အပိုင်း (7) 🌪️‼️

28.2K 951 56
                                    


         ပြသာနာဖြစ်ပြီးတဲ့နေ့ကစပြီး ကိုကို နဲ့သူ မျက်နှာချင်းဆိုင်မတွေ့ဖြစ်တော့တာဒီနေ့ဆိုသုံးရက်ခန့်ရှိခဲ့ပြီ။ သက်ပိုင် လဲနေ့စဥ် ကိုယ့်ဝတ္တရားကိုယ်လုပ်ကာကျောင်းသို့ပုံမှန်သွားသည်။ ကိုကိုကလဲ သူအလုပ်သူလုပ်သည်။တမင်ရှောင်နေတာမျိုး မဟုတ်ပေ့မယ့် တစ်အိမ်ထဲနေပြီး တမင်မတွေ့ တာမျိုးလဲဖြစ်နိုင်သည်။

သက်ပိုင် ကျောင်းကပြန်ရောက်ပြီးမကြာ ပျင်းသလိုရှိလာတာနဲ့ခြံထဲရှိမေမေချစ်တဲ့ ပန်းပင်လေး တွေ
ကိုရေလောင်းနေမိသည်။ထိုစဥ်
ကိုကို ကားဝင်လာတာမို့ သက်ပိုင် အလိုက်တသိ အိမ်ထဲ ဝင်လာခဲ့လိုက်သည် ။

"သက်ပိုင် ဟျောင့်!! သက်မင်းပိုင် "

ဓန တံခါး ကိုဒီလောက်တစ်ဒုန်းဒုန်းထုကာအော်ခေါ် နေတာတောင်ချက်ချင်းပွင့်မလာ၍ စိတ်ကတိုရပြန်သည်။

"ငါ ဒီလောက်ခေါ်နေတာ မကြားရအောင် မင်းဘာလုပ်နေတာလဲ  "

"သန့်စင်ခန်း၀င်နေလို့ပါ။ ဘာခိုင်းစရာရှိလို့လဲ  "

"မရှိဘူး!!"

"အော်...ဟုတ်"

သက်ပိုင် ပြန်လှည့်၀င်ရန်ပြင်လိုက်သည်။

ဓန စိတ်ဆိုးရခက်ရယ်ရခက်နဲ့မျက်မှောင်ကြုံလိုက်ပြီး ကောင်လေးရဲ့ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။

"ကျစ်!!ဒီည Dinner သွားစရာရှိလို့ မင်းလိုက်ခဲ့ "

ကိုကို စကားကြောင့် သက်ပိုင် ကြောင်ကြည့်လိုက်မိသည်။Company ပြန်လာခါစ ကိုကိုမျက်နှာက နဲနဲနွမ်းနေပေ့မယ့် ခန့်ညားနေဆဲပါ။ မျက်မှောင်အနည်းငယ်ကျုံထားတတ်တာကလွှဲရင် ကိုကို ကသူ့အတွက်ကြည့်ကောင်းလွန်းသည်။

"ဒါနဲ့ လူလိုသူလိုတော့ဝတ်ခဲ့နော်"

'ဘယ်သူက Dinner ပွဲလိုက်ပြီ သူတောင်းစား လို ဝတ်ခဲ့မှာလဲ အံသြပ '

သက်ပိုင် စိတ်ထဲကနေပြောလိုက်မိပေ့မယ့် အပြင်တော့ထုတ်မပြောဖြစ်။

နူတ်ခမ်းအနည်းငယ်စူသွားတဲ့ကောင်လေးမျက်နှာကို ကြည့်ကာ ဓန ရယ်ချင်လာတာမို့ တစ်ဖက်သို့လှည့်လိုက်သည်။ ချက်ချင်းပင်

"အငြိုးတွေသာပြယ်စေသား"(Complete) Where stories live. Discover now