အပိုင်း (29)

17.8K 689 61
                                    

ဓန အိမ်ပြန်ရာက်လာတဲ့နေထဲကစ၍ က​လေး အတွက် တစ်ရက် မှမပြတ်ပဲ မနက်စာကို သူကိုယ်တိုင်ပြင်ပေးဖြစ်သည်။

ကလေးကြိုက်တတ်တာလေးတွေကိုကြိုးစားကာ သူချက်ပေးဖြစ်၏။
မဘုတ်က သူချက်ပါ့မယ်ဆိုရင်တောင်လက်မခံ။အစစအရာရာသူကိုယ်တိုင်ပဲလုပ်ပေးချင်သည်။

သူချက်တာသိလျှင် မစားမည်ဆို၍ ကလေးမနိုးခင် မနက်အေစာကြီးထ၍ သူချက်ပြုတ်သည်။

Company နဲ့အိမ် သူပင်ပန်းသော်လဲတစ်ချက်မငြီးရက်၊ ကလေးသူ့အပေါ်ပြန်အမြင်ကြည်ဖို့သာသူမျှော်လင့်မိသည်။

ကောင်လေးကသူကို့ နဲနဲမှအတွေ့မခံတွေ့လျှင်တောင်ရှောင်ထွက်သွားတတ်သည်။​ လမ်းပြန်လျှောက်နိုင်နေပြီဆို့ပေ့မယ့် မပေါ့မပါးနဲ့မို့ သူအိမ်အောက်ကိုပင်မဆင်းစေချင်သေးပါ။

ကလေးအတွက် မနက်စာ သွားပို့သည်ဆိုတာနဲ့ ဓန အခန်းထဲပြေး
ဝင်ပြီး laptop ကိုဖွင့်ကာ ကလေးရဲ့ ပုံရိပ်လေးကို တစ်စိမ့်စိမ့် ကြည့်ရသည်မှာ သူရဲ့နေ့စဥ်အလုပ်တစ်ခု။

သူကြောင့် သက်ပိုင် စိတ်ဒဏ်ရနေပြီး သူကိုတွေ့လျှင် ကြောက်ရွံ မုန်းတီးနေသည့်ပုံစံမျိုးနဲ့ သူကိုလဲအမြဲရှောင်နေတတ်သည်။ ကောင်လေးရဲ့အပြုအမူတွေကို ရင်ထဲမကောင်းပေ့မယ့် ကိုယ်အပြစ်နဲ့ကိုယ်မို့ ဘာမှမတတ်နိုင်။

"ကိုကို... မင်းအနားမှာအရင်လိုအမြန်ဆုံးပြန်နေခွင့်ရချင်ပြီးကလေးရယ်"

>>>>>>>>>>>>>>>>>>>>>

BHONE Group.....

ဓန Company ကို အရင်လို အမြဲတော့မလာဖြစ်။အိမ်ကနေသာ တေဇ ပို့ပေးသော Mail တွေ ကိုသူစစ်ပေးဖြစ်သည်။ အရေးကြီးမှသာ သူလာဖြစ်တော့သည်။

သူ ဝင်လာတာနှင့် ဝန်ထမ်းတွေအကုန် မက်တပ်ရပ်ကာ နူတ်ဆက်ကြသည်။ ဓန တစ်ချက်ဝှေ့ကြည့်လိုက်ပြီး

"အားလုံးပဲ အလုပ်လုပ်ရတာအဆင်ပြေကြလား "

"ပြေပါတယ်boss! !!"

"အေး....လိုတာရှိရင် တေဇနဲ့မဟန်နီကို ပြောပါ။ ကူညီတောင်းစရာရှိရင်လဲ အားမနာပဲ ပြောလို့ရတယ် ဟုတ်ပြီလား..."

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now