17.7.2004.......
ဒီနေ့ဟာ ဓနဘုန်းအောင် ရဲ့ အသက်ဆယ်နှစ်နှစ်ပြည့်တဲ့နေ့လေးဖြစ်သည်။ဖေဖေရယ် ၊ မေမေရယ် သူရယ်နှစ်တိုင်းလိုလိုအတူဖြတ်သန်းနေကြ ပကာသန တွေမပါတဲ့ သူရဲ့မွေးနေ့လေး တဖန်ပြန်ရောက်လာခဲ့ပြီ။
မေမေ လက်နဲ့ကိုယ်တိုင်လုပ်ပေးတဲ့ ကိတ်လေးကို သူခွဲမယ်။ ဖေဖေနဲ့မေမေရဲ့ တောင်းဆုတွေသူဖြူစင်စွာရယူမယ်။ ရှေ့ဆက်ရမယ်နေ့ရက်များကို အကောင်းဆုံး ဖြတ်သန်းရင်း သူအသက်တစ်နှစ် ကြီးမယ်ဒီလောက်ပဲသူသိသည်။
ဖေဖေရောမေမေကပါ သူ့ကိုတစ်ဦးထဲသောသားလေးမို့ သိပ်ချစ်ကြသည်။ မေမေကဆိုသူ့ကိုထားစရာနေရာမရှိအောင်ချစ်သည်။အိမ်ထောင်ရှင်မကောင်း ပီသတဲ့ မေမေက သူ့အတွက်တော့ သက်ရှိဘုရားပါပဲ။ မေမေရဲ့ နှစ်တိုင်းဆုံးမနေကြစကားကတော့ ဘ၀ကိုယောကျ်ားကောင်းတစ်ယောက်အဖြစ် ဖြတ်သန်းသွားဖို့ဖြစ်သည်။
မေမေနဲ့ဖေဖေက ငါး နှစ်ကွာပါသည်။မိဘတွေပေးစားလို့လက်ထပ်ခဲ့ကြပေ့မယ့် မေမေက ဖေဖေကိုလိုတာထက်ပို၍ချစ်ရှာသည်။ အိမ်ထောင်မူ့တာဝန်ကိုလဲမလစ်ဟင်ရအောင်တာ၀န်ကျေသူဖြစ်သည်။
မေမေကသိပ်လှသလို အေးချမ်းကာ နန်းလဲဆန်သည်။ မေမေ့ကသူ့ဘ၀ရဲ့ဟီရိုးဖြစ်ကာ မေမေ့ရဲ့ဖြစ်တည်မူ့တိုင်းကိုသူသဘောကျ၍ကိုယ်သင်းရနံလေးကအစ သူသိပ်ကြိုက်သည်။
ဖေဖေကကလဲသူကိုချစ်သလိုမိသားစုအပေါ်တာဝန်ကျေသည့် အဖေ တစ်ယောက်လဲဖြစ်သည်။ အသောက်အစားလဲမရှိ စီးပွားရေးကိုလဲကြိုးစားလုပ်သည်။မေမေနဲ့တော့အရမ်းကြီးဖက်လှဲတကင်းတော့ မရှိ ဖေဖေက မေမေနဲ့ပတ်သတ်ရင်နဲနဲတော့အနေတည်သည်။
ဒီနေ့ ဖေဖေခရီးသွားတာငါးရက်ရှိခဲ့ပြီအခုချိန်ထိပြန်မလာသေး။ ညနေအရောက်ပြန်လာခဲ့မယ် သားကြီး ဆိုပြီး ဖေဖေ ဖုန်းဆက်ထား၍ သူ ခုချိန်ထိထိုင်စောင့်နေခဲ့သည်။
ဖေဖေကအမြဲ သား မဟုတ်လျှင် ဓနလေး ဟုသာခေါ်တတ်ပြီး ဒီနေ့မှ မခေါ်စဖူး သားကြီး လို့ခေါ်လိုက်သဖြင့် သူရင်ထဲတစ်မျိုးတော့ဖြစ်သွားခဲ့ရသည်။ သို့သော် ဒါတွေသူစိတ်ထဲမထား ဖေဖေအမြန်ပြန်လာဖို့သာ ကလေးပီပီသူမျှော်နေမိသည်။
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်