အပိုင်း(9)🌪️‼️

27.5K 986 61
                                    


       သက်မင်းပိုင် အခန်းထဲက အခန်းပြင်မထွက်ပဲ သူ့ကိုဆန္ဒပြနေသည်။ အစား လဲမစား ၊အတွေ့လဲမခံ ။ ဓန အစကမသိချင်ယောင်ဆောင်ထားပေ့မယ့်ကြာလာတော့စိတ်ပူသလိုဖြစ်လာသည်။

ဘထွန်း ကလဲနေမကောင်းနေသဖြင့် ဆေးခန်းပြပေးရန် သူခြံထဲဆင်းခဲ့သည်။ တစ်အိမ်လုံး အလုပ်တွေအကုန်သူ့တာဝန်လို ဖြစ်နေသည်။  ကုမ္မဏီတွင် တေဇ ရှိ​နေ၍သူခံသာနေတာဖြစ်သည်။

"ဘထွန်း ...ဆေးခန်းသွားရအောင် "

"အဲ့လောက်လဲ မဟုတ်ပါဘူး သားကြီးရယ် လေးထွန်းက ဆေးသောက်ရင်ပြောက်သွားမှာပါ"

"အဲ့လိုလဲဘယ်ဟုတ်ပါ့မလဲ သမားတော်နဲ့သေချာဆေးစစ်ကြည့်ရအောင် "

"မလိုပါဘူးကွယ်။ ဘဘတောင်းဆိုချင်တာတစ်ခုပဲ သက်ပိုင်လေး ကို ဂရုစိုက်ပေးပါဦး သားရယ် အပြင်လဲမထွက်ထမင်းစားတာလဲမတွေ့ဘူး။ရန်ဖြစ်ထားကြပြန်ပြီးလားကွယ် "

သူများအမြင်မှာကိုယ်ကပဲအဆိုး။ ဓနလဲ စိတ်ထဲတော့မကောင်းမိပါ။ ကိုယ်တစ်ကယ်ပဲလွန်နေတာလား။သေချာတာတစ်ခုကခုရက်ပိုင်း ကောင်လေး ကိုမတွေ့ရ၍ သူမှာအဆင်မပြေ ။

*ကျစ်!!ဘာလဲကွာ စိတ်တွေရူပ်လိုက်တာ*

" ဘထွန်း ဆေးခန်းသွားဖို့ပြင်လိုက်ပါ "

သူစကားဖျက်ချပေ့မယ့် ဘထွန်းကမခံ။ ဓန နေရတာ အသက်ရူမ၀သလိုပင်ခံစားလာရသည်။

"လူကြီး တွေဖြစ်ခဲ့ ကြတဲ့ ပြသာနာမှာသက်ပိုင်လေးနဲ့မဆိုင်ပါဘူးကွယ်။ သူခင်များ ငယ်ငယ်လေး နဲ့ အမေရောအဖေရောစွန့်ပြစ်ခံရပြီး သားတို့ကိုပဲမှီခိုနေရရှာသူပါ။အခုလိုတွေ ဖြစ်သွားတော့ သူတော်တော် လေးခံစားသွာရရှာတာ ။ သားကြီး နိုင်ငံခြား ထွက်သွားတုန်းကဆို သားငယ်လေးကစကားလဲနည်း သွားသလိုအပြုံးရယ်ဆိုတာလဲမရှိတော့ဘူး။    သူ့ခင်မျာ ဖျားလို့ယောင်ရင်တောင် ကိုကို သားကိုမထားခဲ့ပါနဲ့လို့ယောင်ရှာတာ  "

"တော်ပါတော့ဗျာ..."

ဘထွန်း ပြောပြသမျှ နားထောင်ရင် သူစိတ်တွေ မွန်းကြပ်လာရသည်။
ဓန ပျော့ညံချင်နေသည့်စိတ်ကို ချက်ချင်း​ဖျောက်ဖို့ကြိုးစားရပြန်သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now