အပိုင်း (14)‼️

26.2K 794 46
                                    


warning sexual! ပိုင်း များ မနှစ်သက်သူများ ကျော်ဖတ်လို့ ရပါတယ်ရှင့်!!!!

>>>>>>>>>>>>

တေဇ နာရီလှမ်းကြည့်တော့ တစ်ချက် ကျော်နေပြီ မို့ ဓန ကိုချော့မော့ကာ အိမ်ပြန်ပို့ ဖို့သူလုပ်ရတော့သည်။ ခေါင်းပင်မထောင်နဲ့
တဲ့ ကောင်ကိုကြည့်ပြီး နဲနဲတော့ စိတ်ညစ်သွားမိသည်။

"ဓန ပြန်ရအောင် ညနက်နေပြီ "

"ဝေါ့ အော့ !!"

တေဇ ဆွဲထူတော့ ဓန ထိုးအန်တော့သည်။

"ဟာ ... ရရဲ့လား ဟျောင့် "

"ရတယ် တေဇ ရတယ် ငါ နဲနဲများသွားလို့ အန်လိုက်ရင် သက်သာ သွားမှာ "

"အိမ်အရင်ပြန်ရအောင် ငါကားကို
ထား ခဲ့လိုက်မယ်။ မင်းအိမ်လိုက်ပို့ပြီး မနက်မှ ငါပြန်လာကြိုမယ် "

"နေပါစေ ငါမောင်းနိုင်တယ်။ အန်လိုက်လို့ နည်းနည်းလဲ သက်သာသွားပါပြီ အေးဆေးပါ "

" အိမ်ရောက်ရင်လဲကလေးကိုချော့မော့ပြီး သေချာပြောပြပါကွာ။  အစွန်းမရောက်နဲ့ဓန ကိုယ်ပြုသမျှ ကိုယ်ပဲခံရတာ ဘာမဟုတ်တဲ့ အငြိုးတွေကြားကရအောင်ရူန်းထွက်ပါကွာ "

"အေးပါ....တေဇရာ ငါကြိုးစားပါမယ် "

တေဇ ဓန ကို အထပ်ထပ် မှာကာ အိမ်ကို သေချာပြန်ဖို့မှာပြီ ဓန ကားထွက်သွားတဲ့ထိစောင့်ကြည့်ပေးကာ စိတ်ချရမှ အိမ်သို့ ပြန်လာခဲ့လိုက်သည်။

ဓန ကားကို ဖြည်းညှင်းစွာ မောင်း
နေရင်း အိမ်ရောက်ရင် ကလေးကို သေချာ​ညှိယူကြည့်ဖို့သူကြိုးစားမည်။ နောက်နှစ်ပဲသူတို့လက်ထပ်ရတော့မည်။သူလဲ ဒီထက်ပိုစိတ်မဆင်းရဲ ချင်တော့သလို ကလေးငယ်ကိုလဲ စိတ်မဆင်းရဲစေချင်တော့ပါ။

ကားဟွန်းတီးတော့ ဘထွန်း ထဖွင့်ပေးရှာသည်။ အားနာသော်လဲ မတတ်နိုင်။ ဘထွန်းကိုနူတ်ဆက်ကာ အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည် ။ တိတ်ဆိတ်နေတာကြောင့် မီနဲ့ ဒေါ် ဒေါ် အိပ်နေလောက်ပြီ ထင်သည်။

သူအခန်း တံခါးဖွင့်ကာ၀င်လာတော့ကောင်လေးက ကွေးကွေးလေးအိပ်နေရှာသည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now