင်ရဲ့ပင်ကိုယ်စရိုက်အရ သူပထမဆုံးအကြိမ် တွေ့တဲ့လူကို သူ့နောက်ကို လှည့်ပတ်ပြီး ဒီလောက်နီးကပ်အောင် ဘယ်တော့မှ ခွင့်မပြုဘူး။"
နဉ်ယွမ်သည် အပြစ်ကင်းသောအကြည့်ဖြင့် လက်ကိုဖြန့်ကာ “ မုချင်းယန်ရဲ့ဇာတ်ကောင်ကို ပုံဖော်ဖို့ကျွန်တော်ကြိုးစားနေပါတယ်။ မုချင်းယန်ကအထိန်းအကွပ်မဲ့ပြီး နူးညံ့သိမ်မွေ့တဲ့ ဇာတ်ကောင်ဖြစ်တယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့လူနဲ့တွေ့ပြီးရင် သူ့ကို နည်းနည်းကျီစယ်ချင်လာလိမ့်မယ်။”
သူတို့နှစ်ဦးပြောခဲ့သည့်စကားသည် အလွန်ကျိုးကြောင်းဆီလျော်သော်လည်း နဉ်ယွမ်သည် ထိပ်တန်းသရုပ်ဆောင်အဖြစ် ရင်းနှီးမြှုပ်နှံသူ ရှကျီးရှင်း အင်တာတိန်းမန့်မှ နှစ်သက်သဘောကျသော အိုင်ဒေါအသစ်ဖြစ်သည်။ ကျောက်ရှင်းသည် နဉ်ယွမ်ကိုမဝေဖန်နိုင်သည့်အတွက် ထောင်မုကို "မင်းရဲ့အပိုင်းတွေမှာ ဇာတ်ညွှန်းအပြင်ကအပိုကိစ္စတွေမထည့်ပါနဲ့"
ထောင်မု ဘာမှမပြောခဲ့ပေ။
ဒါကြောင့် ဇာတ်၀င်ခန်းနေရာကို တတိယအကြိမ်အဖြစ် ရိုက်ကူးခဲ့ပါသည်။
ဒါပေမယ့် ရလဒ်ကတော့ နဉ်ယွမ်မှာ အခြားပြဿနာတစ်ခု ရှိခဲ့ပါသည်။ ဤတစ်ကြိမ်တွင် သူသည်ရွေ့လျားနေစဉ်တွင် ထောင်မု၏ရုပ်ကို ကင်မရာမှတမင်ပိတ်ဆို့ထားခဲ့ပြီး ထောင်မုသည် သူ့ခန္ဓာကိုယ်ကို အလင်းအလှည့်ဖြင့် ကင်မရာကို ပြန်ယူရန်အတွက်သာဖြစ်သည်။ တစ်ဖက်တွင် နဉ်ယွမ်သည် ထောင်မု၏အလှည့်နောက်သို့ လိုက်သွားသောအခါမတော်တဆ ခြေချော်သွားကာ ကင်မရာတွင်ပုံမှန်ထက် ပိုပြီးအဆုံသတ်သွားသည်။ ဤမြင်ကွင်းသည် ပုံမှန်အရ အသုံးပြု၍မရပေ။
ထို့နောက် လေးကြိမ်မြောက်နှင့် ပဉ္စမအကြိမ်ရိုက်ကူးကြသည်...... နဉ်ယွမ်သည် ၎င်း၏ လှည့်ကွက်အားလုံးကို ကင်မရာဖြင့် ရိုက်ကူးရာတွင် အတွေ့အကြုံမရှိသောလူငယ်လေး ထောင်မုသည် တည်ငြိမ်စွာဖြင့် သရုပ်ဆောင်နိုင်မှု မရှိဖူးဟု မူလက ထင်မှတ်ထားသဖြင့် နဉ်ယွမ်သည် လှည့်ကွက်များအားလုံးကို ကြိုးစားခဲ့သည်။ ကင်မရာတွင် သူသည် ထောင်မု၏ရိုက်ကူးရေးစည်းချက်ကို နှောင့်ယှက်လိုသဖြင့် ထောင်မု၏ဖန်သားပြင်တည်ရှိမှုကို နှောင့်ယှက်သည်။
သို့ပေမယ့် ထောင်မုသည် တည်ငြိမ်စွာ သရုပ်ဆောင်နိုင်သည်လို့ သူမထင်ထားခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် NGကို ထပ်ခါတလဲလဲ လုပ်ရပြီးနောက်တွင် သူကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အခုတော့ သူ့ဇာတ်ရုပ်၏ခံစားချက်ကိုပင် ခံစားလို့မရတော့ပေ။
အလွန်ရိုးရှင်းသော မြင်ကွင်းကို တစ်မနက်လုံး ရိုက်ကူးခဲ့ရပြီး ၀န်ထမ်းများအတွက် နေ့လယ်စာကို လာပို့ဆောင်ပေးသည့်အချိန်ထိတိုင် မပြီးသေးပါ။ ကျောက်ရှင်းသည် အသာစီးရရန်သာကြိုးပမ်းခဲ့သော နဉ်ယွမ်ကို ကြည့်လိုက်ပြီး တစ်ချိန်လုံး စကားအပြောအဆိုကင်းမဲ့နေသော ထောင်မု ကို ကြည့်လိုက်သည့်အခါ ထောင်မုသည် သူ့ဇာတ်ကောင်၏ အခန်းကဏ္ဍနှင့် လိုက်လျောညီထွေဖြစ်နေလေသည်။ သူသည် အသံချဲ့စက်ကြီးကို ဆွဲကိုင်လိုက်ပြီး "ရပ်!"
"နေ့လည်စာ စားချိန်ရောက်ပြီ။ အားလုံး တစ်နာရီလောက်အနားယူကြ။"
နောက်ဆုံးစကားတောင် မပြောလိုက်ရသေးခင်မှာပင် နဉ်ယွမ်သည် ယပ်တောင်ကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး သူ့မျက်နှာမှာ ဒေါသထွက်လွန်း၍ မည်းမှောင်နေပြီး ဗင်ကားဆီသို့ ဦးတည်၍ လျှောက်သွားသည်။
နေ့လယ်စာတောင် မစားချင်တော့ပေ။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now