အပိုင်း(25)‼️

22.3K 691 79
                                    


သက်ပိုင် မနက်လဲ ရောက်ရော မနဲပင်အားယူကာထရသည်။ ညကမူးထားတဲ့အရှိန်နဲ့ ခေါင်းတွေထိုးကိုက်ကာလူကတော်တော်ကြီး ပြိုင်းနေပြီ ဖြစ်သည်။

အခုတစ်လော လူက စိတ်သိပ်မကြည် ပျို့ချင်သလို အန်ချင်သလိုခဏခဏ ဖြစ်နေသည်။ အလုပ်ပင်ပန်းလိုထင်မိသည်။ဒါတွေသူ့အတွက်အရေးမကြီးသလို ဂရုစိုက်နေဖို့လဲမအား။ ကိုကိုနဲ့မျက်နာချင်း မဆိုင်ချင်တာမို့အလုပ်ကိုစောစောသွားရမည်။

ကုတင်တစ်ဖက်တွင် ကိုကို ကသူကိုကျောပေးကာ အိပ်နေသည်။ သူ ကိုကိုနိုးမှာဆိုး၍အခန်းထဲကခပ်ဖွဖွနင်း၍ထွက်ကာ သူအခန်း၌ပင်​ခပ်မြန်မြန်ရေချိုး လိုက်သည်။

Company ကို စောနိုင်သမျှစော သွားဖို့သူကြံနေသည်။ခုရက်ပိုင်းကိုကိုနဲ့ မျက်နာချင်း ဆိုင်ဖို့ စိတ်ကူးမရှိသလို ရင်ထဲမှာ နာနေပါသေးသည်။

သက်ပိုင် ရေတွေကိုသဘက်နဲ့စင်အောင်သုတ်လိုက်ပြီးpolo Tshirt အနက်ရောင်တစ်ထည်ကို ထုတ်ကာ အောက်ကpants အသားရောင် လေးနဲ့တွဲ ဝတ်လိုက်သည်။ ဖိနပ်ကိုလဲ အနက်ရောင် Shoe လေးစီးကာ လွယ်အိတ်လွယ်လိုက်ပြီး ခပ်မြန်မြန်ထွက်လာခဲ့သည်။

ဒီနေ့တော့ လိုင်းကားမစီးတာမို့
Taxi နှင့်သာ Company သွားရန်တွေးလိုက်သည်။ ကိုကို ကားဝယ်ပေးမယ်ဆိုတုန်းက သူလက်မခံခဲ့။ အခုတောင် ဒီလောက်ထိနိုမ်ချပြောဆိုခံနေရတာမို့ သူ ဘာမှထပ်မလိုချင်ပါ။ ကိုယ်၀င်ငွေရှိမှကားလေးတစ်စီး၀ယ်ဖို့သူတွေးထားသည်။

"ညီ...Company သွားမလို့လား"

"ဟာ...ကိုကြီး "

"ဟုတ်ပါ့ဗျာ..."

"us သွားတယ်ဆို "

"ဟုတ်တယ်... မနေ့ကမှ ပြန်ရောက်တာ။ လာ.. ကားပေါ်တတ် ကိုယ်ဗိုက်ဆာလို့"

"ဟာဗျာ.... ပြောရင်လဲ မကြိုက်ဘူး ကျွန်တော်ကိုတွေ့ရင် ကိုကြီး ကဗိုက်ဆာပြီ"

"ဟား...ဟား !!သက်ပိုင်လေးက ကိုယ်အတွက် အာဟာရသိန္ဒိလေး
မို့ဖြစ်မယ်"

"ကျစ်...နောက်ပြီဗျာ"

ရှိန်း ရှက်သွားသော ချာတိတ် ကိုကြည့်ကာ သဘောကြစွာ ရယ်လိုက်သည် ။ ကောင်လေးတွေ့လိုက်တိုင်း အမြဲနှသစ်နေကာ အူယားစရာလေးပင်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now