အပိုင်း(21)

19.5K 681 45
                                    

"ဘာ....  ဘထွန်း ဆုံးပြီဟုတ်လားကိုကို "

"အွန်း.... ဘထွန်းဆုံးသွားပြီ ကလေး"

"မဟုတ်ဘူး သားမယုံဘူး... ဘထွန်းက သားကို  ဒီမနက်စာ အတူစားမယ်လို့သေချာ ပြောသွားတာ မစနဲ့ကိုကိုရာ... "

" တစ်ကယ်ပါ ကလေးရယ်..."

ဓန ရူန်းကန်နေတဲ့ ကလေးကို တင်းတင်းဖက်လိုက်ရင်း ချော့ပြောနေရသည်။  ညထဲကသူ့စိတ်ထဲတစ်မျိုး ဖြစ်နေလို့ ဘထွန်းကို မနက်စာ စားဖို့ သူကိုယ်တိုင်သွားခေါ်ဖြစ်ခဲ့သည်။

အပြင်ခေါ် တော့ ခေါ်မရ ၊ သူလန့်သွားပြီးတံခါးကိုတွန်းဖွင့် ဝင်သွားတော့ ဘထွန်း က ကုတင်ပေါ်မှာ ပက်လက်လေး အသက်မရှိရှာတော့ပေ။

အေးအေးချမ်းချမ်း လေးပင်လောကကြီးကိုနူတ်ဆက်သွားခဲ့ပြီ။ သူလဲသိသိချင်း လုံးဝ ယူကြုံးမရခံစားရသည်။ သူတို့မှာ မိသားစုဝင်ဆိုလို့ ဘထွန်း ကိုတာတွယ်တာနေခဲ့ရသည်လေ ။

ကလေးအတွက် ဘထွန်းတို့ လင်မယားနှစ်ယောက်ဟာမိဘဆိုတာထက်ပိုခဲ့သည်။ အစစအရာရာ ကလေးကို သားအရင်းလို့ စောင့်ရှောက်ပေးခဲ့ကြသည်။

သက်ပိုင်အော်ငိုတော့ ဓနမျက်ရည်ကျမိသည်။ သူဖက်ထားတာကို ရူန်းကန်၍ခြံထဲသို့ပြေးသွားသည်။ ခဏတာစိတ်အဆင်ပြေဖို့အတွက် သူလွှတ်ပေးလိုက်သည်။

"ဘထွန်း ညာတယ် သားကိုဘာလို့ညာတာလဲ။ ထ.... ထပါဦး မနေ့ကပြောတော့ စိတ်ချမ်းသာနေပြီဆို။ သားခေါ်နေတယ်လေ။သားတစ်ယောက်ထဲအဲ့လို ထားခဲ့လို့မရဘူး ထပါဦး ဟီးအီး!!! "

နာရေး ဝိုင်းကူနေတဲ့သူတွေ မဏ္ဍပ်များ ဆင်ယင်နေကြသည်။ ဘထွန်း အလောင်း ကိုလဲ လှပစွာပြင်ဆင်ထားပေးကြသည် ။

"ကိုကို ဘထွန်းက သားကိုညာတယ်။ သားဘွဲ့ယူတဲ့နေကြရင်မိဘ​​နေရာက  မိန့်မိန့်ကြီးနေမှာဆိုပြီး အခုသားကို တစ်ယောက်ထဲထားခဲ့တယ်...ဟီးအီး !!!ကိုကိုရေ ဘထွန်းကို ပြန်ခေါ်ပေးပါ!! အီးအီး"

"တော်တော့...သက်ပိုင် သွားလေသူ စိတ်ဆင်းရဲအောင် စိတ်မဖြောင့်အောင်မလုပ်ရဘူး။ ဘထွန်း စိတ်မဖြောင့်ပဲနေလိမ့်မယ် ။ ကိုယ်တို့သူအတွက်ဘာကောင်းမူ့ကုသိုလ်လုပ်ပေးနိုင်မလဲ ဒါပဲတွေးကြစို့ ။ လာ...ခဏထိုင်လိုက် ရေနဲနဲသောက်လိုက်ဦး "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now