အပိုင်း(33)

17.6K 611 78
                                    


မြတ်မင်းထင် ခင်မျာ တစ်လမ်းလုံးစကားမပြောသူကြောင့် မျက်နှာငယ်နဲ့ လိုက်လာရရှာသည်။ ရှိန်း မျက်နှာကလိုတာထက်ပို၍တင်းမာနေကာ သူ့ကိုလဲအရမ်းစိတ်တိုနေသည့်ပုံမို့ စကားလဲစမပြောရဲသလိုဘာအပြစ်လုပ်ထားမိပါလဲသူမမေးရဲ။

သူကိုလေဆိပ်တွင် လာကြိုတယ်လဲ ပြောသေးသည် တစ်ယောက်ထဲ ထားကာ ပြေးထွက်သွားသည်။ သူ မှာမနဲမှီအောင်ပြေးလိုက်ခဲ့လို့ကားပေါ်ပါလာခဲ့ရသည်။

"Cow!  Cow လို့... "

"ခင်များ ပါးစပ်ကို ပိတ်ထားလို့ပြောနေတယ်နော်!! "

"ဘာလို့ စိတ်ဆိုးနေရတာလဲ Cow ....ရာ "

"ခင်များ ခင်များ! !!စောက်ခွက်မစုတ်ချင်ရင် ပါးစပ်ကိုပိတ်ထားနော်! "

ကိုထိုက် နောက်ခန်းတွင်ထိုင်နေသော ဆရာနဲ့ ဦးမြတ်မင်းထင် ကို ကြည့်ကာ ပြုံးစိစိဖြစ်နေတော့သည်။ လိုက်လဲ လိုက်တဲ့အတွဲ ပါပေ ။

"Cow...ကိုယ် ဘာလုပ်မိလို့လဲ ကွာ "

"ဦးမြတ်မင်းထင်! !!!!"

စူး၀ါးစွာထွက်ပေါ်လာတဲ့အသံ
ကြောင့် မြတ်မင်းထင် မှာ နေမထိထိုင်မသာ ။

"....."

"ခင်များ စောက်ပါးစပ် ထဟလာရင် ကားပေါ်ကနေ ကန်ချပြစ်မယ်"

"အို ငရဲတွေတော့ ကြီးကုန်တော့မှာပဲ Cow လေးရာ ပိတ်ထားဆိုပိတ်ထားပါ့မယ့် စိတ်ကိုတော့လျှော့ပါ နော်
Cow ....."

"တောက်!!!"

ရှိန်း ဆက်ပြောနေလဲ ပိုဒေါသထွက်မိရုံသာရှိသည်မို့ ကားကို အရှိန်တင်စေ ကာ အိမ်သို့ အမြန်မောင်းစေလိုက်သည်။   ပေါ်တီအောက် ရပ်ရပ်ချင်း ကားတံခါး ကို ဆောင့်ဖွင့်ကာ အိမ်ထဲသို့ ခြေလှမ်းကျဲ များဖြင့်ဝင်ရောက်ကာ ဆိုဖာပေါ်သို့ပစ်ထိုင်လိုက်သည်။

"ဟဲ့! သား ဘာဖြစ်လာတာလဲ မြတ်ကလေးရော သားသွားကြိုတာမဟုတ်လား "

"တော်စမ်းပါ.... ဘာမြတ်ကလေးလဲ မာမီနော် သူအသက်က မာမီထက် အလွန်ဆုံးငယ် ဆယ်နှစ်ပဲ "

"အော် ဒီကလေးနှယ် "

"မာမီ... "

ချွဲပြစ်စွာ ထွက်ပေါ်လာတဲ့ အသံ။

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now