အပိုင်း(31)

20.3K 677 84
                                    


      "ဘာ!!!!ငါ့စက်ရုံကို နိုင်ငံပိုင်ရဲတွေ ဝင်စစ်လို့ ဟုတ်လား "

"ဟုတ်...ဟုတ်ပါတယ်ဆရာ "

"သေချာပြောစမ်း!!!! "

ဦးမြမာန်ဒေါသဖြစ်စွာ ၀န်ထမ်းကောင်လေးရဲ့ရင်ဘတ်ကို ဆောင့်တွန်းရင်းပြောလိုက်သည်။

"စက်ရုံ က မူးယစ်ဆေးတွေရယ် Compnay အခွန်ရှောင်တာတွေကိုပါ အကုန် ဝင်စစ်ပြီး သိမ်းသွားပြီ ဆရာ...။ အခု မြို့လယ်က ကာစီနိုကိုလဲ ခဏပိတ်ထားရပါတယ် "

"တောက် !!! ဘယ်သူ လက်ချက်လဲ ကွ ​မြမာန် ကိုဒါမျိုးလာစမ်းလို့ရမလား "

"ဆရာ ခဏရှောင်နေမှ ဖြစ်မယ် ဆရာကို လဲ မြေလှန် ရှာနေ
ကြပြီ"

"ငါသဘောပေါက်ပြီ မင်းအခြေနေကိုစောင့်ကြည့်ထား "

ဦးမြမာန် သွေးပျက်နေပြီဖြစ်သည်။သူရဲ့ပိုင်ဆိုင်မူတွေ လုပ်ပိုင်ခွင့်တွေက ဘယ်သူကြောင့် ဘာကြောင့် ရုတ်တရက်ခဏလေးအတွင်းပျက်စီးသွားရတာလဲ။

သူဒီအလုပ် လုပ်လာခဲ့တာ ရာစုနှစ်ကျော်နေပြီ ဒါမျိုး ဖြစ်ရပ်မျိုးတစ်ခါမှမဖြစ်ဘူးခဲ့။အခုအခြေနေက သူလမ်းဘေးရောကက်သွားနိုင်တဲ့အနေထားကို ရောက်နေသည်။

ထိုစဥ် အိမ်မှ ရုတ်တရက် ဖုန်းဝင်လာသဖြင့် သူလျင်မြန်စွာကိုင်လိုက်သည်။

"ဘာ! !!  ခင် ...ခင်ဆုံးသွားပြီဟုတ်လား "

"ဟုတ်တယ် ဆရာ သတင်းတွေအကုန်ကြားကြားခြင်း မူးလဲပြီး အသက်ပါသွားတာ။ အိမ်မှာလဲ ရဲတွေပိုက်စစ် တိုက်ရှာနေကြတယ် "

"အေမီရော အေမီလေးရော "

"မမလေးကိုလဲ အော်ဟစ်ရူန်းကန်နေလို့ ချုပ်ပြီး ခေါ်သွားကြတယ် "

ဦးမြမာန် စကားပင်ပြန်မပြောနိုင်တော့ပဲ အရုပ်ကျိုးပြတ်လဲကျသွားသည်။ သူအဖြစ်က မြွေပါလဲဆုံး သားလဲဆုံးရပြီ။ သူဇနီး သူသိပ်ချစ်ရတဲ့ တူမလေး သူခေါင်းတွေချာချာလည်နေသည်။

သူဘယ်သူကို အကူညီတောင်းရမလဲ ။ သူတုန်ယင် နေသော လက်တွေအား ထိန်းကာ ဖုန်းနံပတ် တစ်ခုကို ကောက်ဆက်လိုက်သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now