အပိုင်း(34)

17.5K 639 98
                                    


    "ကိုကိုရေ!!!ကိုကြီး လုပ်ပါအုံး ကိုကို ကိုကယ်ပေးပါဦး အားးးလုပ်ကြပါဦး "

ထိုစဥ် မှိုင်းနဲ့အတူရဲတွေပါရောက်လာသည်။  ဦးမြမာန် နှင့်အပေါင်းပါတွေအားဖမ်းခေါ်၍သွားကြသည်။

ဓန နဲ့ Joseကို လူနာတင်ယာဥ်ပေါ်တင်ကာ ဆေးရုံသို့ ခေါ်ဆောင် သွားကြသည်။  Jose ရတဲ့ဒဏ်ရာက သိပ်မပြင်းထန် ပေ့မယ့် ဓန မှာတော့ကျည်ထိထားတဲ့ ဒဏ်ရာကြောင့် သွေးကလွန်နေပြီဖြစ်သည်။ ​အရေးပေါ်သွေးသွင်းကာခွဲစိတ်မူ့ ချက်ချင်းလုပ်ရသည်။

"ကိုကို ဘာမဖြစ်နိုင်လောက်ပါဘူးနော် ကိုတေဇ ....ကိုကြီး လုပ်ပါအုံးကိုကို ကို ကယ်ပေးပါဦး "

"စိတ်ကိုထိန်းပါ ညီ ဓန စိတ်မာတဲ့ကောင်ပါ အဆင်ပြေသွားမှာပါ ညီအဲ့လိုဖြစ်နေရင် ဆက်ကလေး ပိုစိတ်ဒဏ်ရာ ရနေလိမ့်မယ် ညီ ခဏလေးထိုင်လိုက်ပါဦးကွာ"

သက်ပိုင် မှိုင်းလက်ထဲမှာ အိပ်ပျော်နေသော သားကိုကြည့်ကာ ပို၍ငိုမိ​တော့သည်။

'သား ဖေဖေသာ တစ်ခုခုဖြစ်သွားခဲ့ရင် ရူးရမှာ ရူးသွားမှာ သားရယ် ပါးပါး အဖြစ်ကိုကြည့်ပါဦး သားရယ်ပါးပါးရူးသွားရလိမ့်မယ့် '

သက်ပိုင် ထိုင်လို့မရပါ သူရင်ထဲ မီးတွေတောက်လောင်နေသကဲ့သို့ခံစားနေရသည်။  ထိုစဥ် ခွဲစိတ်ခန်းတံခါးပွင့်လာကာဆရာဝန် ​ကြီး ထွက်လာသည်။

"မောင် ရှိန်းမင်းဆက် ရေ
ဗိုက်က ကျည်ဆန်ကို အောင်မြင်စွာ ခွဲထုတ်လိုက်ပေ့မယ့် နှလုံးဘေးကဖြတ်၀င်သွားတဲ့ကျည်ဆန် ကိုထုတ်ဖို့ အန်ကယ်တို့တော်တော်အချိန်ယူရလိမ့်မယ် အခုသွေးအရေးပေါ် လိုအပ်နေတယ် "

"ဘာသွေး လဲ ဆရာ "

"B+ပါ"

"ကျွန်တော်လဲ B+ပဲ ကျွန်တော် ဆီကယူပါဆရာ"

"အဆင်သင့်လိုက်တာ ဒါဆို အထဲ လိုက်ခဲ့ပါမြန်မြန်လုပ်ဆောင်ကြရအောင်။ ဆရာတို့ဘက်က အကောင်ဆုံး ကြိုးစားပေးမယ် ဆိုပေ့မယ့် လူနာရဲ့စိတ်အားထက်သန်မှုနဲ့ သက်ဆိုင်ပါသေးတယ်။ အဆိုးထဲက အကောင်းကတော့ ကျည်က နှလုံးကို တိုက်ရိုက်မမှန်သွားတာပါပဲ  "

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now