အပိုင်း(1)🌪️

39.6K 1.2K 29
                                    

ဓန လိုက်ကာ ကိုဆွဲဖွင့်လိုက်တော့ နေရဲ့အလင်းက ကောင်လေးရဲ့မျက်နှာပေါ်ကိုစူးသွားသည်။ကောင်လေး မျက်မှောင်ကိုကျုတ်လိုက်ပြီး တစ်ချက်ညည်းကာစောင်ခေါင်းမြီးခြုံပြန်လှည့်အိပ်သွားသည်။

ဓန ကောင်လေးကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။

"ဟက်ဒါမျိုးလာလုပ်လို့ရမလားကွ!"

"ဟျောင့်!!သက်ပိုင် ထစမ်းဟျောင့်!"

"ဟင်.....အင်းဟင်း"

သက်ပိုင်ခေါင်းထောင်ကြည့်လိုက်ပေ့မယ့်လူကမိုက်ကနဲမို့တစ်ချက်ညည်းကာပြန်အိပ်ပျော်ပြန်သည်။

"ဟာဒီကောင်ငါ့ကိုလာစမ်းနေတာလား"

"ဟျောင့်!!"

ဓန စိတ်မရှည်တော့သဖြင့် စောင်ကိုဆွဲလှန်လိုက်တော့ ကောင်လေးလန့်ဖြန့်ကာစောင်ကိုအတင်းလိုက်ဆွဲယူနေသည်။ လူကထဲ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေသည်မို့ ဓန ရယ်ချင်စိတ်ကိုထိန်းနေရသည်။

"အ့!!နာလိုက်တာဗျာကျွတ်ကျွတ် ကိုကိုဘာလုပ်တာလဲဗျာ ခဏအိပ်ဦးမယ်။စောင်ပြန်ပေးဗျာ....တစ်ကယ်ခဏပဲ ကိုယ်တွေလဲအရမ်းနာနေလို့"

"အဲ့ဒါကမင်းသမိုင်း အေးငါ့သမိုင်းဆက်ပြောမယ်။ ငါအခုမနက်စာစားမယ်ထပြင်ပေး။ ရှစ်နာရီခွဲအပြီးနော်ငါရေချိုးခန်းထဲကထွက်လာလို့မပြီးသေးရင်ငါနဲ့တွေ့မယ် ငါပြောတာကြားလား!!!"

အိမ်မှာအိမ်အကူမထား။ နှစ်တွေများစွာသိတတ်စထဲကအိမ်မူကိစ္စတွေအကုန် သက်ပိုင် တစ်ယောက်ထဲသာလုပ်ခဲ့ရသည်။အဖော်လဲမရှိ။ ကြီးကြီးဆွေကလဲ သက်ပိုင်ဆက်မတွေးချင်တော့ပါ။

ဘထွန်းကလဲကိုကိုရောက်ထဲကခြံဝရှိအဆောင်လေးမှာပဲနေပြီထမင်းစားချိန်ကလွဲလို့အိမ်ဘက်ကိုမလာ။  အိမ်နဲ့ခြံဝနဲ့ကအနည်းဆုံး
ခုနှစ်မိနှစ်ခန့်လျှောက်ရသည်ထိကျယ်၀န်းသည်။

အရင်ကတစ်ယောက်ထဲနေခဲ့ပေ့မယ့်ကိုကို ပြန်ရောက်တဲ့နေ့ထဲကကိုကိုရဲ့ဝေယျာဝစ္စအကုန် သက်ပိုင် တစ်ယောက်ထဲတာဝန်ယူရသည်။ ကိုကို ပြန်ရောက်လာထဲကသူ့ကိုအခုချိန်ထိစကားအကောင်းတစ်ခွန်းမှမပြော။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now