ကိုကို တစ်ဖြည်းဖြည်းသက်သာလာတာနဲ့ သက်ပိုင်သို့ ဆေးရုံ ဆင်းဖို့ ပြင်ကြသည်။အိမ်ကိုလဲ သိပ်လွမ်းနေမို့ သူပြန်ချင်နေပြီဖြစ်သည်။ ဒီဆေးရုံမှာ သူကြာကြာမနေလိုတော့ပါ။ ဒီအငွေ့သက်တွေ ဒီပတ်ဝန်းကျင် သူကြောက်မိသည်။
သူသာ တစ်ကယ် သေဆုံးသွားခဲ့ရင် ဒီမိသားစု ဒီအသိုက်မြုံနဲ့ သေချာပေါက်သူခွဲရမှာဆိုတဲ့ အတွေးနဲ့တင် ဓန မွန်းကြပ်လာသလို ခံစားလာရသည်။
"သားပါးပါး.."
"ဗျာ..... ကိုကို "
"သားရော.... "
"မှိုင်း ဆိုင်ကို ခေါ်သွားတယ် ကိုကို... ညနေလဲ ကိုကြီးရှိန်း ကခဏခေါ်သွား ပြီးမှ ပြန်ပို့မယ်တဲ့"
"သား လဲသနားပါတယ်ကွာ
ဒီမိဘတွေနားကပ်ရတယ်လို့ကိုမရှိဘူး""အမလေး..ကိုကိုသားကလေ အဲ့လို လမ်းသလားနေရမှာ ပျော်တာ။ ဘယ်သူတူလဲတော့မသိဘူး။ ကျွန်တော်နဲ့ မတူတာတော့ သေချာတယ် "
"အဲ့ဒါဆို ကိုယ်နဲ့တူတယ်လို့ သားရဲ့ပါးပါး ကပြောချင်တာလား "
"အဲ့ဒါတော့မသိဘူးလေ "
"ကိုယ်ဘယ်လောက်လိမ်မာခဲ့လဲ မင်း အသိဆုံးပါ "
"သူများတွေေအပေါ် ဟုတ်ချင်ဟုတ်မှာပေါ့ ကျွန်တော်အပေါ်တော့ မဟုတ်ပေါင် "
"ဟုတ်လို့လား ကလေးရဲ့ ကိုယ်မင်းအပေါ်ဆိုးတာ တစ်ချိန်ထဲပါ "
"ကိုကိုနော် ဆေးရုံမှာကို ဘာတွေ လာပြောနေတာလဲ "
"အဲ့ဆိုလဲအိမ်ရောက်မှ ပြောတော့မယ်"
"ဟာ ကိုကို နော်..."
ဟက်ဟက်ပက်ပက်ရယ်သွားသူက ကြည့်ကောင်းလွန်းလှသည် ။
"သားရဲ့ ပါးပါး"
ကိုကိုက သားမွေးပြီးနောက်ပိုင်းသူ့ကို သားရဲ့ပါးပါး လို့ အမြဲခေါ်လေ့ရှိတာ သူ သတိထားမိပေ့မယ့် အဲ့လိုလေး ခေါ်တာ သဘောကျမိတာမို့ ဘာမှမပြောဖြစ်။
"ဗျာ ကိုကို "
"ကိုယ်အနားလာပါဦးကွာ တစ်ကယ်ပဲအကပ်ကိုမခံတော့ဘူး"
YOU ARE READING
"အငြိုးတွေသာပြယ်စေသား"(Complete)
Romanceအငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်