အပိုင်း(28)

17.6K 674 73
                                    

  

     "ဟို ....ဟို  LEO က Jose ရောက်နေတယ် Boss"

၀န်ထမ်းကောင်လေး အမောတစ်ကြီးလာပြောတဲ့စကားအောက် ဦးမြမာန် လန့်သွားဖျန့်သွားသည်။

"ဘာ!!!"

"ဟုတ်တယ် ဆရာ ဟိုဟို.."

"မြန်မြန် ကြိုလေ ဘာလုပ်နေတာလဲ ...."

"ဟုတ်.... ဟုတ် ဆရာ"

မြတ်မင်းထင် ခေါ် Jose ကိုဒီနိုင်ငံရဲ့စီးပွားရေး လောကမှ မသိသူမရှိလောက်အောင် ဖျံကျတတ်သလို ရက်စက်တတ်သည်။ သူနဲ့သွားညှိလို့ မရ ညှိတာနဲ့ ပွဲ ဖြစ်သွားနိုင်တာ ဦးမြမာန် ကောင်းကောင်း သိသည်။ သူလဲသူနေရာနဲ့သူ အကောင်ဆိုပေ့မယ့် Jose ကိုယှဥ် ဖို့ သူမှာအဲ့လောက်ထိ သတ္တိတွေ ရှိမနေခဲ့ပါ။

"ထိုင်ပါ Mr Jose "

မြတ်မင်းထင် ပြုံးရုံပြုံးပြ ပြီးခပ်အေးအေးပင်ဝင်ထိုင်လိုက်သည်။ အခန်းကို တစ်ချက်ဝေ့ကြည့်လိုက်ကာ ခြေထောက်များကို ဦးမြမာန်ရဲ့ စားပွဲပေါ် ခြေချင်းချိတ် လျှက်တင်လိုက်သည်။ လက်ကစီးကရက်ကိုတစ်ချက်ရိူက်ကာဖွာလိုက်ပြီ ဦးမြမာန်ကို လှမ်းကြည့်လိုက်သည်။

"ဘာကိစ္စရှိလို့ပါလဲ ....Mr Jose"

"ကျုပ်ရဲ့ လူတစ်ယောက်ကို ခင်များ ဖမ်းထားတယ်ဆို "

"မဟုတ်တာ ဗျာ ကျုပ်ကခင်များနဲ့ ဘာအကန့်မှ မရှိသလို ဖမ်းထားစရာအကြောင်းလဲမရှိပါဘူး"

"ဦးမြမာန် ကျုပ်အပိုတွေသိပ်မပြောချင်ဘူး"

Jose ကနိုင်ငံခြား ရုပ်လဲမကျ ဗမာ မူ့ပုံကလဲပျက်မသွားပဲမြင့်မားသော အရပ်မောင်းနဲ့ ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။

နက်မှောင်သောမျက်ဝန်းများကြောင့်Jose ရဲ့အရှိန်ဝါက တစ်ချက်ကြည့်လိုက်ရုံနဲ့ တော်ရုံလူ ကိုလန့်သွားစေသည်။

"မင်း....ဆိုလိုချင်တာက "

"ဓနဘုန်းအောင် "

" Jose နဲ့ဘယ်လိုပတ်သတ်လို့လဲ အဲ့ဒါ ကျုပ်တို့ရဲ့ မိသားစု ကိစ္စပါ "

"အဲ့ဒါတွေကျုပ်စိတ်မဝင်စားဘူး ကျုပ်လိုချင်တာဓနဘုန်းအောင် "

"အငြိုးတွေသာပြယ်စေသား"(Complete) Onde as histórias ganham vida. Descobre agora