အခန်း ၄၇ ( ဇာတ်သိမ်းခန်း )

8.7K 590 40
                                    

လွန်ခဲ့သော တစ်နှစ်ခန့် ။

မေမြို့ဘူတာရုံရှိ ခုံတန်းပေါ်၌ အထုတ်ကလေးပိုက်ကာ ရင်ကွဲလုမတက် ငိုနေသည့် မြိုင့်ရဲ့အချစ်ကလေး သိုးပေါက်လေး ။

မည်သူမည်သည်ကိုတောင် ဂရုမစိုက်စွာဖြင့် သေလောက်အောင် ငိုနေမိသည် ။ နာကျင်မိသည် ။

ဘာပြုလို့ မမမြိုင်ကို တစ်ယောက်တည်း ထားပစ်ခဲ့ရတာလဲ ။
ဘာပြုလို့ အဲ့သလောက်တောင် သူရဲဘောကြောင်ခဲ့ရတာလဲ ။
လမ်းခွဲနှုတ်ဆက်ခြင်းမှာ မျက်ရည်တစ်စက်တောင်မကျမိခဲ့ဘဲ အခုမှ သေလောက်အောင် ငိုနေလို့ ဘာထူးမလဲ ။
မမမြိုင် နဲ့ အတူတူနေဖို့ လမ်းကို ကျွန်မ ရွေးချယ်မိရင် ကျွန်မတို့နှစ်ယောက်လုံး သေရမယ်လေ ။
သေရလိမ့်မယ် ။
နောက်ဆုံးထွေးမပွေ့ခဲ့မိတဲ့ အပြစ် ။
" ချစ်တယ် မမမြိုင် " ဆိုတဲ့ စကားကို ရင်ခုန်အောင် ပြောခဲ့မိတဲ့ အပြစ် ။
သူရဲဘောကြောင်တဲ့ အပြစ် ။
ကျွန်မ အပြစ်တွေပါ မမမြိုင်ရယ် ။
ကျွန်မရဲ့ အပြစ်တွေပါ ။

ဘူတာရုံထဲ၌ ရင်နာစွာ ငိုကြွေးနေရှာသည့် ထိုအမျိုးသမီးလေးအနားသို့ ခဏကြာသည့်အချိန်၌ ယောက်ျားတစ်ယောက် ရောက်ချလာပါသည် ။

" ညို ။ ညို မဟုတ်လား ။ "

" ဟင် ။ ကို ကိုဘတင် ။ "

" ဟုတ်တယ် ကိုဘတင်ပဲ ။ ညို ဘာပြုလို့ ငိုနေရတာလဲ ။ ကျွန်တော့်ကို ပြောပြစမ်းပါဦး ။ ပြီးတော့ လက်ထဲမှာ အထုတ်တွေနဲ့ ။ ဘယ်သွားမလို့လဲ ။ မြိုင်ရော မြိုင် မပါဘူးလား ။ "

ထိုအခါမှ ပို၍ပင် ငိုမိတော့သည် ။ မြိုသိပ်ထားရတဲ့ ငိုရှိုက်သံကြောင့် ပင်ပန်းရပါသည် ။

" ညို ။ ညို ဘာဖြစ်ရတာလဲ ။ "

" ကို ကိုဘတင် ။ ကျွန်မ ။ ကျွန်မ မမမြိုင် နဲ့ မတွေ့ရတော့ဘူး ။ "

" ဟာ ဘယ်က မတွေ့ရမှာလဲ ။ အခုပဲ သီရိမြိုင်စံအိမ်ကို သွားကြမယ် လာ ။ "

" မဟုတ်ဘူး ။ ကျွန်မ နှင်ချခံလိုက်ရပြီ ။ အရေးကြီး ။ ကျွန်မဘဝရဲ့ အရေးကြီးဆုံးက မမမြိုင် ။ ကျွန်မ ချစ်ရတဲ့ သူကို ကျွန်မ တွေ့ခွင့်မရတော့ဘူး ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now