အပိုင်း (10)

23.1K 1K 68
                                    

ဒေါ်ဒေါ် တို့ရောက်မှာမို့ အိမ်တွင် အလုပ်များရူပ်နေသည်။ သက်ပိုင်ကိုလဲ ဓန မှာ မှာစရာရှိတာတွေ မှာရသေးသည်။ကောင်လေး အိမ်မှာအနေများတဲ့သူမို့ အစစရာရာဆင်ခြင်ဖို့သူသေချာမှာနေရ၏။

ဒေါ်ဒေါ် အကြောင်းကို ဓန အသိဆုံးဖြစ်၏။ ဒေါ်ဒေါ်ကမေမေနဲ့မတူ မောက်မာတတ်သလို အမြဲ ဆိုရှယ်ကြကာ လူတိုင်းကိုအထက်စီး ကဆက်ဆံတတ်သူဖြစ်သည်။

"သက်ပိုင် "

"ဗျာ...."

"ငါအဒေါ်နဲ့ ဧည်သည် တစ်ယောက် နိုင်ငံခြားကနေဒီရက်ပိုင်းရောက်လိမ့်မယ်။အိမ်မှာပဲနေမှာဆိုတော့ ပြင်ဆင် စရာရှိတာ ပြင်ဆင်ထားလိုက်အုံး။လိုအပ်တာလောက်ပဲလုပ်ပေး လိုတာထက်လဲ ပိုမရောနဲ့"

"ဟုတ်ကိုကို... ဒါနဲ့ "

"ဘာလဲ ​ပြောစရာရှိတာပြောလို့ရတယ်"

"လိုအပ်တာလေးတွေ​ဝယ်ဖို့ စျေးဖိုး"

"အံဆွဲထဲမှာလိုသလောက်ယူသွားလိုက် "

"ဟုတ် ... "

ပိုက်ဆံ သူတမင်ပေးမကိုင်ထားတာ ဖြစ်သည်။ သူဘဝကို သူသိဖို့ နဲ့ အရာရာ အလကားမရဘူးဆိုတာတာသိဖို့လိုသည်။ ကြိုစား ချင် စိတ်ရှိလာအောင် လဲ ဖြစ်သည် ။ကောင်လေးကရောထိုသို့တွေးပါမလားတော့သူမသိ။ သူအနိုင်ယူ ဗိုလ်ကျနေတယ်လို့ပဲ ထင်နေမလား။

"ငါ အခုကုမ္မဏီသွားမှာ မင်းကျောင်းသွားမှာမလား ။ ကျောင်းမှာဝင်ချပေးခဲ့မယ် ။ မင်း ပြီပြီလား "

"ဟုတ်... လွယ်အိတ်ယူပြီးရင် ပြီးပါပြီခင်မျ"

မေမေ ဆိုဆုံးမ မူတွေကြောင့် ကောင်လေးက အရင်ထဲကယဥ်ကျေးသည်။ ကြီးကြီးဆွေနဲ့အနေများခဲ့လို့ထင် နူးညံသလို အိမ်မူကိစ္စလဲနိုင်သည်။

ကောင်လေးပြေးဆင်းလာတော့ ဓန ရုတ်တရက် ကြည့်လိုက်မိသည်။ အရင်ကသတိမထားမိခဲ့ပေ့မယ့်ဒီတေ့တော့သူကြည့်မိသွားသည်။ ကောင်လေးက လည်ကတုံး အဖြူလေးနှင့် ပုဆိုးအပြာလေးနဲ့မို့ လိုက်ဖက်သပ်ရပ်ကာမြင်သူငေးချင်စရာလေးဖြစ်နေသည်။

"မင်းဟာက ကျောင်းသွားမှာရောဟုတ်ရဲ့လား"

"ဘာကိုလဲ ကိုကို "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now