အပိုင်း(26)

18.3K 607 38
                                    


   သက်ပိုင် သတိရလာတော့ ခန္ဓာကိုယ်အောက်ပိုင်းကလှုပ်လို့မရ။ တစ်ခါလှုပ်လိုက်တိုင်း အသဲခိုက်မတတ် နာကျင်နေသည်။ဗိုက်ထဲကလဲအောင့်တတ်ကာ ပျိုအန်ချင်နေသည်။ ခေါင်းတွေကလဲ မူးဝေနေကာ မျက်လုံး ကိုပင် မနည်း အားယူကာ ဖွင့်နေရသည်။

"အင်း ဟင်း.. အင်း"

" သက်ပိုင်! "

မှိုင်းအသံကြောင့် တေဇနဲ့ရိူင်း ပြိုင်တူထရပ်လိုက်ကြသည်။

"နိုးလာပြီလား သက်ပိုင် .. ညီလေး "

"ညီ..... "

သက်ပိုင် ဘေးနားက အသံတွေကြောင့် မျက်လုံးကို အားယူကာ
ဖွင့်လိုက်သည်။ သူဘေးတွင် ကိုတေဇ၊ မှိုင်း နဲ့ကိုကြီးရှိန်း တို့ကသူကိုစိုးရိမ်ပူပန်သော မျက်နှာဖြင့် ကြည့်နေကြသည်။

သူကိုတော့ မတွေ့။မတွေ့ရဘူးဆိုတာထက်တစ်သက်လုံးမတွေ့ရတော့လျှင်ပိုကောင်းမည်။ မတွေ့ချင်တော့သလို မြင်လဲမမြင် ချင်တော့။ မုန်းတယ်ဆိုထက်ရင်ထဲကပို၍နာနေ
သည် ။

သူကြောင့် အခုဘယ်လိုအခြေနေ ဘယ်လိုအနေထား နဲ့ဆေးရုံကို ရောက်ခဲ့ရပါသလဲ ရှက်လို့လဲသာ သေလိုက်ချင်တော့သည်။ အိမ်ကိုသာပြန်ချင်စိတ်ကြောင့် အားပြုကာ ကျုံးထလိုက်သည်။

"မထနဲ့ဦး.... ညီ အခုချိန် အထိုင်ထ လုပ်လို့ အဆင်မပြေသေးဘူး မှိန်းနေပါ ကွာ"

"ဟုတ်တယ် သက်ပိုင် ခဏ တော့ဆေးရုံမှာနေရဦးမယ်နော်"

သက်ပိုင် ဘာမှထပ်မလုပ်တော့ပဲမျက်လုံးများကိုသာစုံမှိတ်ထားလိုက်သည်။

"သက်ပိုင်...ဓန ကလေ US ကိုအရေးကြီးကိစ္စတစ်ခုကြောင့်မသွားမဖြစ်လို့ သွားလိုက်ရတယ်။ မသွားလို့မရလိုသွားလိုက်ရပေ့မယ့် သူခင်မျာမသွားချင်ရှာဘူး ။မင်းကိုအရမ်းစိတ်ပူနေတာ.."

တေဇ သူငယ်ချင်း ဘက်ကအကောင်းဆုံးဝင်ပြောပေးရှာသည်။ ခုချိန်ဒီကောင်လေးရင်ထဲဘယ်လိုခံစားနေရမလဲ သူတို့ကောင်းကောင်းသိပါသည်။

သူလုပ်ချင်တာလုပ်ပြီးထွက်သွားတာကို ဘယ်လို သဘောနဲ့ပဲ သွားသွား သူစိတ်မဝင်စားတော့ပါ။ မရှိလေ မမြင်ရလေပို၍သာကောင်းလေးပင်။ သူဘာစကားမှပြောချင်စိတ်မရှိတာမို့ မပြောတော့ပဲ မျက်လုံးများကိုသာ
မှိတ်ဖို့ ကြိုးစား လိုက်သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now