အပိုင်း (17)

19K 757 80
                                    

  ဓန ဒေါသတွေကိုထိန်းချုပ်ရင်းကားကိုသတိထားမောင်းခဲ့ရာ အိမ်ကိုဘယ်လိုပြန်ရောက်လာလဲတောင် သတိမထားမိချေ။

သူအိမ်အပေါ်ထပ်သို့ပြေးတက်ကာတံခါး ကို ဆောင့်ပိတ်ရန်ပြင်လိုက်စဥ် ကောင်လေးက ပြေးလာပြီးသူ့လက်ကို ဆွဲထားသည်။

"ကိုကို!!!  ကိုကို ထင်သလိို မဟုတ်ပါဘူး။ သားလဲဘာဖြစ်သွားမှန်းတစ်ကယ်မသိပါဘူး။ သားရှင်းပြတာကို နားထောင်ပေးပါဦး "

"ဖယ်စမ်း!!!သက်မင်းပိုင် ငါမင်းကိုမသတ်မိခင် မင်းရဲ့ရွံ့စရာကောင်းတဲ့လက်တွေနဲ့ငါကိုလာမထိနဲ့ ဖယ်စမ်း!"

"ဟင်အင့် မဟုတ်ပါဘူး ကိုကိုရယ် သားကိုကြည့်ပါအုံး "

"ငါမျက်စိနဲ့ တပ်အပ် မြင်ခဲ့တာကိုမင်းက ငြင်းချင်သေး​တာလား သက်မင်းပိုင် ။ မင်းက မင်းအမေ ရဲ့ ဗီဇ ပါလာတာထင်တယ် ။ငါဘက်ကအကောင်းဆုံးပြင်ဆင်နေပါလျှက်မင်းနဲ့အဆင်ပြေဖို့အကောင်းဆုံး ငါကြိုးစားနေတာကိုသိသိကြီးနဲ့ မင်းမို့ လုပ်ရက်လိုက်တယ်ကွာ   တောက်!  မင်း...မင်းကွာ "

ကိုကို သူရင်ဘတ်ကိုဆောင့်တွန်းရင်းဆိုလာသည်။ ကိုကို ရဲ့အကြည့်တွေကကြောက်စရာကောင်းလွန်းသဖြင့် ပိုင်လေး ခင်မျာတစ်ဆတ်ဆတ်တုန်နေရှာသည်။

"မဟုတ်ပါဘူး ကိုကိုရယ် သား အခုနေရခက်နေတယ် ။ ခဏလေးစိတ်အေးအေးထားပြီး သားရှင်းပြတာကိုအရင် နားထောင်ပေးပါ"

"မပြောနဲ့ တစ်ခွန်းမှ မပြောနဲ့ ထွက်သွား သွား!!!!! "

"ဒုန်း! !!!"

ဓန ကောင်လေးကို ဆောင့်ဆွဲထုတ်လိုက်ပြီး တံခါး ကို ဆောင့်ပိတ်ပြစ်
လိုက်သည်။  အခန်းအတွင်းရှိ ပစ္စည်း များအား ရိုက်ခွဲဖျက်စီးပြစ်လိုက်ပြီး သူရဲ့ဒေါသတွေကို နံရံပေါ်ပုံချလိုက်သည်။ နံရံကို လက်သီးနဲ ဘယ်နှစ်ချက်မှန်း မသိ သူဆက်တိုက်​ထိုးနေမိသည် ။ပူပြင်းကျိန်းစပ်လာပေ့မယ့်သူ မရပ်မိ။

"လုပ်ရက်လိုက်တာကွာ"

သူ့နူတ်ကနေ ရင်ကျိုးမရဆိုမိသည်။  သူအရာရာ နားလည်ပေးဖို့ ပြင်ဆင်နေတာဟာ ဒီကောင်လေးကို သိပ်ချစ်မိသွားလို့ ။ ဒီကောင်လေးအတွက်သူအရာရာကို ပေးဆပ်တော့မယ်လို့တွေးထားခဲ့တာ  အခုတော့ကွာ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now