အပိုင်း (13)

20.9K 823 49
                                    

   
ဓန သက်ပိုင်ကို ကားပေါ်ကဆွဲချကာ လက်ကို တင်းကျပ်စွာဆွဲကိုင်၍အိမ်အပေါ် ထပ်သို့ မပြေးရုံတစ်မယ်တက်လာခဲ့​သည် ။ ဓန ဒေါသစိတ်နဲ့ သဝန်တိုစိတ်တွေရောထွေးကာ
ဘာကိုမှ မမြင်နိုင်တော့ပေ။

"ဟဲ့ ဟဲ့!! ဘာဖြစ်လာကြတာလဲ။ အကုသိုလ်ကောင်လေး ဘာပြသာနာ ရှာလိုက် ပြန်ပြီလဲ မသိဘူး.. "

ဓန သက်ပိုင်ကို အခန်းထဲဆောင့်
သွင်းကာ တံခါးကို ခြေထောက်ဖြင့် ဝုန်းခနဲ ဆောင့်ပိတ်ပြစ်လိုက်သည်။
ဒေါ်ခင်ခင်မင်း အပြင်ကနားထောင်သော်လဲ အခန်းတွေက အသံလုံစနစ်တွေနဲမို့ ဘာမှမကြားရ။

"သက်မင်းပိုင်!!! မင်းငါ့ကို ဘာ
စောက်ချိူး ချိုးနေတာလဲ "

"သားလက်ကို လွှတ်!!ဘာစောက်ချိုးမှ မချိုး ဘူး။ လမ်းလျှောက်နေတာ ကိုကို မမြင်ဘူးလား "

"ဘာကွ!!! ငါမြင်လို့ပြောနေတာပေါ့ကွ ။အဲ့ကောင်နဲ့ အဲ့လိုသွားတာ မကြိုက်ပါဘူး လို့ ငါဘယ်နှစ်ခါပြောမှ မင်းစောက်မှတ်ရှိမှာလဲ  "

"သားတို့ရိုးရိုးသားသား "

သက်ပိုင်ရဲ့ အေးတိအေးစက်ပုံစံက ဓန စိတ်တွေကို ပို၍လောင်စာထည့်နေသလိုပင်။

"တိတ်စမ်း!!! ဘာကိုရိုးသားတာလဲ။ ကိုကြီး နာသွားသေးလားတဲ့ ။အဲ့ကောင်က မင်းလင်မို့လို့လား ဟမ်!။ ငါကိုတောင် စောက်ဂရုမစိုက်နိုင်ရအောင် အဲ့ကောင်ကမင်း လင်လားလို့!! "

"ကိုကို.... သက်ပိုင် ကိုစော်ကားတာတွေအရမ်း များနေပြီ နော်။ သည်းခံတယ်ဆိုပြီ သတ်သတ်နိုင်နေတာလား "

"မင်း!!!"

"ကိုကို တောင် မတော်ရသေးတဲ့ မယားနဲ့ မအားတာ သားက အားတဲ့သူနဲ့ သွားတာဘာဖြစ်လို့လဲ "

"သက်မင်းပိုင်!!မင်းပါးစပ်ပိတ်ထား!"

ဓန အော်လိုက်တော့ သက်ပိုင် တုန်သွားကာ မျက်ရည်လေးတွေပါဝဲတက်လာသည်။

"လာမအော်နဲ့ မှန်တာပြောတာ "

"မင်းအခုငါ့ကိုပြန်ခံပြောနေတာလား ။ငါကမင်းလင်ဆိုတာကောမင်းအမှတ်ရသေးရဲ့လား "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now